မိုးရာသီကို ရောက်လာပြီဆိုတော့ ကွီးတို့အနေနဲ့ နေ့စဉ်ဝတ်စားဆင်ယင်မှု ဖက်ရှင် ပိုင်းနဲ့ပတ်သတ်ပြီး စတင်ခေါင်းစားလာရပြီပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အပြင်ကို ပုံမှန်သွားနေရသူတွေအတွက်တော့ ကိုယ်က ဖက်ရှင်လန်းလန်းတွေ ကျွေးချင်ပေမယ့် ကောက်ကာငင်ကာ မိုးရွာချလိုက်လို့ ဝတ်ထားသမျှ ဖက်ရှင်တွေ ဂွမ်းသွားမှာကိုလည်း စိုးရိမ်ကြရတယ် မဟုတ်လား။ ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက် မိုးရာသီမှာ ဘယ်လိုဖက်ရှင်ပုံစံတွေ ဝတ်ဆင်ရမလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စိုတိစိုဖက် မိုးဦးကျ ရာသီမျိုးမှာ စတိုင်ကျကျနဲ့ အမှန်အကန်ရှိုးထုတ်နိုင်ဖို့ ကွီးတို့ သိထားသင့်တဲ့ ဖက်ရှင်အကြံပြုချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ချည်ထည်တွေကို ရွေးပါ
Photo : DMARGE
အခုလို မိုးဦးကျ ရာသီနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်ကတော့ ချည်ထည်တွေပါပဲ။ ချည်ထည်အင်္ကျီတွေက ပေါ့ပါးလွတ်လပ်ပြီး မတော်တဆ ရေစိုခဲ့ရင်တောင်မှ လျင်လျင်မြန်မြန် ပြန်ခြောက်နိုင်ပါတယ်။ နောက်ပြီး စိုထိုင်းထိုင်းရာသီဥတု အခြေအနေကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုပြဿနာနဲ့ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ခြင်းကိုလည်း တက်နိုင်သမျှ လျော့ချပေးနိုင်ပါတယ်။
(၂) Denim တွေကို ခေါက်သိမ်းထားလိုက်ပါ
Photo : Melvin & Hamilton
Jeans ချစ်သူတွေအနေနဲ့တော့ မိုးရာသီ အချိန်အတွင်းမှာ ကိုယ့်အကြိုက်ဆုံး Denim ထည်တွေကို ခဏလောက် မဝတ်ပဲ သိမ်းထားတာ ပိုကောင်းတဲ့ အကြံတစ်ခု ဖြစ်ပါလိမ့်မယ်။ ပုံမှန်ဆိုရင် Denim ထည်တွေက ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်တစ်ခုဆိုပေမယ့်လို့ မိုးစိုတဲ့အခါမှာတော့ ပြန်ခြောက်ဖို့ခက်ခဲသလို နေရတာလည်း လေးလေးလံလံကြီး ဖြစ်သွားတက်ပါတယ်။ ဆိုတော့ Denim အစား ခြောက်သွေ့လွယ်ပြီး ပေါ့ပါးတဲ့ Chinos တွေက မိုးရာသီအတွင်းမှာ ပိုမိုစမတ်ကျကျနဲ့ ကြည့်ကောင်းနေစေဖို့ ကူညီပေးနိုင်မှာပါ။
(၃) ဘောင်းဘီတိုတွေ ဝတ်ပါ
Photo : Mainline Menswear
ဘောင်းဘီတိုတွေက နွေရာသီအတွက် အသင့်တော်ဆုံး စူပါဖက်ရှင်တစ်ခုလို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် မိုးရာသီအတွက်လည်း ဘောင်းဘီတိုတွေရဲ့အသုံးဝင်မှုက အလွန်အရေးပါနေပါသေးတယ်။ ဘောင်းဘီတွေက လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာရှိတယ် ၊ ရိုးရှင်းပေမယ့် စတိုင်ကျတယ် ၊ မိုးရွာနေရင်တောင်မှ တော်ရုံစတိုင်မပျက်စေတဲ့ အမိုက်စားဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ ဘောင်းဘီတိုတွေကို ခပ်မိုက်မိုက် T-shirt တွေ ဒါမှမဟုတ် အရောင်ခပ်ဖျော့ဖျော့ Shirt အင်္ကျီတွေနဲ့ တွဲဝတ်ပြီး ဖက်ရှင် အကျဆုံး ရှိုးထုတ်နိုင်ပါတယ်။
(၃) Rain Jackets တွေဝတ်ဖို့ အချိန်ကောင်းပါ
Photo : New York Post
ထီးကိုင်ဖို့ ပျင်းတဲ့သူတွေအတွက်ကတော့ ရေစိုခံ Rain Jackets တွေ ရွေးချယ်နိုင်ပါတယ်။ Rain Jackets တွေက ရေစိုမိုးစိုဒဏ်ကို ကောင်းကောင်းခံနိုင်ပြီး သက်တောင့်သက်သာနဲ့ ဖက်ရှင်လည်း ကျစေပါတယ်။ မိုးထဲရေထဲမှာတောင် ဖက်ရှင် ကျမြဲတိုင်း ကျနေချင်ရင် Rain Jackets ကောင်းကောင်း တစ်ထည်ကတော့ မရှိမဖြစ် လိုအပ်ပါတယ်။
(၅) Water-Proof Shoes တွေ စီးပါ
Photo : Men’s Journal
မိုးရာသီမှာ ကွီးတို့အကြိုက်ဆုံး Sneakers တွေ ချစီးဖို့ဆိုတာကတော့ တော်တော်ကြီး စွန့်စားရာကျစေမှာပါ။ ဒီအစား လူငယ်ဆန်ဆန်နဲ့ ဖက်ရှင် လည်းကျစေမယ့် Water-Proof Shoes တွေကို ရွေးချယ်သင့်ပါတယ်။ ရေဘယ်လောက်စိုစို ပျက်စီးမှုမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ အထာကျစေမယ့် Flip-Flops ၊ Sandals နဲ့ Slides Shoes တွေကို ရွေးချယ်ဝတ်ဆင်တာ အကောင်းဆုံးပါပဲ။
Featured Photo : The Adult Man