အသက်ကြီးပေမယ့် ရုပ်ကလေး ကြည်ကြည်လင်လင်နဲ့ နေချင်ကြမှာပါ။ များသောအားဖြင့် အမျိုးသားတွေဟာ ခန္ဓာကိုယ်ပေါ်က အရေပြားကိစ္စကို ခေါင်းရှုပ်မခံချင်ကြပါဘူး။ ဒီတော့ နေ့တိုင်းလည်း လုပ်လို့ရပြီး ရိုးရှင်းလွယ်ကူတဲ့ Skin Care အကျင့်လေးတွေကို ညွှန်းပေးလိုက်ပါတယ်။
(၁) ပုံမှန်မျက်နှာသစ်ပါ

Photo: foreo
မျက်နှာကို ဘယ်အချိန်သစ်ရမလဲဆိုရင် မနက် အိပ်ရာထချိန်နဲ့ ညဘက်အိပ်ရာဝင်ချိန်နှစ်ချိန်စလုံး သစ်ရမယ်လို့ ဆိုချင်ပါတယ်။ မနက်ပိုင်းမှာ မျက်နှာသစ်ဆေးနဲ့ သစ်လိုက်တာဟာ အရေပြားပေါ်က ရင့်ရော်နေတာတွေနဲ့ မသန့်ရှင်းတဲ့ အညစ်အကြေးတွေ သန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။ အိပ်ရာမဝင်ခင် ညဘက် မျက်နှာသစ်တာကတော့ အဆီပြန်ခြင်းကနေ ကာကွယ်ပြီး မျက်နှာမှာ ဘက်တီးရီးယားတွေ တွယ်ကပ်မှုကို ရှင်းထုတ်နိုင်တာ ကြောင့် ဖြစ်ပါတယ်။
(၂) Face Scrub သုံးပါ

Photo: beautybridge
အသားအရေအမျိုးအစားကို လိုက်ပြီး တစ်ပတ်မှာ အနည်းဆုံး ၁ ကြိမ်ကနေ ၃ ကြိမ်အထိ မျက်နှာသန့်စင်ပြီးတာနဲ့ မျက်နှာချေးချွတ်မှု လုပ်နိုင်ပါတယ်။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေကတော့ Face Scrub ကို ပိုလုပ်ပေးဖို့ လိုပြီး ခြောက်သွေ့ပြီး Sensitive ဖြစ်လွယ်တဲ့ မျက်နှာပိုင်ရှင်တွေက တစ်ပတ် ၁ ခါလောက်ဆို ရပါတယ်။မျက်နှာချေးချွတ်သန့်စင်မှု လုပ်တာဟာ အရေပြားဆဲလ်သေတွေ ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေ ဖန်တီးပေးပါတယ်။ အရေပြားကိုလည်း ပိုမိုကျန်းမာစိုပြေစိုအောင် ကူညီပေးနိုင်ပါတယ်။ မုတ်ဆိတ်မရိတ်ခင် မျက်နှာချေးချွတ်တာဟာ အပိန့်ထွက်တာနဲ့ မုတ်ဆိတ်/နှုတ်ခမ်းမွေးမပေါက်ဘဲ ကျန်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။
(၃) မျက်နှာအစိုထိန်းပါ

Photo: Forbes
မျက်နှာသစ်တာလိုပဲ မျက်နှာအစိုဓါတ်ထိန်းတဲ့ ကိစ္စကို နေ့ရောညပါ လုပ်ပေးသင့်ပါတယ်။ မျက်နှာအစိုဓါတ်ထိန်းတယ်ဆိုတဲ့အတိုင်း အရေပြားကို Face Moisturiser သုတ်လိမ်းတာပဲ ဖြစ်ပါတယ်။ မျက်နှာအစိုဓါတ်ထိန်းတာာ အသားအရေ တင်းရင်းစေပြီး မျက်နှာခြောက်တာ ၊ အသားအရေ ရင့်ရော်တာတွေ ကာကွယ်နိုင်ပါတယ်။
(၄) Sunscreen သုံးပါ

Photo: Stuff
မျက်နှာရင့်ရော်တာ ကာကွယ်ဖို့ နေရောင်အောက်မှာ မိနစ် ၃၀ ထက် ကြာအောင် မနေသင့်ပါဘူး။ တကယ်လို့ မိနစ်သုံးဆယ်ထက် ကြာနိုင်တယ်ဆိုရင် နေရောင်ထိတွေ့တဲ့ နေရာတိုင်းကို SPF 15 အနည်းဆုံးရှိတဲ့ နေလောင်ကာခရမ်သုံးပါ။
အိပ်ရေးပျက်တဲ့အခါ တွေ့ရတတ်တဲ့ မျက်အိတ်ကျတာ ၊ မျက်ကွင်းညိုတာတွေကလည်း သင့်ကို ရုပ်ရင့်စေပါတယ်။ ညအိပ်ရာဝင်ချိန် Anti-Aging Cream သုံးတာဟာ မျက်အိတ်ကျတာကို သက်သာစေပြီး ပိုလို့ နုပျိုစေနိုင်ပါတယ်။
အခုပြောခဲ့တာတွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင် မျက်နှာကို Cleanser နဲ့ ပုံမှန်သစ်ပါ။ Face Scrub ကိုလည်း တစ်ခါတစ်ရံ လုပ်ပေးနိုင်ပါတယ်။ မျက်နှာကို ခြောက်သွေ့အောင်ထားပြီး Facial Moisturizer လိမ်းပါ။ အပြင်နေပူထဲမှာ မိနစ် ၃၀ နဲ့အထက် ကြာအောင် သွားရတိုင်း Sunscreen လိမ်းပါ။ ဒီနည်းလမ်းတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင် အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်။
