ရနံ့ နဲ့ ချစ်တင်းနှော ချင်စိတ်က ဆက်စပ်နေတယ်လို့ ကွီးတို့ ထင်ပါသလား။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ Pheromones လို့ခေါ်တဲ့ ဓာတု ဟော်မုန်းတစ်မျိုးသည် ချွေး၊ ဆီး၊ အမျိုးသားများရဲ့ သုတ်ရည်၊ အမျိုးသမီးများရဲ့ နို့ရည်နဲ့ အမျိုးသမီး မိန်းမကိုယ်မှထွက်တဲ့ အရည်တွေကနေတစ်ဆင့် ခန္ဓာကိုယ် ပြင်ပသို့ ထွက်သွားလေ့ရှိပါတယ်။ ထိုဟော်မုန်းက ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်မှု တိုးစေတယ်ဆိုတာကိုရော ကွီးတို့ သိပါသလား။

တိရစ္ဆာန်တွေမှာတော့ ထိုဟော်မုန်းသည် တစ်ဖက်လိင်ကို လိင်စိတ် တပ်မက်မလာအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။

ဒါဆိုရင် လူသားတွေမှာရော အတူတူပဲလား

couple in bed

မတူပါဘူး။ လိင်ကုထုံး ကျွမ်းကျင်ပညာရှင် Brian Fantana ရဲ့ ပြောကြားချက်အရ ဒီစည်းမျဥ်းက လူသားတွေ အတွက်တော့ အသုံးမတင်ပါဘူးတဲ့။ လိင်စိတ် တက်ကြွလာအောင် မလှုံ့ဆော်ပေးနိုင်ပေမယ့် တစ်ဖက်လူက ကိုယ့်ကို ဆွဲဆောင်မှု ရှိတယ်ဆိုပြီး မြင်အောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

လေ့လာချက်များအရ ဘာတွေ ထပ်သိရသေးသလဲ

ရနံ့ ချစ်တင်းနှော

အမျိုးသမီးများအား အမျိုးသားများရဲ့ သဘာဝ ရနံ့များကို ပေးပြီး ဘယ်ရနံ့က ပိုပြီး ဆွဲဆောင်မှု ရှိသလဲဆိုတာကို စမ်းသပ်ခိုင်းခဲ့ပါတယ်။ ထိုလေ့လာချက်အရ ကိုယ်ခံအား ကောင်းတဲ့ အမျိုးသားများရဲ့ ကိုယ်သင်းရနံ့က အမျိုးသမီးတွေရဲ့ အမြင်မှာ ပိုပြီး ဆွဲဆောင်မှုကောင်းတယ်လို့ မြင်ကြပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း ဒီနေ့က စပြီး ကိုယ်သင်းရနံ့ကို မွှေးပျံ့ချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ခံအားကို မြှင့်တင်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒါ့အပြင် ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကို ဆွဲဆောင်မှုရှိလာအောင် ပြုပြင်ဖန်တီးလို့ရတဲ့ နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ ထိုနည်းလမ်းကတော့ ရေမွှေးရနံ့များရဲ့ အကူအညီကို အသုံးပြုခြင်းပါပဲ။

ရနံ့ တွေနဲ့ ချစ်တင်းနှော ချင်စိတ်ပေါက်လာအောင် ရေမွှေးနဲ့ ဘယ်လို ဆွဲဆောင်မလဲ

ရနံ့ ချစ်တင်းနှော

ရနံ့တွေနဲ့ ဆွဲဆောင်မှု ရှိတဲ့ အမျိုးသားတစ်ယောက်၊ ညှို့ငင်စွမ်းအား ပြင်းတဲ့ အမျိုးသားတစ်ယောက်အဖြစ် ပြောင်းလဲ ချင်ပါသလား။ ဒါဆိုရင်တော့ ကိုယ့် ခန္ဓာကိုယ်ရနံ့နဲ့ လိုက်ဖက်တဲ့ ရေမွှေးရနံ့ အမျိုးအစားများကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ အနံ့ပြင်းပြီး စူးတာမျိုးတွေနဲ့ (လုံးဝ) မရွေးချယ်မိပါစေနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ထိုရနံ့တွေကို ကွီးတို့က ကြိုက်ကောင်း ကြိုက်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်လူအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာပါပဲ။ ဒါ့အပြင် ရေမွှေး ဆွတ်မယ်ဆိုရင်လည်း အများကြီး ဆွတ်စရာ မလိုပါဘူး။ နည်းနည်း ဆွတ်ရုံလောက်နဲ့တင် လုံလောက်ပါပြီ။

ကွီးတို့ရော ဘယ်လို ထင်မြင်ယူဆပါသလဲ။ ရနံ့ တွေက တကယ်ပဲ ချစ်တင်းနှော ချင်စိတ် ပေါက်လာအောင် လှုံ့ဆော်ပေးနိုင်တာလား။

Source: Mensjournal.com

Featured Image: Giddy