ဒီရက်ထဲက မိုးကခပ်အေးအေးနဲ့ သွေးလေးတာကြောင့် မနက်ခင်းတွေဟာ နှေးနှေးကွေးကွေး ဖြစ်နေပါတယ်။ ဒီလို Lazy Morning တွေမှာ မနက်ခင်းအစကို ချစ်တင်းနှောခြင်းနဲ့ အစပြုမယ်ဆိုရင်တော့ အခုပြောပြမယ့် သိုင်းကွက်တွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ သာယာငြိမ့်ညောင်းမှုအပြည့်နဲ့ အေးအေးဆေးဆေး ချစ်ကြည်နူး တစ်တီတူး ရင်း ခံစားမှုတွေ အထွတ်အထိပ်ကို ရောက်နေစေဖို့ အကောင်းဆုံး သိုင်းကွက်အချို့ကို ပြောပြပေးပါမယ်။
(၁) Classic Spoon သိုင်းကွက်
Photo : Her Norm
မိုးအေးတဲ့ မနက်ခင်းတွေမှာ အိပ်ရာကနေ အတူတူ နိုးထလာချိန် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်နမ်းရှုံ့ရင်း ချစ်ကြည်နူး တစ်တီတူးဖို့အတွက် အကောင်းဆုံး သိုင်းကွက် ဖြစ်ပါတယ်။ Classic Spoon သိုင်းကွက်ဟာ ၂ ဦးသား အိပ်ရာထက်မှာပဲ လှဲလျောင်းရင်း ကွီးတို့ရဲ့ ပါတနာကို အနောက်ကနေ ရင်ခွင်ထဲပွေ့ဖက်ထားပြီး လှုပ်ရှားရမှာ ဖြစ်ပါတယ်။ ရာသီဥတုအေးတဲ့အချိန် သွေးလေးပြီး နှေးကွေးတဲ့ မနက်ခင်းတွေအတွက် ပြီးပြည့်စုံတဲ့ သိုင်းကွက်တစ်ခုပါပဲ။
(၂) Horizon သိုင်းကွက်
Photo : Curiosify
Horizon သိုင်းကွက်ဆိုတာ 69 ရဲ့ Super Sleepy ဗားရှင်း ဖြစ်ပါတယ်။ ပုံမှန် 69 သိုင်းကွက်လို ပက်လက်အနေအထားနဲ့ ကွီးတို့ ပါတနာကို အပေါ်ကနေ, နေစေပြီး ဆန့်ကျင်ဘက်လားရာသို့ မျက်နှာမူစေရမှာ မဟုတ်ပါဘူး။ အိပ်ရာထက်မှာပဲ သက်တောင့်သက်သာ ဘေးတစောင်း လှဲလျောင်းပြီး ဆန့်ကျင်ဘက် လားရာတွေဆီ ကိုယ်စီ မျက်နှာမူကာ သိုင်းကွက်ခင်းရမှာ ဖြစ်ပါတယ်။ Horizon သိုင်းကွက်က မိုးအေးတဲ့ မနက်ခင်းတွေမှာ ချစ်ကြည်နူး တစ်တီတူးဖို့အတွက် အကောင်းဆုံးပါပဲ။
(၃) Plain သိုင်းကွက်
Photo : Medical News Today
Plain သိုင်းကွက်ကတော့ ကွီးတို့ အိပ်ရာထဲမှာဖြစ်စေ ၊ ဆိုဖာပေါ်မှာဖြစ်စေ ချစ်ကြည်နူး တစ်တီတူးလို့ ရပါတယ်။ ကွီးတို့က ထိုင်လျက် အနေအထားနဲ့ပုံစံယူပြီး ကွီးတို့ရဲ့ ပါတနာကိုတော့ အပေါ်ကနေ,နေစေကာ မျက်နှာချင်းဆိုင် ဖြည်းဖြည်းနဲ့နှေးနှေး လှုပ်ရှားကစားရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်က သက်တောင့်သက်သာ ဖြစ်စေသလို ၂ ဦးသား ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ် ရှိစေတဲ့အတွက် ရင်းနှီးမှု ၊ နွေးထွေးမှုစတဲ့ ကြည်နူးဖွယ် ခံစားချက်တွေကိုလည်း ခံစားရစေမှာ ဖြစ်ပါတယ်။
Source : SheKnows
Featured Photo : The O Man