အမျိုးသားမျိုးပွားမှုစနစ်က ခန္ဓာကိုယ်၏ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် မျိုးပွားမှုစနစ်ကို ကျန်းမာစေရန် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အမျိုးသားများအနေနဲ့ အိမ်ထောင်ပြုတဲ့အခါ မိမိကိုယ်တိုင်နဲ့ မိသားစုဘဝပျော်ရွှင်ဖို့အတွက် လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး တစ်နည်းအားဖြင့် မျိုးပွားအင်္ဂါစနစ် ကျန်းမာ ရေးအတွက် လေ့လာထားဖို့ လိုအပ်ပါတယ်။ မျိုးပွားမှုစနစ်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှုက အစားအသောက်၊ နေထိုင်မှုပုံစံ၊ ဆေးဘက်ဆိုင်ရာ အခြေအနေများ၊ လုပ်ငန်းခွင်ထိတွေ့မှုများနှင့် အခြားအချက်များစွာပေါ်တွင် မူတည်ပါတယ်။

Photo : The Irish Sun
သို့သော်လည်း အမျိုးသားအများအပြားက ၎င်းတို့ရဲ့ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို မကြာခဏ မေ့ထားလေ့ရှိကြပါတယ်။ အကျိုးဆက်အနေဖြင့် များပြားသော နောက်ဆက်တွဲများနှင့် ရောဂါများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစနစ် ကျန်းမာ စွာ အလုပ်လုပ်နိုင်ဖို့အောင် လုပ်ဆောင်သင့်တဲ့ လွယ်ကူပြီး လက်တွေ့ကျတဲ့ အကြံပြုချက် အချို့ကို ဖော်ပြပေးချင်ပါတယ်။
ဘေးကင်းလုံခြုံသော လိင်ဆက်ဆံခြင်းကို အလေးထားပါ

Photo : Health
လူငယ်တော်တော်များများက လိင်ပိုင်းဆိုင်ရာတက်ကြွနေပြီး အကာအကွယ်မဲ့ ပျော်ပါးမိတတ်ပါတယ်။ ဒီလို ပျော်ပါးမိခြင်းရဲ့ အကျိုးဆက်အနေနဲ့ HIV နှင့် အခြားလိင်မှတဆင့် ကူးစက်သောရောဂါများ (STDs) ဖြစ်ပွားနိုင်ခြေမြင့်မားပါတယ်။ ဒါကြောင့် ပုံမှန်စစ်ဆေးမှုခံယူရန် အရေးကြီး ပါတယ်။ STDs ကူးစက်ခံရနိုင်ခြေကို လျှော့ချရန် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများတွင် အကာအကွယ်ဖြင့် လိင်ဆက်ဆံပါ။ ဖြစ်နိုင်ရင် မိမိအိမ်ထောင်ဖက်မှ အပ အခြားသူများနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ပါ။
တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးဂရုပြုပါ

Photo : Lakshmi Crackers
ဒီအချက်က လိုက်နာဆောင်ရွက်ဖို့ ရိုးရှင်းပါတယ်။ လိင်အင်္ဂါအတွင်း ပိုးမွှားများနှင့် ရောဂါပိုးများ စုပုံလာခြင်းကနေ ကာကွယ်ဖို့အတွက် နေ့စဉ် လိင်အင်္ဂါကို ပုံမှန်ဆေးကြောပါ။ သန့်ရှင်းစင်ကြယ်တဲ့ အတွင်းခံများကို ဝတ်ဆင်အသုံးပြုပါ။
ကျန်းမာသောလူနေမှုပုံစံကို ထိန်းသိမ်းပါ

Photo : Gym Rat
ကျန်းမာသော အစားအသောက်နဲ့ ပုံမှန် လေ့ကျင့်ခန်းများက ကွီးတို့ရဲ့ မျိုးပွားအင်္ဂါစနစ် ကျန်းမာ ရေး ကို အလွန်အထောက်အကူပြုကြောင်းနဲ့ အရေးကြီးကြောင်း နားလည်လက်ခံဖို့ လိုပါတယ်။ အဆီပါဝင်မှုနည်းပြီး အာဟာရဓာတ်များ ကြွယ်ဝသော အစားအစာကို စားသုံးခြင်း၊ ပုံမှန်ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်းက ကွီးတို့ရဲ့ မျိုးပွားမှုစနစ် အလုပ်စွမ်းဆောင်ရည် အမြင့်မားဆုံး ရရှိနိုင်တဲ့ အပြင် အိပ်ရာပေါ်မှာ စိတ်ကျေနပ်မှု အပြည့်အဝ ရစေဖို့လည်း အထောက်အကူ ဖြစ်စေပါသည်။ အစားအသောက်အသစ်နှင့် လေ့ကျင့်ခန်းအစီအစဉ်မစတင်မီ ဘယ်လို အစား အသောက်နဲ့ လေ့ကျင့်ခန်းမျိုးက ကွီးတို့နဲ့ သင့်တော်သလဲဆိုတာ ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပါ။
ရေများများသောက်ပါ

Photo : Insider
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ရေများများသောက်ဖို့ပါပဲ။ ရေကကျောက်ကပ်မှ အဆိပ် အတောက်များကို ဆီးမှတစ်ဆင့် ဖယ်ရှားပေးပါတယ်။ ရေအလုံအလောက်သောက်တဲ့အခါ ဆီးက အရောင်ဖျော့ပြီး အနံ့မရှိလို့ လွတ်လွတ်လပ်လပ်နဲ့ စိတ်ကို ပေါ့ပါးစေပါတယ်။ ရေဓာတ် မလုံလောက် တဲ့အခါ သွေးစေးပြစ်ပြီး ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ

Photo : Brain Blogger
ဆေးလိပ်သောက်ခြင်းက အမျိုးသားများတွင် လိင်အင်္ဂါ ချို့ယွင်းမှုကို ဖြစ်စေသော အဓိကအကြောင်းရင်းထဲက တစ်ခုဖြစ်တယ်လို့ ဆရာဝန်အများစုက သဘောတူလက်ခံကြပါတယ်။ ယခင်က လေ့လာမှုများအရ အမျိုးသားအများစုမှာ တွေ့ရတဲ့ လိင်အင်္ဂါဆိုင်ရာ ကမောက်ကမဖြစ်မှုကို ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ ဆေးလိပ်သောက်ခြင်းက လိင်ဆက်ဆံစဉ် အတွင်း လိင်တံသို့သွေးပို့ရန် သွေးကြောငယ်များကို ပိတ်ဆို့စေပါတယ်။ ဒါကြောင့် မျိုးပွားမှု ကျန်းမာရေး ကို ထိန်းသိမ်းဖို့ ဆေးလိပ်ဖြတ်ပါ။
ဆရာဝန်နှင့် သွားရောက်ဆွေးနွေးပါ

Photo : Men’s Health
ကွီးတို့အနေနဲ့ အလုံးစုံသော လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းလိုရင်၊ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ တစ်ခုခု မူမှန်ခြင်းကို ခံစားရလျှင်လည်းသက်ဆိုင်ရာ ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ဆွေးနွေးပါ။ ဒီလို လုပ်ခြင်းက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး တစ်ခုခု ချို့ယွင်းလျှင် စောစီးစွာ ကုသမှု ခံယူနိုင်ပါတယ်။
အထက်ပါဖော်ပြပါ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားအင်္ဂါစနစ် ကျန်းမာ ပြီး စိတ်ကျေနပ်မှု အပြည့်အဝရစေဖို့ အထောက်အကူပြုပါလိမ့်မယ်။
Source : Prostate Cancer
Featured Photo : Study Health
