တစ်ခါတစ်ရံမှာ ကွီးတို့ရဲ့ ညီလေးသည် အကြောင်းအရင်းအမျိုးမျိုးကြောင့် ယားယံတတ်ပါတယ်။ ရောင်ရမ်းခြင်းကြောင့်သော်လည်းကောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းကြောင့်သော်လည်းကောင်း၊ ရောဂါပိုး ဝင်ခြင်းကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ယားယံတတ်ပါတယ်။ ဒီလိုမျိုး ယားယံ နေချိန်မှာ အခုဖော်ပြပေးမယ့် အချက်များကို ရှောင် ကြဥ်သင့်ပါတယ်။
ဆပ်ပြာနှင့် Bubble Bath များ၊ ခေါင်းလျှော်ရည်များ မသုံးပါနဲ့
ရေမွှေးရနံ့များပါဝင်သော ဆပ်ပြာများ၊ အမွှေးရနံ့များ အလွန်အကျွံ ပါဝင်တဲ့ Bubble Bath များ၊ ခေါင်းလျှော်ရည်များ၊ ရေမွှေးများ စသည်တို့ အသုံးပြုခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ ထိုကဲ့သို့ အမွှေးရနံ့များ ပါတင်နေတဲ့ ပစ္စည်းများထဲတွင် ဓာတုပစ္စည်းများ ပါဝင်နေတဲ့အတွက်ကြောင့် ယားယံမှုကို ပိုမိုအားပေးနေတတ်ပါတယ်။
ခန္ဓာကိုယ်ချင်း ထိတွေ့ချင်းမှ ရှောင်ကြဥ်ပါ
တချို့လူတွေရဲ့ ဆံပင်ပေါ်မှာ သန်းဥတွေ၊ သန်းတွေ ရှိနေတာမျိုး ကွီးတို့ မြင်ဖူးကြပါလိမ့်မယ်။ အဲ့ဒီလိုမျိုးပဲ တချို့လူတွေရဲ့ Private Area ရှိ အမွှေးအမျှင်များတွင်လည်း သန်းများ ရှိတတ်ပါတယ်။ အဲ့ဒီလိုမျိုး သန်းရှိတဲ့လူနဲ့ ခန္ဓာကိုယ် အရေပြားချင်း ထိတွေ့မိတဲ့အခါ ကွီးတို့ဆီမှာလည်း သန်းတွေ ပါလာတတ်ပါတယ်။ ထိုကဲ့သို့ သန်းတွေ ကူးစက်လာရာကနေ ယားယံပြီး ကုတ်ခြစ်မိရာမှ ကွီးတို့ရဲ့ ညီလေးက ယားယံလာပါတော့တယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ ညီလေး ယားယံ ခြင်းမှ ရှောင် ကြဥ်နိုင်ဖို့ရန်အတွက် ကွီးတို့ကိုယ်တိုင်ကလည်း တစ်ကိုယ်ရည် သန့်ရှင်းဖို့ လိုသလို ကိုယ့်ရဲ့ ပါတနာကလည်း တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးပေးတတ်ဖို့ လိုပါတယ်။
ချစ်တင်းနှောခြင်းကို ခေတ္တခဏ ရပ်ထားပါ
ကွီးတို့ညီလေးက ယားယံနေတယ်ဆိုရင် ချစ်တင်းနှောခြင်းကို ခဏတစ်ဖြုတ် ရပ်နားထားဖို့ လိုပါလိမ့်မယ်။ နို့မဟုတ်ရင် ပိုမိုယားယံလာပြီး STIs လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ဖြစ်ပွားခြင်းအထိ ဆိုးရွားသွားနိုင်ပါတယ်။
မခံမရပ်နိုင်အောင် နာကျင်လာတဲ့အခါ အရေးပေါ် ဆေးခန်းပြေးဖို့ရာလည်း အချိန်မတော်ဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
(၁) ယားယံနေတဲ့ နေရာကို ရေခဲအိတ်လေး ကပ်ပေးထားခြင်းသည် ယားယံခြင်းကို သက်သာစေပါတယ်။
(၂) အုန်းဆီကို ယားယံနေတဲ့နေရာတစ်ဝိုက်ပေါ် သုတ်လိမ်းပေးလိုက်ခြင်းအားဖြင့် ယားယံခြင်းကို လျော့ချပေးနိုင်ပါတယ်။
(၃) ဂွမ်းစလေးကို အရက်ထဲ ထည့်နှစ်ထားပြီးနောက် ယားယံနေတဲ့ နေရာတစ်ဝိုက်ပေါ်တွင် ပွတ်တိုက်ပေးလိုက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ အရက်က ယားယံစေတဲ့ ဘက်တီးရီးယားများကို သေစေနိုင်လို့ပဲဖြစ်ပါတယ်။
(၄) လေ့လာချက်တစ်ခုအရ ဆားရေထဲ စိမ်ပြီး ရေချိုးခြင်းသည်လည်း ရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
(၅) ပန်းသီးရှာလကာရည်ကို ယားယံနေတဲ့ နေရာတစ်ဝိုက်တွင် သုတ်လိမ်းပေးခြင်းအားဖြင့်လည်း ယားယံခြင်းကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ ပန်းသီးရှာလကာရည်နဲ့ မတည့်တဲ့သူတွေကတော့ ဒီနည်းကို သုံးလို့မရပါဘူး။
အထက်ဖော်ပြပါ နည်းလမ်းများကတော့ ဆေးခန်း ပြေးလို့ မလွယ်တဲ့ အချိန်မျိုးပါ။ အကောင်းဆုံးကတော့ အဆက်မပြတ် ယားယံနေပြီဆိုရင် ဆရာဝန်ထံ အမြန်ဆုံး ကုသမှု ခံယူတာပါပဲ။ နို့မဟုတ်ရင် အပ်နဲ့ ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်ရမလို ဖြစ်သွားပါလိမ့်မယ်။
ကွီးတို့ရော ညီလေးက မခံမရပ်နိုင်အောင် ယားယံလာတဲ့အခါ ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းလေ့ရှိပါသလဲ။
Source: Medicalnewstoday
Featured Image: Freepik