ကွီးတို့သည် ရက် တစ်ရက်ကို အကျိုး ရှိရှိ ကုန်ဆုံး ချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချက်တွေကို သိထားမယ်ဆိုရင် ကွီးတို့သည် နေ့ရက် တစ်ရက်တာမှာ အလုပ်များစွာ တွင်ကျယ် အောင်မြင်စွာ ပြီးဆုံးသွားမှာဖြစ်ပြီး အချိန် ဖြုန်းတတ်တဲ့ အကျင့်လည်း လျော့ကျသွားပါလိမ့်မယ်။

တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီး လုပ်ခြင်းကို ရှောင်ကြဥ်ပါ

man multitasking

လုပ်စရာ အလုပ်တွေ အများကြီးရှိလို့ ထိုအလုပ်တွေ အကုန်လုံးကို တစ်ချိန်တည်းမှာပဲ လုပ်ဆောင်ပစ်လိုက်တယ် ဆိုတာကို အဟုတ်ကြီး ထင်မနေပါနဲ့ဗျို့။ အဲ့ဒီနည်းလမ်းက တကယ့်တကယ်မှာ ကွီးတို့ကို အချိန် ပိုကြန့်ကြာစေပြီး အလုပ်တွေ ပိုများလာစေတာပဲ အဖတ်တင်ပါလိမ့်မယ်။ အလုပ်တွေ ပြီးမြောက်သွားတယ်ဆိုရင်တောင်မှ စဥ်းလုံးချော အဆင်ပြေသွားတာမျိုး မဟုတ်ဘဲ အမှားတွေ တစ်ပုံ တစ်ပင်ကြီး ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ချိန်မှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ကာ အလုပ်လုပ်သင့်ပါတယ်။

ခဏတဖြုတ် အနားယူဖို့ မမေ့ပါနဲ့

man relaxed

အနားယူခြင်းကလည်း ကွီးတို့ရဲ့ အလုပ်တွေကို ပိုမိုတွင်ကျယ်အောင် ကူညီပေးနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။ အချို့သော လုပ်ငန်းခွင်တွေမှာ သူတို့ရဲ့ ဝန်ထမ်းတွေကို ခဏတဖြုတ် အနားယူဖို့ အချိန်ဇယား ရေးဆွဲ ပေးထားတာမျိုးတွေတောင် ရှိပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုရင် အချိန်အတော်ကြာ အလုပ်လုပ်ပြီးတဲ့အခါ ၁၀ မိနစ်မှ ၁၅ မိနစ်လောက် အနားယူလိုက်ပါ။ ထို အနားယူနေချိန်မှာ အလုပ်နဲ့ ပတ်သက်တာတွေ ဘာမှ မလုပ်ပါနဲ့။ အလုပ်စားပွဲကနေ ထသွားပြီး ခြေဆန့် လက်ဆန့်ကာ အနားယူလိုက်ပါ။ သတ်မှတ်ချိန် ပြည့်လို့ အလုပ်စားပွဲဆီ ပြန်လာတဲ့အခါ စိတ်သစ် လူသစ်နဲ့ အလုပ်ပြန်လုပ်ရင် ပိုမို အာရုံစူးစိုက်နိုင်ပြီး အလုပ်များများ ပြီးပါတယ်။

၅ မိနစ် စည်းမျဥ်းနဲ့ အစပြုပါ

ရက် အကျိုး ကုန်ဆုံး

အချိန်ဆွဲခြင်း အကျင့်ဆိုးက ကွီးတို့အတွက် မဟာတံတိုင်းကြီးလို တားဆီးထားနေပါသလား။ ဒါဆိုရင်တော့ ၅ မိနစ် စည်းမျဥ်းနဲ့ အစပြုကြည့်လိုက်ပါ။ ၅ မိနစ်လောက်လေးပဲ လုပ်ကြည့်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးကြည့်လိုက်ပါ။ ၅ မိနစ်ကို အောင်မြင်စွာ ပြီးမြောက်သွားတယ်ဆိုရင် ကွီးတို့ စိတ်ထဲမှာ နောက်ထပ် ၅ မိနစ်စာလောက် ထပ်လုပ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။

အချိန်တွေကို ကန့်သတ်ထားပါ

ရက် အကျိုး ကုန်ဆုံး

အချိန်တွေကို ကန့်သတ်ထားခြင်းသည်လည်း အလုပ်များကို မြန်မြန် ပြီးမြောက်စေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အချိန်တွေကို မိနစ် ၆၀ (သို့) မိနစ် ၉၀ လောက်အထိ ကန့်သတ်ထားပြီး အလုပ်လုပ်လေ့ ရှိကြပါတယ်။ မိနစ် ၆၀ (သို့) မိနစ် ၉၀ လောက် အလုပ်လုပ်ပြီးတဲ့အခါ ၁၀ မိနစ် (သို့) ၁၅ မိနစ် နားချိန်ဖြင့် ပြန်လည် အစပြုပြီး အလုပ်တွေ ပြန်လုပ်တာမျိုးပါ။

ကိုယ့်ကို နှောင့်ယှက်နေတတ်တဲ့ အတားအဆီးများကို ဖယ်ရှားပစ်ပါ

ရက် အကျိုး ကုန်ဆုံး

ကွီးတို့ အလုပ်လုပ်နေစဥ်မှာ ကွီးတို့ကို တားဆီး နှောင့်ယှက်နေမယ့် အရာတွေ အများကြီးပဲ ရှိပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ကွီးတို့ရဲ့ ဖုန်း၊ ဆိုရှယ် မီဒီယာ နိုတီတွေက ကွီးတို့ကို အာရုံ​ပျံ့လွှင့်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ အလုပ်ထဲမှာ အာရုံစိုက်နေတဲ့ မိနစ် ၆၀ (သို့) မိနစ် ၉၀ အချိန်မှာ ကွီးတို့ ဖုန်းကို ပိတ်ထားတာမျိုး (သို့) နိုတီသံကို ခေတ္တ ခဏ ဖျောက်ထားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

အခက်ခဲဆုံးကို အရင် လုပ်ဆောင်ပါ

ရက် အကျိုး ကုန်ဆုံး

အခက်ခဲဆုံး အလုပ်တွေကြောင့် ကွီးတို့က အချိန်ဆွဲနေမိတာပါ။ ဒါ့ကြောင့် အခက်ခဲဆုံး အလုပ်တွေကို အရင်ဆုံး ဖြိုချပစ်ပြီး နေ့တစ်နေ့ကို အစပြုကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့စိတ်တွေက ပိုမို ပေါ့ပါးလာပြီး ကျန်ရှိနေတဲ့ အလုပ်များကိုလည်း ပြီးမြောက်အောင် လုပ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက် လာပါလိမ့်မယ်။

ကွီးတို့ရော ရက် တစ်ရက် ကို အကျိုး ရှိရှိ ကုန်ဆုံး ဖို့ ဘယ်လို လုပ်ဆောင်လေ့ ရှိပါသလဲ။

Source: Futurelearn

Featured Image: Coloradopure