အခုခေတ်မှာ Sneakers တွေဟာ ခေတ်မီတဲ့ Modern Man တို့ရဲ့ နေ့စဉ် အသုံးအဆောင် ဗီရိုထဲက ဖက်ရှင်ပစ္စည်းတစ်ခုအဖြစ် ရှိနေပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာက စလို့ အားကစားသမားစီး ဖိနပ်အဖြစ်ကနေ ဆင့်ကဲတိုးတက်ဖွံ့ဖြိုးလာတဲ့ Shoes ဖက်ရှင်တွေထဲမှာ Sneakers တွေက ဖွံ့ဖြိုးမှု အမြန်ဆုံး ၊ အဆန်းသစ်ဆုံး နဲ့ လူငယ်ထု အားပေးမှု အမြင့်ဆုံးလို့ ပြောနိုင်ပါတယ်။

သမရိုးကျ Casual Shoes တွေနဲ့ လုပ်ငန်းတွေမှာ စီးကြတဲ့ Boots တွေ ၊ Office Shoes တွေထက် Sneakers တွေက လူကြိုက်များပါတယ်။ နေ့တိုင်း စီးနိုင်တဲ့ Footwear အမျိုးအစားဖြစ်လို့လည်း Sneakers ဈေးကွက်ဟာ သိပ်ကို ကြီးပါတယ်။ အခုနောက်ပိုင်းမှာ Sneakers တွေနဲ့ ပွဲတက်တာမျိုးတွေပါ ရှိလာပြီ ဖြစ်လို့ နောက်ပိုင်းမှာ Sneakers တွေဟာ တော်ရုံ ပွဲတက်နိုင်တဲ့ ဖက်ရှင် ဖြစ်လာဖို့ သေချာပါတယ်။

ဒါကြောင့်ပဲ ဖိနပ်ကုမ္ပဏီကြီးတွေဟာ Sneakers တွေကို သူ့ထက်ငါ ဆန်းသစ် ထူးခြား ကောင်းမွန်အောင် ဖန်တီးလာကြတာ ဖြစ်ပါတယ်။ Sneakers အမှတ်တံဆိပ်တွေ ဘယ်လာက်များများ အမျိုးအစားပေါ် လိုက်ပြီး ခွဲခြားမယ်ဆိုရင် ၇ မျိုး ၈ မျိုးလောက်ပဲ ပြန်ထွက်လာတာ တွေ့ရပါတယ်။ ဒီထဲကမှ ယောကျာ်းလေး တိုင်းမှာ ရှိထားသင့်တဲ့ Sneakers ဒီဇိုင်းအမျိုးအစားတွေ အကြောင်းကို အောက်မှာ မျှဝေ တင်ဆက်ပေးလိုက်ရပါတယ်။

(၁) Smart / Minimal

Minimal

Photo : Ape To Gentleman

Smart Sneakers လို့ ပြောလိုက်ရင် Minimal ဒီဇိုင်းပဲ လို့ အတော်များများက သိကြပါတယ်။ ဒီလို Sneaker မျိုးက ပွဲတက်ဖိနပ် စာရင်းမှာ ပါကြပါတယ်။ များသောအားဖြင့် လယ်သာနဲ့ လာပြီး တန်ဖိုးကြီးတဲ့ ထုတ်ကုန်တွေအဖြစ် ဈေးကွက်ထဲ ဝင်ပါတယ်။ Suit နဲ့ တွဲဝတ်နိုင်တဲ့ Sneaker ဆိုရင် Minimal ဖြစ်တဲ့ Smart Sneakers တွေကို ပြေးမြင်ကြတာပါပဲ။ လူငယ်ပိုင်း ယောကျာ်းလေး တွေရော အလုပ် နဲ့ အကိုင်နဲ့ လူလတ်ပိုင်း အမျိုးသား အရွယ်တွေပါ Smart Sneakers တွေ ဝတ်လာကြပါတယ်။ Brand ထဲကဆို Smart Sneakers နဲ့ နာမည်ကြီးတဲ့ အမှတ်တံဆိပ်တွေက Common Projects ၊ ETQ နဲ့ Uniform Standard တို့ ဖြစ်ပါတယ်။

(၂) High Top

High Top Chuck Taylor All Star Classic

Photo : Ape To Gentleman

ဘေ့စ်ဘော နဲ့ ဘတ်စကတ်ဘောလို အားကစားပွဲတွေမှာ ခြေကျင်းဝတ်ဒဏ်မဖြစ်အောင် Support ပေးဖို့ High Top တွေ စီးကြပါတယ်။ တကယ်က ဒီလို High Top အမျိုးအစားတွေက ကနဦးပိုင်းမှာ အပြေးသမားတွေအတွက် ဒီဇိုင်းထုတ်ခဲ့တာပါ။ လည်ရှည် High Top ဒီဇိုင်းတွေက အရပ်ရှည်ရှည် ခြေတံရှည်ရှည် ယောကျာ်းလေး တွေနဲ့ လိုက်ဖက်လို့ နာမည်ကြီးပါတယ်။

High Top ဒီဇိုင်းတွေက အခုနောက်ပိုင်းမှာ Low Top တွေလောက် လူဝတ်မများပေမယ့် ဒီဇိုင်းအမြင်အရရော ခေတ်တစ်ခေတ်ရဲ့ ကိုယ်စားပြုမှုအရပါ တန်ဖိုးထားစရာ ဒီဇိုင်းအဖြစ် လက်ခံထားကြပါတယ်။ High Top ဒီဇိုင်းတွေထဲမှာ နာမည်ကြီးတာက Converse Chuck Taylor All Star ၊ Air Jordan 1 နဲ့ Nike Blazer တို့က ဘယ်တော့မှ ခေတ်မရိုးသလို အခုထိလည်း ဆန်းသစ်နေဆဲ Sneakers အမျိုးအစားတွေအဖြစ် ကျန်ရှိနေပါတယ်။

(၃) Retro Runner

Retro Runner

Photo : Ape To Gentleman

၁၉၇၀ ပြည့်လွန်နှစ်တွေမှာ Nike ကနေ စတင်ခဲ့တဲ့ ဒီဇိုင်းဖြစ်ပြီး အပြေးဖိနပ် Running Shoes တွေအနေနဲ့ ထွက်ခဲ့တဲ့ ဖိနပ်တွေပါ။ အဲ့ဒီအချိန်တုန်းကတော့ Retro တွေ မဟုတ်ခဲ့ပါဘူး။ အခုတော့ လူတွေရဲ့ Sneakers အာရုံဟာ Retro တွေဘက်ကို ပြန်ခေါင်းလှည့်လာပြီလို့ ဆိုရမှာပါ။

Retro Sneakers စတိုင်တွေက Sporty ဖြစ်ပြီး အမြင်အရရော ဒီဇိုင်း တည်ဆောက်ပုံအရပါ ကြွတက်နေပြီး ဖိနပ်ချည်းသက်သက် ပြေးထွက်သွားတော့မလား ထင်ရအောင် ဆွဲဆောင်မှု ကောင်းပါတယ်။ Weekend Outfits အနေနဲ့ရော သူငယ်ချင်းတွေနဲ့ Night Out အတွက်ပါ စီးလို့ ရှယ်မိုက်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

Retro Runner အမျိုးအစားထဲက ‌ကျော်ကြားတဲ့ မော်ဒယ်တွေထဲမှာ Adidas TRX Vintage Shoes ၊ Saucony Jazz 81 Distressed ၊ Nike x Clot X Sacai LDWaffle Cool Grey Sneaker နဲ့ New Balance MS327 Nylon And Suede Trainers တွေက ရှေ့တန်းက ရှိပါတယ်။

(၄) Dad Shoe

Dad Shoe

Photo : Ape To Gentleman

Dad Shoe ဆိုတာ Retro စတိုင် Street Shoes တွေ ဖြစ်ပြီး ထူးခြားမှုက အောက်ခံ Sole အထူကြီးတွေ ၊ တောက်ပတဲ့ ကာလာ နဲ့ ထုထည်ကြီးကြီး ဒီဇိုင်းကို သုံးထားတာပါပဲ။ ဒါကြောင့်ပဲ Chunky Sneaker လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ လူငယ်တွေ အကြားမှာ Oversized ဖြစ်ပြီး ဆန်းပြားတဲ့ ကာလာနဲ့ လာတဲ့ Dad Shoes ဖက်ရှင် ရေပန်းစားနေပြီး Street Fashion အဖြစ် အများဆုံး စီးကြပါတယ်။

(၅) Everyday/Beater

Dad Shoe

Photo : Ape To Gentleman

မရိုးနိုင်တဲ့ Sneakers ဖက်ရှင်တွေကို အကုန်လုံးကို Everyday Footwear ထဲမှာ ထည့်ပြောရမှာပါ။ ကြည့်လိုက်ရင် ရိုးရှင်း ရင်းနှီးတဲ့ ဒီဇိုင်း ဖြစ်နေပြီး ခေတ်အဆက်ဆက် လူကြိုက်များခဲ့သလို အခုထိလည်း ဆွဲဆောင်မှုရှိဆဲ Sneakers တွေပါ။ ကင်းဗတ်စ်သားနဲ့ အများဆုံး လာသလို လယ်သာသားရေနဲ့ ထွက်တာတွေလည်း အများကြီး ရှိပါတယ်။ Converse All Star နဲ့ Reebok Club C တို့လို မျိုးဆက်အသီးသီး ကြိုက်မြဲ ကြိုက်ဆဲ ဖက်ရှင်တစ်ခုပါပဲ။

Featured Photo : lifestylebyps