မော်တော်ကား ကုမ္ပဏီတော်တော်များများသည် ဈေးကွက်ထဲတွင် နည်းပညာမြင့်မားသော မော်တော်ကားများကို တင်သွင်းရောင်းချနိုင်ဖို့ရန်အတွက် သူ့ထက်ငါ အသည်းအသန် အပြိုင်အဆိုင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကြိုးစားလာလိုက်ကြတာ မောင်းသူမဲ့ ယာဥ် တွေကို တစ်စထက် တစ်စ ပိုမိုတီထွင်ဖန်တီးလာနိုင်ကြတဲ့အထိပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မောင်းသူမဲ့ ယာဥ် တွေကိုရော ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မယ်လို့ ထင်ပါသလား။
ထိုမေးခွန်းလေးကို မဖြေခင်မှာ အရင်ဦးဆုံး မောင်းသူမဲ့ ယာဥ်တွေအကြောင်း အသေးစိတ် လေ့လာကြည့်လိုက်ရအောင်။
မောင်းသူမဲ့ ယာဥ် တွေကို ကမ္ဘာပေါ်တွင် ဘယ်အချိန်က စတင် အသုံးပြုခဲ့တာလဲ။

Photo: Fau.edu
မောင်းသူမဲ့ ယာဥ် တွေသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုစာလောက်က စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ထိုမော်တော်ယာဥ်ထဲတွင် AI နည်းပညာကို ထည့်သွင်းထားပြီး အရေးပေါ် အခြေအနေများတွင် ဘရိတ်အုပ်နိုင်ရန်နှင့် အလိုအလျောက် ကားပါကင် ထိုးပေးခြင်းစနစ်တို့သည် သြချရလောက်အောင်ကို အထင်ကြီးစရာပါပဲ။
မောင်းသူမဲ့ယာဥ်တွေသည် အပြီးအစီးကြီး ရုပ်လုံးပေါ်နေသေးတာတော့ မဟုတ်ပါဘူး။ အပြစ်အနာအဆာများ ရှိနေသေးတဲ့အတွက်ကြောင့် ပိုမိုကောင်းမွန်လာအောင် စမ်းသပ်နေကြဆဲပဲဖြစ်ပါတယ်။ မောင်းသူမဲ့ယာဥ်လို့လည်း အတိအကျ မခေါ်ဆိုနိုင်သေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ထိုယာဥ်မောင်းသူ နေရာတွင် ယာဥ်မောင်းက ထိုင်နေရဆဲဖြစ်ပြီး ထိုကားတွင် ထည့်သွင်းထားတဲ့ နည်းပညာက ယာဥ်မောင်းသူကို သက်သောင့်သက်သာနှင့် မောင်းနှင်နိုင်ရန်သာ စက်ရုပ်တစ်ရုပ်ကဲ့သို့ ကူညီပေးတာဖြစ်ပါတယ်။ ယာဥ်မောင်းသူအနေနဲ့ တစ်ချက် တစ်ချက် ပြန်လည်ထိန်းမောင်းဖို့ လိုအပ်နေဆဲပဲဖြစ်ပါတယ်။
မောင်းသူမဲ့ယာဥ် မော်ဒယ် အမျိုးအစားများမှ နာမည်ကြီး မော်ဒယ်အမျိုးအစားအချို့ကတော့…
Audi A8

Photo: Robbreport
ဒီမော်ဒယ်အမျိုးအစားကတော့ ကားမောင်းနေသူကို လုံးဝ မောင်းစရာမလိုအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ သူ့ထဲတွင် Traffic Jam Pilot ဆိုတဲ့ နည်းပညာ ပါဝင်တဲ့အတွက်ကြောင့် ကားပိတ်နေတဲ့အချိန်တွေမှာ ယာဥ်မောင်းသူရဲ့ အကူအညီမပါဘဲ သူ့အလိုအလျောက် 37 mph အဖြစ်သို့ အလိုအလျောက် အရှိန်လျော့သွားမှာပဲ ဖြစ်ပါတယ်။
BMW 7 Series

Photo: Forbes
BMW 7 Series ကတော့ Audi A8 လောက်တော့ သိပ်မမိုက်ပေမယ့် သူလည်း ခေသူတော့မဟုတ်ပါဘူး။ သူ့ရဲ့ အမိုက်စား နည်းပညာကတော့ ကားထဲမှာ ကားမောင်းသူ ထိုင်နေစရာမလိုဘဲ အလိုအလျောက် ကားပါကင် ထိုးထားနိုင်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ရုံးနောက်ကျလို့ ကားပါကင်ထိုးဖို့ အချိန်မရဘူးဆိုရင်တော့ BMW 7 Series က ကူညီပေးမှာပဲ ဖြစ်ပါတယ်။
Ford Focus

Photo: Cnbc
Ford ကလည်း မောင်းသူမဲ့ယာဥ် နည်းပညာများထဲတွင် များများစားစား ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ ဒီမော်ဒယ်အမျိုးအစားထဲမှာလည်း မောင်းသူက လုံခြုံစိတ်ချစွာနဲ့ စီးနင်းနိုင်အောင် အဆင့်မြင့်နည်းပညာများကို ထည့်သွင်းထားပြီး ကားပါကင်ထိုးတဲ့အခါမှာလည်း စတီယာရင်တို့ကို ထိစရာမလိုဘဲ အလိုအလျောက် ကားပါကင်ထိုးပေးနိုင်ပါတယ်။
Honda Civic

Photo: Caranddriver
ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Honda သည်လည်း အခြားသော ကားကုမ္ပဏီများနှင့် အပြိုင် ကြိုးစားနေတာဖြစ်ပါတယ်။ Honda Civic အမျိုးအစားသည်လည်း ကားပိတ်ချိန်တွင် အလိုအလျောက် အရှိန် လျော့ပေးခြင်း၊ အန္တရာယ်များတဲ့ အချိန်တွင် အလိုအလျောက် ဘရိတ်အုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိပါတယ်။
Mercedes E Class

Photo: Wired
Mercedes E Class မော်ဒယ်အမျိုးအစားထဲမှာတော့ ကားမောင်းနေစဥ်တွင် ဘေးကင်းလုံခြုံစွာဖြင့် ယာဥ်ကြောပြောင်းပေးခြင်း၊ ယာဥ်မတော်တဆဖြစ်မှုတို့မှ ကာကွယ်ရန်အတွက် အဆင့်မြင့်နည်းပညာများကိုလည်း ထည့်သွင်းပေးထားပါတယ်။
မောင်းသူမဲ့ ယာဥ် တွေကို မြန်မာ နိုင်ငံမှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာလား

Photo: Ontheroadtrends
ကမ္ဘာနှင့် တစ်ဝှမ်းလုံးကတော့ ၂၀၃၀ မှာ မောင်းသူမဲ့ယာဥ်တွေကို နည်းပညာအကောင်းစားတွေ အသုံးပြုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ကြတော့မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၄ မှာ ကားဈေးကွက်ထဲတွင် စတင်ရောင်းချမယ်လို့လည်း ကားထုတ်လုပ်သူတွေက ကတိပေးထားကြပါတယ်။ ဒီအခြေအနေထိကတော့ တစ်ကမ္ဘာလုံး အခြေအနေဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံက ကားဈေးကွက် အခြေအနေနဲ့ဆိုရင်ရော ထိုကဲ့သို့သော ယာဥ် တွေကို မြန်မာ နိုင်ငံမှာ ဘယ်အချိန်လောက် ဝယ်ယူသုံးစွဲနိုင်မယ်လို့ ထင်ပါသလဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကရော အခြားသောနိုင်ငံသားတွေလို ကံကောင်းနိုင်ပါ့မလား။ ကွီးတို့ရော ဘယ်လိုထင်မြင်ယူဆပါသလဲ။
Source: Vaughn.edu
Featured Image: Endurancewarranty
