ယူနိုက်တက် ဂန္ထဝင် ရီယို ဖာဒီနန်ကတော့ နည်းပြ အာတီတာ ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေးအတွက် အာဆင်နယ်နဲ့ လမ်းခွဲလိမ့်မယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
Photo : The Sun
စနေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်ဟာ အိုးထရက်ဖို့ဒ်မှာ ဖိအားတွေနဲ့ ကြုံနေရတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၁၆ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အာတီတာရဲ့လက်အောက် ဒီရာသီအတွင်း ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။
ယူနိုက်တက် ဂန္ထဝင် ဖာဒီနန်ကတော့ အကယ်၍ နည်းပြ တန်ဟတ်ကို ထုတ်ပယ်ဖြစ်ခဲ့ရင် လစ်လပ်သွားတဲ့ ယူနိုက်တက် နည်းပြသစ်နေရာအတွက် သရဲနီတို့ရဲ့ ဆွဲဆောင်မှုကို အာတီတာ ငြင်းပယ်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
အာတီတာရဲ့ မြောက်လန်ဒန်ကလပ်ဟာ ယခုလအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို အနိုင်ရရှိထားပြီး ၁၈ ဂိုး သွင်းယူကာ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထား ရပါတယ်။ အာတီတာကတော့ အာဆင်နယ်အသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမယ့် ရာသီကုန်မှာမှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Photo : The Sun
ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ အက်ဖ်အေဖလား ပဉ္စမအကျော့ပွဲစဉ်အဖြစ် နော့်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်သလို မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့လည်း ထိပ်တိုက်တွေ့ဆုံ ရဦးမှာဖြစ်ပြီး လာမယ့်အပတ်ဟာ နည်းပြ တန်ဟတ်ရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်ရက်သတ္တပတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
Featured Photo : The Sun