စမတ်ဖုန်းတစ်လုံးဟာ ဘယ်လောက်ပဲ ကောင်းကောင်း ကြာလာရင် Performance ကျသွားနိုင်ပါတယ်။ ဖုန်းသုံးရ နှေးလို့ ဖုန်းသစ်ဝယ်တဲ့ ကိစ္စက လွယ်ပေမယ့် စရိတ်စက သိပ်ကြီးလှပါတယ်။ ဒီတော့ ဖုန်းသစ်မဝယ်ဘဲ ကိုယ်သုံးနေတဲ့ ဖုန်းလေးကို အသစ်လို ပြန်သွက်အောင် လုပ်နိုင်တဲ့ နည်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) Updates ပုံမှန်တင်ပါ
Photo : identityiq
ဖုန်းတစ်လုံးအတွက် ကြုံတတ်တဲ့ လုံခြုံရေးယိုပေါက် Bugs နဲ့ System Instability ပြဿနာတွေကို Operating System နဲ့ App Updates တွေက ရှင်းထုတ်နိုင်ပါတယ်။ Updates ပေးတာနဲ့ တင်ဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် ဖုန်းက Performance ပိုကောင်းသွားမှာပါ။
(၂) Apps တွေ အသုံးမလိုရင် ဖျက်ပစ်ပါ
Photo : macworld
အသုံးမလိုတဲ့ Apps တွေဟာ နောက်ခံ Background ကနေ Run တာကြောင့် ဖုန်း Resources တွေ သုံးပြီး ဖုန်းကို နှေးကွေးစေနိုင်ပါတယ်။ Home Screen သွားပြီး ဖုန်းထဲက လူသုံးနည်းတဲ့ Apps တွေ Uninstall လုပ်တာက လွယ်ပါတယ်။
(၃) သန့်ရှင်းရေး လုပ်ပါ
Photo : today
ဖုန်း Case တွေ ဖုန်း Screen နဲ့ အားသွင်းပေါက် ၊ နားကြပ်ပေါက်တွေ သန့်ရှင်းရေးလုပ်ခြင်းအားဖြင့် ဖုန်းသုံးချိန် Touch ထိတွေ့မှု တုံ့ပြန်ချက်ကျတာတွေကို ရှင်းထုတ်နိုင်ပါတယ်။ ဖုန်းကို အမြဲသန့်သန့်ရှင်းရှင်းထားတာ ကျန်းမာရေးအတွက်လည်း အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။
(၄) ဖုန်းအလွန်အကျွံမသုံးပါနဲ့
Photo : theladders
ဖုန်းကို ဘက်ထရီပူလောက်အောင် သုံးတာမျိုး ရှောင်ပါ။ ဒါက ဖုန်းဘက်ထရီသက်တမ်းကျစေသလို ဖုန်းအပူလွန်ကဲပြီး ဖုန်းစွမ်းဆောင်ရည်ပါ ထိခိုက်စေနိုင်ပါတယ်။
(၅) ဘက်ထရီလဲပေးပါ
Photo : mobilefun
ဖုန်းသစ်ဝယ်မယ့်အစား ဘက်ထရီအားမခံတဲ့ ဖုန်းကို ဘက်ထရီသစ် ထည့်ပြီး သုံးတာက အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဖုန်းတစ်လုံးကိုလည်း နောက် ၁ နှစ် ၂ နှစ် တိုးပြီး ကိုင်လို့ ရနိုင်စေမှာပါ။
Featured Photo : today