ကွီးတို့ရဲ့ စကီလေးက ရာသီလာနေလို့ မီးနီ ဖြတ်မောင်းပြီး ချစ်တင်းနှော သင့်ရဲ့လားဆိုပြီး မေးခွန်းတွေနဲ့ ညစ်နေပါသလား။ တော်ကြာနေ မီးနီ ဖြတ်မောင်းပြီး ချစ်တင်းနှော မိပြန်ရင်လည်း သူ ရာသီလာတာတောင် အလွတ်မပေးပါလားလို့ အထင်ခံရနိုင်သလို၊ ချစ်တင်းမနှောပြန်ရင်လည်း ရာသီလာနေတဲ့အတွက်ကြောင့် သူ့ကို ရွံလို့ ချစ်တင်းမနှောတာ၊ သူ့ကို တကယ် မချစ်တာဆိုပြီးလည်း အထင်ခံရနိုင်ပါတယ်။ ကျွန်တော်တို့ ယောကျာ်းသားတို့ ဘဝမှာ ဘယ်လိုမှ အပြစ်မလွတ်နိုင်ပါဘူးဗျာ။

ဒါ့ကြောင့် အကောင်းဆုံးကတော့ ကွီးတို့ ရှော်တီလေးရဲ့ စိတ်ဆန္ဒကိုသာ ဦးစားပေးလိုက်ပါ။ ရှော်တီလေးက အင်း ဆို အင်း၊ ဟင်းအင်း ဆို ဟင်းအင်း စကား နားထောင်ဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ စိုးရိမ်နေတဲ့ အဓိကပြဿနာက မီးနီ ဖြတ်မောင်းသင့်လား မမောင်းသားလား ဆိုတာပဲ မဟုတ်လား

banana

အဖြေကတော့ မီးနီ ဖြတ်မောင်းလို့ရပါတယ်။ ဒါပေမဲ့ ကွီးတို့ နှစ်ယောက်မှာ တစ်ယောက်ယောက်က လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုခုကို ခံစားရနေတယ်ဆိုရင်တော့ ဦးထုပ်ဆောင်းပြီးမှ ချစ်တင်းနှောသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဝန်ရမှာကို စိတ်ပူတယ်ဆိုရင်လည်း ဦးထုပ်ဆောင်းသင့်ပါတယ်။

မီးနီ ဖြတ်မောင်းပြီး ချစ်တင်းနှော စဥ်မှာ ကွီးတို့ ရှော်တီက ကိုယ်ဝန်ရသွားနိုင်သလား

မီးနီ ချစ်တင်းနှော

ရာနှုန်းပြည့် မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဖြစ်တော့ ဖြစ်ခဲပါတယ်။ တကယ်လို့ ကွီးတို့က ကွီးတို့ ရှော်တီလေးရဲ့ ရာသီရက် နောက်ဆုံးရက်မှာ ချစ်တင်းနှောမိမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ များနေပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ သုတ်ပိုးက အထဲမှာ ၅ ရက်ကြာ အသက်ရှင်နေနိုင်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်အချရဆုံးကတော့ ကွန်ဒုံး အသုံးပြုတာပဲ ဖြစ်ပါတယ်။

မီးနီ ဖြတ်မောင်းပြီး ချစ်တင်းနှောမယ်ဆိုရင်လည်း ကွီးတို့အတွက် အကျိုးကျေးဇူးတချို့ရှိပါသေးတယ်။

မီးနီ ချစ်တင်းနှော

ကွီးတို့ ရှော်တီလေးဆီမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ကွီးတို့က သူ(မ) စိတ်ပါလာအောင် ခက်ခက်ခဲခဲ လုပ်ဆောင်နေစရာမလိုပါဘူး။ သူ(မ)ကပဲ အလွယ်တကူ စိတ်ပါလာမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာကျင်ရမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ(မ)ရဲ့ ရာသီသွေးက ချောဆီအဖြစ် လုပ်ဆောင်ပေးနေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရှော်တီလေးက ရာသီလာနေစဥ်အတွင်း နာကျင်ခြင်းကိုလည်း သိသိသာသာ မခံစားရတော့တာမျိုးလည်း ရှိပါတယ်။ ဒါတွေကတော့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။

ဆိုးကျိုးများရော မရှိတော့ဘူးလား

မီးနီ ချစ်တင်းနှော

ကောင်းကျိုးတွေလည်း ရှိသလို၊ ဆိုးကျိုးများလည်း ရှိပါသေးတယ်။ ဆိုးကျိုးတွေကတော့ သွေးမှတဆင့် ရောဂါပိုးများ အလွယ်တကူ ကူးစက်သွားနိုင်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ ရှော်တီလေးက Tampon ကို အသုံးပြုမယ်ဆိုရင် မီးနီ ဖြတ်မောင်းခင် Tampon ကို ဖယ်ထုတ်ရမှာပဲ ဖြစ်ပါတယ်။ ထို Tampon က ရာသီသွေးများ စုပ်ထားလိုက်မယ်ဆိုရင် ကွီးတို့ ရှော်တီလေးရဲ့ မိန်းမကိုယ်က ခြောက်သွားမှာဖြစ်ပြီး သဘာဝ ချောဆီတွေ ထွက်မှာ မဟုတ်ပါဘူး။ ဒါတွေကတော့ ဆိုးကျိုးတွေပါပဲ။

ဒါ့အပြင် ကွီးတို့ အိပ်ရာခင်းကို ပေမကျံစေချင်ဘူးဆိုရင် သဘက်တစ်ခု ခံထားပြီးမှသာ လွတ်လွတ်လပ်လပ် ချစ်တင်းနှော သင့်ပါတယ်။ နို့မဟုတ်ရင်တော့ ကွီးတို့ အိပ်ရာခင်းကို ပြန်လျော်နေရတာနဲ့ ပင်ပန်းရတာနဲ့ မကာမိဘဲ နေပါလိမ့်မယ်။

ကွီးတို့ရော မကြာခဏ မီးနီ ဖြတ်မောင်းပြီး ချစ်တင်းနှော လေ့ရှိပါသလား။ ကွီးတို့ရဲ့ ရှော်တီလေးကရော အသာတကြည် ခွင့်ပြုချက် ပေးရဲ့လား။

Source: Health.com

Featured Image: Goodto.com