Snoop Dogg သည် အဓိကအဆိုရှင်အနေနဲ့သာမက Featuring သီဆိုပေးတဲ့ အဆိုရှင်နေရာ နှစ်ခုစလုံးမှာ ပေါက်ရောက်အောင်မြင်တဲ့ ရက်ပ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ရက်ပ်သီချင်း ချစ်သူတွေသည် Snoop Dogg ကို အသည်းစွဲ ဖြစ်ကြပြီး သူ့ သီချင်း တွေကို အရူးအမူးစွဲလမ်းနှစ်သက်ကြပါတယ်။

Snoop Dogg ကို ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူသည် ရက်ပ်သီချင်းများ သီဆိုတဲ့နေရာမှာ ပါရမီပါသလို သီချင်းရေးခြင်း၊ သရုပ်ဆောင်ခြင်းနှင့် စီးပွားရေး လုပ်ငန်းများကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ရက်ပ်သီချင်း Snoop Dogg သီချင်း

Photo: Pinkvilla

Drop It Like It’s Hot (Feat. Pharrell)

Snoop Dogg သည် ၁၉၉၂ ခုနှစ်တုန်းက Dr. Dre ရဲ့ ပွဲဦးထွက်အခွေထဲမှာ Featuring အဖြစ် သီဆိုခဲ့ရာမှာ စတင်နာမည်ကြီးလာခဲ့ခြင်းဖြစ်ပါတယ်။ ရက်ပ်သီချင်း ချစ်သူတွေသည် Snoop Dogg ရဲ့ Drop It Like It’s Hot ဆိုတဲ့ သီချင်း လေးကိုလည်း နှစ်သက်ကြပါတယ်။

Gin And Juice

ဒီသီချင်းလေးကတော့ ၁၉၉၃ ခုနှစ်က Doggystyle ဆိုတဲ့ အခွေထဲကနေ ပါရှိထားတဲံ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Who Am I? (What’s My Name?)

ဒီသီချင်းလေးကတော့ ၁၉၉၃ ခုနှစ် အောက်တိုဘလ ၁၀ ရက်နေ့က ထွက်ရှိ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းသည်လည်း အချီကြီးပေါက်ခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

Sensual Seduction

Snoop Dogg က သူသည် ဗွီဒီယိုထဲက ကောင်လေးတစ်ယောက်လို ကိုယ်လုပ်ချင်တာတွေ မှန်သမျှ အကုန်လုပ်ချင်ကြောင်း ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။

Beautiful (Feat. Pharrell & Uncle Charlie Wilson)

ဒီသီချင်းလေးကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး Pharrell နဲ့ Uncle Charlie Wilson တို့က ပါဝင်အားဖြည့်ကူညီထားပါတယ်။

Gangsta Luv (Feat. The-Dream)

ဒီသီချင်းကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ Malice N Wonderland ဆိုတဲ့ သီချင်းခွေထဲက နာမည်ကြီးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Young, Wild & Free (with Wiz Khalif Feat. Bruno Mars)

Young, Wild & Free ဆိုတဲ့ သီချင်းထဲမှာတော့ သူ့ရဲ့ဂီတညီအစ်ကိုတွေဖြစ်တဲ့ Wiz Khalif နဲ့ Bruno Mars တို့က Featuring အဖြစ် ပါဝင်အားဖြည့်သီဆိုထားပါတယ်။

Boom (Feat. T-Pain)

ဒီသီချင်းကတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Doggumentary ဆိုတဲ့ သီချင်းခွေထဲက Hit ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

That Good (With Wiz Khalifa)

ဒီသီချင်းလေးကတော့ အခြားသောသီချင်းများနဲ့မတူဘဲ ပုံစံတစ်မျိုး ကွဲထွက်နေတဲ့သီချင်းပုံစံအသစ်တစ်မျိုးအဖြစ် ခံစားရမှာဖြစ်ပါတယ်။

ရက်ပ်သီချင်း ချစ်သူကွီးတို့ရော Snoop Dogg ရဲ့ သီချင်း ကောင်းတွေထဲက ဘယ်သီချင်းကို အနှစ်သက်ဆုံးဖြစ်မလဲ။

Source: Live365

Featured Image: Coindesk