ကွီးတို့မှာ မှန်ကန်တဲ့ ကိုယ်နေဟန်ထားရှိခြင်းက ကြည့်ကောင်းစေဖို့သာမက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိစေပါတယ်။ မမှန်တဲ့ ကိုယ်နေဟန်ထားဆိုတာ အကြောင်းအမျိုးမျိုးကြောင့် လက်ပျဉ်ကိုင်းနေတာ၊ သွားလာလှုပ်ရှားတဲ့ အခါ ဖြောင့်မတ်တဲ့အနေအထားမရှိတာ စတာတွေပဲ ဖြစ်ပါတယ်။ ကိုယ်နေဟန်ထား မမှန်ကန်မှုက သက်တောင့်သက်သာမရှိစေတဲ့အပြင် ရေရှည်ကျန်းမာရေးပြဿနာတွေကို ဖန်တီးပေးပြီး အားနည်းတဲ့ပုံပေါက်စေပါတယ်။ ဒါ့အပြင် ကိုယ်နေဟန်ထား မမှန်ကန်တဲ့အခါ ဘယ်လိုကောင်းမွန်တဲ့ အဝတ်အစားကမှ ကြည့်ကောင်းစေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ်နေဟန်ထားကို အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသားတို့အတွက် မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ ကြည့်ကောင်းစေဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ရေကူးခြင်းက ကိုယ်နေဟန်ထား မှန်ကန်စေဖို့ ကူညီပေးနိုင်ပါတယ်

မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့

Photo : Real Man Real Style

ရေကူးခြင်းက အူတိုင်တစ်ခုလုံးကို ညီညီညာညာဖြစ်စေတဲ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးချရတာ ဖြစ်ပါတယ်။ ရေကူးခြင်းက ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးကို ဆန့်ထုတ်ပေးခြင်းဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်ပုံစံမှန်စေပါတယ်။ ဒီလို ထပ်ခါထပ်ခါ ပြုလုပ်ခြင်းက ကွီးတို့ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေပါတယ်။ ဒါ့အပြင် ပခုံးကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ရေကူးခြင်းက ကိုယ်နေဟန်ထား မှန်ကန်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်စေဖို့ ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။

မှန်ကန်သော အနေအထားဖြင့် စနစ်တကျ လမ်းလျှောက်ပါ

မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့

Photo : Real Man Real Style

ကိုယ်နေဟန်ထား ကောင်းမွန်စေဖို့အတွက် လမ်းလျှောက်နည်း မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ အကြံပြုချက်တစ်ခုကတော့ ကွီးတို့လမ်းလျှောက်တဲ့အခါမှာ မတ်မတ်ရပ်ပြီး လမ်းလျှောက်ပါ။ ခေါင်းငုံ့တာမျိုး၊ ပခုံးကိုင်းပြီး လမ်းလျှောက်တာမျိုး မလုပ်ပါနဲ့၊ ခြေထောက်ပေါ်မှာ ကိုယ်အလေးချိန် တင်ထားတာမျိုး မလုပ်ပါနဲ့၊ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းပါ။ ဒီလို ခန္ဓာကိုယ် ပုံစံအမှန်နဲ့လမ်းလျှောက်ခြင်းက ကွီးတို့ကို ဆွဲဆောင်မှု ရှိစေပါတယ်။

ဖုန်းကို ခေါင်းငုံ့ပြီး အချိန်ကြာကြာ ကြည့်ခြင်းကို ရှောင်ပါ

Photo : Psychiatrist

ယနေ့ခေတ်မှာ ဖုန်းကို အလွန်အကျွံအသုံးပြုတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့် ဖုန်းကို အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ပါ။ လေ့လာမှုတစ်ခုက ကိုယ်ဟန်အနေအထားနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ လုပ်ဆောင်မှုအကြား ဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။ ပါဝင်သူများကို ဖုန်းများကို ငုံကြည့်စေရင်း အသက်ရှုနှုန်းကို အကဲဖြတ်ခဲ့ပါတယ်။ ဒီလို အချိန်ကြာကြာ ငုံပြီး ဖုန်းအသုံးပြုခြင်းက ကိုယ်ဟန်အနေအထားနဲ့ အသက်ရှုကို ထိခိုက်စေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ဦးခေါင်း အနေအထား မှန်ကန်ပါစေ

Photo : Youtube

ကွီးတို့က နံရံကို မှီပြီး မတ်မတ်ရပ်လိုက်ကြည့်တဲ့အခါမှာ ဦးခေါင်းက သဘာဝအတိုင်း နံရံနဲ့ မထိပါက FHP ဖြစ်နိုင်ပါတယ်။ FHP (Forward Head Posture) ဆိုတာကတော့ ဦးခေါင်းက ရှေ့ကို ကိုင်းပြီး လည်ပင်းကွေးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ကွန်ပျူတာကို အချိန်အများကြီးပေးပြီး ကြည့်ရတဲ့သူတွေ ဖြစ်နိုင်ပါတယ်။ မစစ်ဆေးဘဲ ထားလိုက်ခြင်းက အရိုးပွရောဂါ၊ သားအိမ်ခေါင်း ကျောရိုးအဆစ်ရောင်ခြင်းနှင့် ပခုံးအဆက်မပြတ် နာကျင်ခြင်းကဲ့သို့သော ပြင်းထန်သော အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို FHP (Forward Head Posture) ကို ဖြေရှင်းပြီး ကိုယ်နေဟန်ထား မှန်ကန်ဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။

ကွီးတို့ကို အခုဖော်ပြပေးလိုက်တာကတော့ မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ ကြည့်ကောင်းစေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ကိုယ်နေဟန်ထား မမှန်ကန်ဖူးလို့ ခံစားရတဲ့အခါ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်နိုင်ပါတယ်။

Source : Real Man Real Style

Featured Photo : Real Man