တချို့ စုံတွဲတွေက မီးနီ ဖြတ် ပြီး ချစ်တင်းနှော ကြရတာကို ကြိုက်နှစ်သက်ကြပါတယ်။ သူတို့ ကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းကလည်း ခိုင်မာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မီးနီ ဖြတ် ပြီး ချစ်တင်းနှော နေချိန်မှာ အမျိုးသမီးတို့ရဲ့ ရာသီသွေးက သဘာဝ ချောဆီအဖြစ် လုပ်ဆောင်နေတာမို့လို့ နာကျင်မှု ပိုမိုသက်သာစေလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ချစ်တင်းနှော ချင်စိတ်ကိုလည်း ပိုမို မြင့်မားလာအောင် လှုံ့ဆော်ပေးလို့လည်း ပါပါတယ်။​ ဒါတင်မကသေးပါဘူး။ အမျိုးသမီးများဆိုရင် ထိုအချိန်မှာ ချစ်တင်းနှောတဲ့အခါ ဓမ္မတာကြောင့် နာကျင်ကိုက်ခဲခြင်းမှလည်း လျော့ချပေးနိုင်ပါသေးတယ်။

ကွီးတို့အနေနဲ့ ဒီလို မီးနီ ဖြတ် ပြီး ချစ်တင်းနှော တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ထိုအချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့ နှစ်ဦးသားစလုံးအတွက် အဆင်ပြေ ချောမွေ့နေမှာ အသေအချာပါပဲ။

ကွီးတို့ စကီလေးနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုပါ

couple in bed

သူ(မ)အနေနဲ့ ရာသီလာနေတဲ့အချိန်သည် အားနည်းပြီး နေမကောင်းဖြစ်နေတဲ့ အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ သူ(မ) ချစ်တင်းနှော ချင်ရဲ့လားဆိုတာကို သေချာ မေးဖို့ လိုအပ်ပါတယ်။ ကွီးတို့ရဲ့ ခံစားချက်ကိုလည်း ပြောပြမယ်၊ သူ(မ)ရဲ့ ခံစားချက်ကိုလည်း နားထောင်ခြင်းအားဖြင့် ကွီးတို့ရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင် ဖန်တီးနိုင်ပါတယ်။

အမျိုးသမီး လစဥ်သုံး ပစ္စည်းတွေ မိန်းမကိုယ်ထဲနေ ဖယ်ရှားဖို့ သတိပေးပါ

menstrual cup

သူ(မ)အနေနဲ့ မီးနီနေတဲ့အချိန်မှာ ချစ်တင်းနှောရတာ အဆင်ပြေတယ်ဆိုရင်တော့ အရင်ဦးဆုံး သူ(မ)ရဲ့ လစဥ်သုံး ပစ္စည်းတွေကို ဖယ်ရှားခိုင်းဖို့ သတိပေးရမယ့် တာဝန်က ကွီးတို့ တာဝန်ပါ။ တချို့အမျိုးသမီးတွေက လစဥ်သုံး ဂွမ်းကပ်တွေ အသုံးပြုပေမယ့် တချို့ကျတော့ Menstrual Cup (သို့) Tampon လို့ ခေါ်တဲ့ မိန်းမကိုယ်ထဲ ထည့်ရတဲ့ ပစ္စည်းများကို အသုံးပြုပြီး ရာသီသွေးကို စစ်ထုတ်ကြပါတယ်။ ကွီးတို့ ရှော်တီလေးက Menstrual Cup (သို့) Tampon များကို အသုံးပြုတယ်ဆိုရင်တော့ ချစ်တင်းမနှောခင်မှာ ဖယ်ရှားထားဖို့ သတိပေးလိုက်ပါ။

အရောင်ရင့်ရင့် သဘက်တစ်ထည် လိုအပ်ပါလိမ့်မယ်

မီးနီ ဖြတ် ချစ်တင်းနှော

မီးနီနေစဥ် ချစ်တင်းနှောမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိပ်ရာခင်းများက ပေပွနေတာမျိုးကို ချစ်တင်းနှောပြီးနောက်မှာ မြင်တွေ့ရပါလိမ့်မယ်။ အိပ်ရာခင်း တစ်ခုလုံးကို လျှော်ပစ်မယ့်အစား သဘက်တစ်ထည်လောက် အစားထိုးလိုက်မယ်ဆိုရင် ကွီးတို့ လူပင်ပန်းတာ သက်သာပါလိမ့်မယ်။ သဘက် ရွေးချယ်တဲ့အခါမှာလည်း အရောင်ရင့်တဲ့ သဘက်မျိုးကို ရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။

မီးနီနေတယ်ဆိုပြီး စိတ်မချလိုက်ပါနဲ့

မီးနီ ဖြတ် ချစ်တင်းနှော

မီးနီနေတဲ့ အချိန်မှာ ချစ်တင်းနှောရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ တရားသေ တွက်ထားတာမျိုးတွေ လုပ်လို့ မရပါဘူး။ တချို့အမျိုးသမီးများသည် ရာသီစက်ဝန်း မမှန်တာမျိုးတွေ ရှိပါတယ်။ ရာသီစက်ဝန်း မမှန်တာကို သွားပြီး တရားသေ တွက်ထားရင်တော့ ကွီးတို့ မစီစဥ်ထားဘဲ ကလေးရသွားတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ သုတ်ပိုးသည်လည်း မိန်းမကိုယ်ထဲမှာ ၅ ရက်ကြာအောင် ရှင်သန်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

ကူးစက်ရောဂါများအကြောင်းလည်း သတိရဖို့ လိုအပ်ပါတယ်

မီးနီ ဖြတ် ချစ်တင်းနှော

ကူးစက်ရောဂါများသည် သွေးကနေတဆင့် ကူးစက်တတ်တယ်ဆိုတာကိုလည်း ကွီးတို့ ကြားဖူးနားဝ ရှိပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ ရာသီသွေးကြောင့် ကူးစက်ရောဂါတွေ ပိုမိုကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် မီးနီနေချိန် ချစ်တင်းနှောမယ်ဆိုရင်လည်း ပုံမှန်အချိန်တွေလိုပဲ အကာအကွယ် အသုံးပြုဖို့ လိုအပ်ပါတယ်။​

ကွီးတို့ရော မီးနီနေချိန် ချစ်တင်းနှောရင် ဘယ်လိုအချက်တွေကို သတိထားလေ့ ရှိပါသလဲ။

Source: Cascocup

Featured Image: Mindbodygreen