မြန်မာ နိုင်ငံတွင်းမှာ တောင်တက်ခြင်း၊ တောလမ်းများတွင် လမ်းလျှောက်ခြင်း၊ Hiking ပြုလုပ်လို့ အကောင်းဆုံး အချိန်တွေကတော့ နိုဝင်ဘာလမှ မတ်လအထိ ဖြစ်ပါတယ်။ ထိုအချိန်တွင် ရာသီဥတုက သာယာပြီး လှပတဲ့ တောတောင်သဘာဝအလှများ၊ စိမ်းစိုနေတဲ့ ရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့် မြန်မာ နိုင်ငံအတွင်းမှာ Hiking ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် နေရာများကို ရွေးချယ်နိုင်ပါတယ်။

လားရှိုး

လားရှိုး

Photo: Explorewider

ရှမ်းပြည်နယ်ရှိ လားရှိုးကတော့ တောင်ကုန်း တောင်တန်းများနှင့် ပြည့်နှက်နေပြီး Hiking ပြုလုပ်လို့ အကောင်းဆုံး နေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ ရေတံခွန်များလည်း တည်ရှိပြီး မော်တော်ဆိုင်ကယ် စီးရင်း မြို့တစ်ပတ် ပတ်ချင်သူများအတွက်လည်း သင့်တော်ပါတယ်။

သီပေါ

သီပေါ

Photo: Lodggy.com

သီပေါမြို့လေးသည်လည်း ရှမ်းပြည်နယ်တွင် တည်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၁၅၀၀ ကျော်ခန့်တွင် တည်ရှိပါတယ်။ သီပေါရောက်ရင် သွားလည်သင့်တဲ့ နေရာများကတော့ သီပေါဟော်နန်း၊ Little Bagan ၊ သိမ်တောင်၊ ဘော်ကြိုဘုရား၊ ဆားတွင်း၊ မဟာမြတ်မုနိဘုရား၊ ချောင်းဆုံ၊ သီပေါဈေး (မနက်ခင်းဈေး)၊ နမ့်ဟူးနွဲ့ ရေတံခွန်နှင့် ပါရမီတံတား၊ စော်ဘွားသင်္ချိုင်း တို့ပဲဖြစ်ပါတယ်။

 ကလော

မြန်မာ Hiking

Photo: Planetofhotels

ကလောမြို့လေးသည်လည်း မြန်မာ နိုင်ငံတွင်းရှိ Hiking ပြုလုပ်သူများအကြား နာမည်ကြီးတဲ့ မြို့တစ်မြို့ပဲဖြစ်ပါတယ်။ ကလောမြို့သို့ အလည်တစ်ခေါက် ရောက်ဖြစ်တဲ့အခါ ရှန်ဘာလာ ကလော ရေယောင်းမ View Point ၊ City View ၊ မနောလှ၊ သိမ်တောင်၊ Kalaw Cafeyard ၊ အိုးစည်တောင်၊ ဗျိုက်တောင်၊ ပင်းဒယ ရွာငံအသွားလမ်း၊ မြင်းမူးကုန်း၊ အလွမ်းတောင် စတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒီအချိန်ဆိုရင် ကလောက ရာသီဥတုနဲ့ လမ်းလျှောက်၊ တောင်တက်လို့ အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်။

ဘားအံ

မြန်မာ Hiking

Photo: Zwekapinvalley

တောင်ကုန်း တောင်တန်းများ၊ သဘာဝ လိုဏ်ဂူများနှင့် ပြည့်နှက်နေတဲ့ နောက်ထပ် နေရာတစ်ခုကတော့ ဘားအံမြို့ပဲဖြစ်ပါတယ်။ ဇွဲကပင်တောင်၊ တောင်ဝိုင်းတောင်အပြင် အခြားသော တောင်များလည်း ရှိပါသေးတယ်။ ကွီးတို့အနေနဲ့ တောင်တက်လို့ ပင်ပန်းတဲ့အခါမှာ စံမတူ ထမင်းဆိုင်၊ ကမ်းနားလမ်း ညဈေး၊ Food Villa အစရှိတဲ့ နေရာတွေမှာလည်း အားရပါးရ အားပြန်ဖြည့်နိုင်ပါတယ်။ အခြားထင်ရှားတဲ့ လည်ပတ်စရာများကတော့ ကော့ကသောင်ဂူ၊ ဆဒ္ဒန်ဂူ၊ လွန်းည ရေပြာအိုင်၊ ထွန့်ပတိုင်ရေကန်၊ ကော့ကွန်းဂူ၊ ရသေ့ပျံဂူ၊ တောင်ကြားလမ်း အစရှိတဲ့ နေရာများသို့ သွားရောက်လည်ပတ်နိုင်ပါတယ်။ Tuk Tuk တွေ ငှားပြီး လျှောက်လည်နိုင်တဲ့အတွက်ကြောင့်လည်း သွားရလာရတာ အဆင်ပြေပါတယ်။

Bago Yoma Eco Resort

မြန်မာ Hiking

Photo: Agoda

ဒီနေရာလေးကတော့ တောင်တက်တာထက်စာရင် ခရီးကြမ်း လမ်းလျှောက်ကာ Trekking သွားလို့ကောင်းတဲ့ နေရာပဲဖြစ်ပါတယ်။ ပဲခူးရိုးမထဲက တောတောင်ရေမြေ သဘာဝအလှတရားကို ကြည့်ရှုခံစားနိုင်ပြီး Trekking ပြုလုပ်ခြင်း၊ လမ်းမလျှောက်နိုင်သူများအတွက် ကားများဖြင့် Resort အနှံ့ လှည့်ပတ်ကြည့်ရှုခြင်း၊ ဆင်လေးများကို အစာကျွေး ရေချိုးပေးခြင်း၊ ရေတံခွန်များတွင် ရေဆော့ကစားခြင်း၊ စက်ဘီးစီးခြင်း၊ ဆောင်းတွင်းတွင် ပဲခူးရိုးမအတွင်းရှိ ငှက်မျိုးစိတ်မျိုးစုံကို ကြည့်ရှုခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါတယ်။

ကွီးတို့ရော အခုဖော်ပြခဲ့တဲ့ နေရာများထဲက ဘယ်နှနေရာလောက်သို့ သွားရောက်လည်ပတ်ဖူးပြီးပါပြီလဲ။

Source: Theculturetrip

Featured Image: Freepik