ကိုယ့်ရဲ့ မွေးနေ့ ပါတီပွဲပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းရဲ့ မွေးနေ့ ပါတီ ပွဲကို ကိုယ်တိုင် ပြင်ဆင်ကျင်းပချင်တဲ့အခါ သိထားသင့်တဲ့ အပြင်အဆင် အခင်းအကျင်းလေးတွေ ရှိပါတယ်။ ဒီအခြေခံကျတဲ့ ပြင်ဆင်ပုံ ပြင်ဆင်နည်းများကို သိထားမယ်ဆိုရင်တော့ ကွီးတို့အတွက် အသက်ဝင်ကာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့ ပါတီပွဲတစ်ခုကို ပျော်ပျော်ပါးပါး ကျင်းပနိုင်မှာပဲဖြစ်ပါတယ်။

မွေးနေ့ရှင်ရဲ့ အသက်ပေါ် မူတည်ပြီး ပြင်ဆင်ပါ

မွေးနေ့ ပါတီ အပြင်အဆင်

Photo: Carousell

မွေးနေ့ရှင်က အသက် ၁၈ နှစ်ပြည့်တာလား၊ သို့မဟုတ် ၂၀၊ ၃၀၊ ၄၀။ သူတို့ရဲ့ အသက်အရွယ်အပိုင်းအခြားပေါ် မူတည်ပြီး အပြင်အဆင်များသည်လည်း ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ ငယ်ရွယ်သူများအတွက်တော့ မွေးနေ့ ပါတီ အပြင်အဆင် ကို အရောင် နုနုရွရွလေးတွေ သုံးပေးနိုင်သလို၊ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးအတွက်ဆိုရင်လည်း ပန်းနုရောင်လေးတွေ အသုံးပြုနိုင်ပါတယ်။ သတ်လတ်ပိုင်းအရွယ်ကျပြန်ရောင် Classic ဆန်ပြီး တည်ငြိမ်တဲ့အပြင်အဆင်ကို ဦးစားပေးရမှာဖြစ်တဲ့အတွက်ကြောင့် ရွှေရောင်နှင့် အနက်ရောင် အရောအနှောတို့ကို ရွေးချယ်ကာ အသုံးပြုနိုင်ပါတယ်။

Theme ရွေးချယ်တဲ့အခါမှာလည်း ရာသီဥတုပေါ် အခြေတည်ပါ အပြောင်းအလဲ ပြုလုပ်ပါ

မွေးနေ့ ပါတီ အပြင်အဆင်

Photo: Agirlandherglitter

နွေရာသီမျာ ကျရောက်တဲ့ မွေးနေ့ ပါတီ အပြင်အဆင် ကျတော့ Beach Theme ဒီဇိုင်း ပြင်ဆင်နိုင်ပြီး ဆောင်းတွင်းလို ရာသီဥတုကျပြန်တော့ လိမ္မော်ရောင်၊ အညိုရင့်ရောင်လိုမျိုး Warm ဖြစ်တဲ့ဘက်ကို သွားတဲ့ အရောင်အပြင်ဆင်တွေကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပါတီဂိမ်းများ ရွေးချယ်တဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ။ ရာသီဥတုနှင့် ပေါ်ပြူလာဖြစ်တဲ့အပေါ် မူတည်ပြီး ရွေးချယ်ဆင်နွှဲသင့်ပါတယ်။

ရောင်စုံဘောလုံးများ (သို့) ရောင်စုံမီးလုံးများ အသုံးပြုဖို့လည်း မမေ့ပါနဲ့

မွေးနေ့ ပါတီ အပြင်အဆင်

Photo: Pinterest

မွေးနေ့ပွဲ ကျင်းပတဲ့အခါ မွေးနေ့ကိတ်လေးပဲ ပြင်ဆင်ထားတယ်ဆိုရင် ခြောက်ကပ်ကပ်ကြီးနဲ့ ပျင်းစရာကောင်းလွန်းလှတယ်မဟုတ်လား။ ဒါ့ကြောင့် ရောင်စုံဘောလုံးလေးများ အသုံးပြုကာ အလှဆင်ဖို့လည်း မမေ့ပါနဲ့။ ခြံထဲမှာ ပြင်ဆင်ကျင်းပမယ်ဆိုရင်တော့ ရောင်စုံမီးလုံးလေးတွေရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ အပြင်အဆင်ပိုင်းကို မကျွမ်းကျင်ပါကလည်း အင်တာနက်ပေါ်က ကျူတိုရီယယ်များ ကြည့်ခြင်းအားဖြင့် သော်လည်းကောင်း၊ ဓာတ်ပုံများ ကြည့်၍သော်လည်းကောင်း ပြင်ဆင်နိုင်ပါတယ်။

ဓာတ်ပုံများဖြင့် အလှဆင်ပါ

မွေးနေ့ ပါတီ အပြင်အဆင်

Photo: Pinterest

ဓာတ်ပုံများဖြင့် အလှဆင်ခြင်းသည်လည်း ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ အပြင်အဆင်တစ်ခုဖြစ်ပါတယ်။ မွေးနေ့ရှင်နှင့် အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ၊ သူချစ်ရတဲ့ သူတွေနဲ့ အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံများကို ချိတ်ဆွဲထားပြီးလည်း ပြင်ဆင်နိုင်ပါသေးတယ်။ ဒါမှမဟုတ် ဓာတ်ပုံများကို စုထားကာ Slideshow တစ်ခုအဖြစ် ပြောင်းလဲပြီး ပရိုဂျက်တာဖြင့် ပြသခြင်းမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။

အစားအသောက်များကို အလှဆင်ဖို့လည်း မမေ့ပါနှင့်

မွေးနေ့ ပါတီ အပြင်အဆင်

Photo: Walesonline

အစားအသောက် အပြင်အဆင်ပိုင်းကိုလည်း ဘယ်လိုကျွေးမွေးဧည့်ခံမလဲဆိုတာ စဉ်းစားရပါမယ်။ ဘူဖေးပုံစံ ပြင်ဆင်မလား။ ဒါဆိုရင်တော့ လှလှပပလေး ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ ကိုယ့်ရဲ့ အစားအသောက်က အရသာရှိဖို့လည်း လိုအပ်ပါသေးတယ်။

စားသောက်ဆိုင်များ၊ ဘားများ ငှားရမ်းကာ ပြင်ဆင်ကျင်းပလိုက်ပါ

birthday party

ကိုယ်ကိုယ်တိုင် မပြင်ချင်ဘူးဆိုရင်တော့ Party ပြင်ဆင်ပေးသူများထံ အပ်နှံထားလိုက်ပါ။ ကိုယ်လိုချင်တဲ့ ပုံစံကို ပြောပြကာ ထိုပုံအတိုင်း ရ မရကိုလည်း သေသေချာချာ မေးမြန်းကာ မွေးနေ့ ပါတီ အပြင်အဆင် ကို လှလှပပ ပြင်ဆင်နိုင်ပါတယ်။ ဒါမှမဟုတ် စားသောက်ဆိုင်များ၊ ဘားများကို အချိန်ပိုင်း ငှားရမ်းပြီးတော့လည်း မွေးနေ့ပွဲများ ကျင်းပနိုင်ပါသေးတယ်။

ကွီးတို့အတွက် အဆင်အပြေဆုံး နည်းလမ်းကို ရွေးချယ်ကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မွေးနေ့ပွဲတစ်ခု ဖန်တီးနိုင်ပါတယ်။

Source: Wikihow

Featured Image: Cvparties