မျက်နှာလေးက ကြည့်လိုက်တာနဲ့ ဖြူဝင်းချောမွတ်ပြီး ကြည့်ကောင်းနေချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ မျက်နှာ အသားအရေကို ပုံမှန် ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်သလို ကျန်းမာတဲ့ လူနေမှုပုံစံကိုလည်း ထိန်းထားရမှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေက ကြည်လင်ပြီး ဝင်းပနေခြင်းဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်ပါ ဆွဲဆောင်မှုတစ်ခု ဖြစ်တာကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ မျက်နှာ အသားအရေ ကို သဘာဝအတိုင်း ကောင်းလာစေဖို့ အရိုးရှင်းဆုံး နည်းလမ်း ၅ ခုကို ပြောပြပေးချင်ပါတယ်။
(၁) ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
Photo : iStock
အသားအရေကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးပြီး အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို တိုက်ဖျက်ပေးမယ့် နည်းလမ်းများစွာရှိတဲ့အထဲက အလွယ်ကူအရိုးရှင်းဆုံး နည်းလမ်းတစ်ခုကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေးတာပဲ ဖြစ်ပါတယ်။ သင် စားလိုက်တဲ့ အစားအစာတွေက အရေပြားပေါ်တင်တဲ့ Skincare ထုတ်ကုန်တွေလိုပဲ အရေးကြီးပါတယ်။ အစားအစာက အရေပြား ကျန်းမာရေးကို မြှင့်တင်ပေးပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ သရက်သီး ၊ ခရမ်းချဉ်သီး ၊ သံလွင်သီး ၊ အမဲရောင် ချောကလက် ၊ လက်ဖက်စိမ်း ၊ ကိုက်လံ ၊ ပဲပိစပ် စတဲ့ Skin-Healthy Foods တွေကို ကိုယ့်ရဲ့ တစ်နေ့တာ အစားအစာတွေထဲမှာ မပါမဖြစ် ထည့်စားပေးဖို့ လိုပါတယ်။
(၂) စိတ်ဖိစီးမှု လျော့ချပါ
Photo : iStock
အရေကြီးတဲ့ ပွဲအခမ်းအနားတစ်ခု မတက်ခင်ဆိုရင် မျက်နှာပေါ်မှာ ဝက်ခြံတွေ ထွက်လာတာကို သတိပြုမိမယ်ထင်ပါတယ်။ ဒါဟာ စိတ်လှုပ်ရှားမှုနဲ့ ဖိအားတစ်ချို့ကြောင့် ဝက်ခြံတွေ ဖြစ်ပေါ်လာရတာပါ။ သိပ္ပံပညာရှင်တွေကတော့ စိတ်ဖိစီးမှုအဆင့်နဲ့ အရေပြားဆိုင်ရာပြဿနာတွေကြားမှာ ဆက်စပ်မှုအချို့ရှိတယ်လို့ ဆိုထားပါတယ်။ လေ့လာမှုတစ်ခုအရ စိတ်ဖိစီးမှုများတဲ့ ကောလိပ်ကျောင်းသားတွေနဲ့ လုပ်ငန်းခွင်ဝင်သူတွေမှာ အရေပြားဆိုင်ရာပြဿနာတွေအများဆုံး ကြုံတွေ့ကြရပါတယ်။ စိတ်ဖိစီးမှုတွေဟာ မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အဆီထုတ်လုပ်မှုကို တိုးစေတာကြောင့် ဝက်ခြံများဖြစ်ပေါ်စေတဲ့အပြင် အရွယ်ကျကာ အိုမင်းရင့်ရော်ခြင်းကိုလည်း မြန်ဆန်လာစေမှာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက အသားအရေ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတာကြောင့် စိတ်ဖိစီးမှုတွေကို အတက်နိုင်ဆုံး လျော့ချနိုင်ဖို့ ထိုက်ချိ ကစားခြင်း ၊ တရားထိုင်းခြင်းနဲ့ ယောဂ ကစားခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။
(၃) အရေပြားအတွင်းပိုင်းကို အစိုဓာတ်ထိန်းပါ
Photo : iStock
အသားအရေရဲ့ အတွင်းပိုင်းအလွှာအထိ အစိုဓာတ်ထိန်းထားပေးခြင်းဟာ ကျန်းမာနုပျိုပြီး ကြည်လင်ဝင်းမွတ်တဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ အသားအရေ အစိုဓာတ် ပြည့်ဝနေစေဖို့ လိုက်နာရမယ့် အခြေခံ အချက်လေးတွေ ရှိပါတယ်။
- တစ်နေ့လျှင် ၅ မိနစ်မှ ၁၀ မိနစ်အထိ ရေချိုးပါ။
- ရေပူအစား ကြက်သီးနွေးရေကို အသုံးပြုပါ။
- အပြင်းစား ဆပ်ပြာတွေအစား အားပျော့ပြီး အမွှေးရနံ့တွေမပါဝင်တဲ့ သဘာဝ မျက်နှာသန့်စင်ဆေးကို အသုံးပြုပါ။
- သန့်စင်ပြီး နူးညံ့တဲ့ မျက်နှာသုတ်ပုဝါ သုံးပါ။
- မျက်နှာသစ်ပြီး မိနစ်ပိုင်းအတွင်း အစိုဓာတ်ထိန်းခရမ်င် လိမ်းပေးပါ။
- ဝက်ခြံတွေကို ကုတ်တာ ဖဲ့တာမျိုးလုံးဝ မလုပ်ပါနဲ့။
- ရေနဲ့ အရည်ရွမ်းတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေ များများစားပေးပါ။
(၄) ဆေးလိပ်ဖြတ်ပါ
Photo : iStock
ဈေးကြီးတဲ့ Skincare ထုတ်ကုန်တွေ သုံးပေမယ့် ဆေးလိပ်သောက်နေရင်တော့ အလကားပါပဲ။ ဆေးလိပ်သောက်တာက မျက်နှာအရေပြားပေါ်က သွေးကြောတွေကို ပိတ်စေပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ လုံထောက်စွာထောက်ပံ့ မပေးနိုင်တာကြောင့် အသားအရေကို ကြမ်းတမ်းပျက်စီးစေကာ အိုမင်းရင့်ရော်မှုကိုလည်း မြန်ဆန်လာစေမှာပဲ ဖြစ်ပါတယ်။ နောက် ပြီး အရေပြားပေါ်က ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း လျော့နည်းစေပြီး အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကိုလည်း အားလျော့စေကာ မျက်နှာပေါ်မှာ အရေးအကြောင်းတွေကို ဖြစ်ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကို ချစ်မြတ်နိုးတယ် ၊ နုပျိုကျန်းမာတဲ့ အသားအရေ ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ဖို့ လိုပါလိမ့်မယ်။
(၅) အိပ်ရေးဝဝ အိပ်စက်ပါ
Photo : iStock
အသားအရေ ကောင်းမွန်နေသူတိုင်းဟာ အိပ်စက်ခြင်းအလေ့အထကို အလေးထားပြီး ညစဉ်အိပ်ရေးဝဝ အိပ်စက်လေ့ ရှိကြပါတယ်။ National Sleep Foundation က အကြံပြုချက်အရ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီမှ ၉ နာရီအတွင်း ပြည့်ဝစွာ အိပ်စက်အနားယူဖို့ လိုတယ်လို့ ဆိုထားပါတယ်။ အိပ်ရေးဝဝအိပ်စက်တဲ့အခါ မျက်လုံးတစ်ဝိုက်က အမဲစက်နဲ့ အသားအရေမညီညာခြင်းတွေကို လျော့ချပေးပြီး အသားအရေကို သဘာဝအတိုင်း ကျန်းမာနုပျိုလာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး သင့်ခန္ဓာကိုယ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာ အရေပြားဆဲလ်အသစ်တွေကို ပြန်လည်မွေးထုတ်ပေးပါတယ်။ လုံလောက်တဲ့ အိပ်စက်ခြင်းမရှိပါက ခန္ဓာကိုယ်ကနေ ကော်လာဂျင်အသစ် မထုတ်လုပ်နိုင်တော့ပဲ အသားအရေ ကို လျော့ရဲ ပျက်စီးလာစေမှာ ဖြစ်ပါတယ်။ တာနာရှည် အိပ်ရေးပျက်ခြင်းဟာ အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေတဲ့အပြင် အဝလွန်ခြင်း ၊ ကိုယ်ခံအားလျော့ကျခြင်း ၊ ဆီးချို ၊ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာ ၊ ကင်ဆာရောဂါတွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့် ကျန်းမာလန်းဆန်းပြီး နုပျိုလှပတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ အိပ်ရေးဝဝအိပ်စက်အနားယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
Featured Photo : iStock