Skincare အဆင့်တွေမှာ Facial Cleanser အသုံးပြုဟာ နံပါတ်တစ် အရေးကြီးဆုံး အချက်တစ်ခုပါ။ မျက်နှာပေါ်က ဖုန်နဲ့အဆီတွေ ၊ အညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားသန့်စင်စေဖို့ မှန်ကန်တဲ့ မျက်နှာသစ်ဆေး ရွေးချယ်မှု ရှိမှရပါမယ်။ မျက်နှာသစ်ဆေးလို့ ပြောရာမှာ ကြုံရာ Facial Cleanser တွေကို သုံးလို့ မရပါဘူး။ ကိုယ့်ရဲ့အသားအရေ အမျိုးအစားအလိုက် ကိုက်ညီမှု ရှိတဲ့ မျက်နှာသစ်ဆေး အမျိုးအစားကို သေချာလေး ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Facial Cleanser တွေ ဘယ်လိုရွေးရမလဲဆိုတာ မသိသေးတဲ့ ကွီးတို့အတွက် ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီတဲ့ အမျိုးအစားကို ရွေးတက်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးပါမယ်။

(၁) အဆီပြန်တဲ့ အသားအရေ (Oily Skin)

Oily Skin

Photo : Tiege Hanley

အဆီပြန်တဲ့ အသားအရေ ဟာ ၊ မျိုးရိုးဗီဇ ၊ ဟော်မုန်းအပြောင်းအလဲ ၊ စိုထိုင်းဆနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဆီပြန်တဲ့ Oily Skin ပိုင်ရှင် ကွီးတို့အနေနဲ့ Gel-Based ဒါမှမဟုတ် Foaming Formula မျက်နှာသစ်ဆေး အမျိုးအစားတွေကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အပြင်းစား မျက်နှာသစ်ဆေးတွေ မျက်နှာအရေပြားကနေ အဆီထွက်ဖို့ ပိုမိုလှုံ့ဆော်ပေးတာကြောင့် Harsh Cleanser တွေကိုရှောင်ပြီး အပျော့စား Mild (Gentle Formula) ဆပ်ပြာအမျိုးအစားတွေကို ရွေးချယ် အသုံးပြုသင့်တာ ဖြစ်ပါတယ်။

(၂) ခြောက်သွေ့တဲ့ အသားအရေ သို့မဟုတ် ထိရှလွယ်တဲ့ အသားအရေ (Dry Or Sensitive Skin)

Dry or Sensitive Skin

Photo : Medium

ခြောက်သွေ့တဲ့ အသားအရေ (Dry Skin) နဲ့ ထိရှလွယ်တဲ့ အသားအရေ (Sensitive Skin) အမျိုးအစား ၂ ခုဟာ တူညီပါတယ်။ Dry Skin အသားအရေ ပိုင်ရှင်တွေဟာ အရေပြားပေါ်က အဆီ သို့မဟုတ် ရေဓာတ် အလွန်အကျွံ ဆုံးရှုံးမှုရှိပြီး Sensitive Skin သမားတွေကတော့ ဓာတ်မတည့်မှု ၊ ပြင်ပယားယံတွေကို ကြုံတွေ့ရလေ့ ရှိပါတယ်။ အဆိုပါ အသားအရေ အမျိုးအစား နှစ်ခုလုံးအတွက် သင့်လျော်တဲ့ မျက်နှာသစ်ဆေးကတော့ နူးညံ့ပျော့ပျောင်းတဲ့ Mild ဆပ်ပြာအမျိုးအစားပါ။ အဓိကအားဖြင့် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးမယ့် Hyaluronic Acid နဲ့ အသားအရေ ဓာတ်မတည့်မှုဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ Niacinamide ကဲ့သို့ ပါဝင်ပစ္စည်းတွေ ပါတဲ့ မျက်နှာသစ်ဆေး အမျိုးအစားတွေကို ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က Texture ပိုင်းပါ။ မနက်ရော ညပါ နေ့စဉ်အသုံးပြုမှာ ဖြစ်တဲ့အတွက် Texture နူးညံ့ချောမွေ့တဲ့ မျက်နှာသစ်ဆေးအမျိုးစားကို ရွေးချယ်သင့်ပါတယ်။

(၃) ပေါင်းစပ် အသားအရေ (Combination Skin)

Combination Skin

Photo : Brickell Men’s Products

မျက်နှာပြင် တစ်ခုတည်းမှာပဲ ဥပမာ နှာခေါင်း ၊ နဖူးနဲ့ လည်ပင်းနေရာတွေက ခြောက်သွေ့ပြီး ကျန်အရေပြား ဧရိယာက အဆီပြန်နေတယ်ဆိုရင်တော့ ဒါကို ပေါင်းစပ်အသားအရေ (Combination Skin) လို့ သတ်မှတ်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင်တွေဟာ ချွေးပေါက်ကျယ်ခြင်း ၊ အမည်းစက်နဲ့ အဆီတဝင်းဝင်းထခြင်း စတဲ့ ပြဿနာတွေ အများဆုံး ကြုံရလေ့ ရှိပါတယ်။ သတင်းကောင်းကတော့ ဒီလို အသားအရေဆိုင်ရာ ပြဿနာတွေ အားလုံးကို ဖြေရှင်းပေးနိုင်တဲ့ Combination Skin သမားတွေ ရွေးချယ်ရမယ့် မျက်နှာသစ်ဆေး အမျိုးအစားကတော့ Ceramide-Infused Formula Cleanser တွေပါပဲ။ Ceramide Foaming Cleanser တွေဟာ မျက်နှာအရေပြားရဲ့ ခြောက်သွေ့မှုနဲ့ အဆီပြန်ခြင်းတွေကို ဟန်ချက်ညီညီ ထိန်းညှိပေးနိုင်ပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးပါတယ်။

(၄) ဝက်ခြံ အသားအရေ (Acne-Prone Skin)

Acne-Prone Skin
Photo : Stryx

ဝက်ခြံဆိုတာ ဆယ်ကျော်သက်အရွယ်မှာပဲ ကြုံရတဲ့ အသားအရေဆိုင်ရာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်က စပြီး လူငယ်လတ်ပိုင်း ၊ လူကြီးပိုင်းရောက်တဲ့ အထိကြုံတွေ့ရနိုင်တဲ့ အဖြစ်အများဆုံး အသားအရေ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဝက်ခြံထွက်တဲ့ အသားအရေပိုင်ရှင် ကွီးတို့အတွက် အကောင်းဆုံး မျက်နှာသစ်ဆေးကတော့ နူးညံ့ပြီး ထိရောက်မှုတဲ့ အမျိုးအစားဖြစ်ဖို့ လိုအပ်ပါတယ်။ Acne Foaming Cream Cleanser တွေ ရွေးချယ်တဲ့ အခါ Benzoyl Peroxide ၄ ရာခိုင်နှုန်း ပါဝင်ပြီး Hyaluronic Acid ၊ Niacinamide နဲ့ Ceramides တို့ ပါတဲ့ အမျိုးအစားတွေကို ရွေးချယ်သုံးသင့်ပါတယ်။ အဆိုပါ ဝက်ခြံအတွက် မျက်နှာသစ်ဆေးတွေဟာ အသားအရေ ခြောက်သွေ့ယားယံခြင်း ၊ နီးမြန်းခြင်းတွေ မဖြစ်စေပဲ ဝက်ခြံတွေကို ထိထိရောက်ရောက် လျော့ပါးသက်သာအောင် ကူညီပေးနိုင်စွမ်း ရှိပါတယ်။

Source : CeraVe

Featured Photo : Robb Report