သူငယ်ချင်းများနဲ့ အတူတူ Bars မှာ ထိုင်ခြင်းသည် လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခံစားချက်များကို ပေးစွမ်းနိုင်ပါတယ်။ တကယ့်ကို စိတ်လွတ်လက်လွတ်နဲ့ ပျော်ပါးချင်တယ်ဆိုရင်တော့ ရန်ကုန် မြို့တွင်းရှိ ထိုင်လို့အကောင်းဆုံး Bar တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။

Sarkies Bar

ရန်ကုန် Bar

Photo: Tripadvisor

ဒီဘားကတော့ The Strand Hotel ထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဘားရဲ့အပြင်အဆင်တွေကလည်း Classic ဆန်ဆန်ပြင်ဆင်ထားတဲ့အတွက်ကြောင့် ဆိုင်ထဲ ဝင်လိုက်တာနဲ့ အမိုက်စားခံစားချက်လေးတွေ ပေးစွမ်းနိုင်ပါတယ်။ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်တွင် တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီခွဲကနေ ည ၁၁ နရီခွဲအထိပဲဖြစ်ပါတယ်။ စနေနေ့နဲ့ သောကြာညတွေမှာတော့ ၅ နာရီကနေ ၉ နာရီအတွင်းက Happy Hour လို့ သတ်မှတ်ထားတာကြောင့် ပိုမိုပျော်ရွှင်ဖွယ်ကောင်းပါတယ်။

Yangon Yangon


Photo: TravelFeed

ရန်ကုန်မြို့လယ်ခေါင်ရှိ ဆာကူရာတာဝါရဲ့ အမြင့်ဆုံး Rooftop ဘားတစ်ခုဖြစ်တာကြောင့် ရန်ကုန်တစ်မြို့လုံးရဲ့ အလှအပကို အပေါ်စီးကနေ ခံစားကြည့်ရှှုနိုင်ပါတယ်။ ည ၁၂ နာရီအထိ ဖွင့်လှစ်ထားတဲ့အတွက်ကြောင့် Nightlife ကို အပြည့်အဝခံစားချင်သူများအတွက် အကောင်းဆုံးဘားတစ်ခုပဲဖြစ်ပါတယ်။

Victoria Bar

ရန်ကုန် Bar

Photo: Tripadvisor

ရန်ကုန်မြစ်ရဲ့ လေနုအေးလေးကို ခံစားရင်း ကိုယ့်အကြိုက်ဆုံး ဝီစကီ၊ ကော့တေး (သို့) ဝိုင် တစ်မျိုးမျိုး မြည်းစမ်းသောက်သုံးရင်း ငြိမ့်ငြိမ့်လေး ခံစားချင်တယ်ဆိုရင်တော့ Victoria Bar သို့ သွားသင့်ပါတယ်။ အသံသွင်းထားပြီးသား DJ သီချင်းများကလည်း သင့်ရဲ့ခံစားချက်ကို ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်လာအောင် ကူညီပေးပါလိမ့်မယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၂ နာရီအထိပဲဖြစ်ပါတယ်။

Atlas Rooftop Bar & Lounge

nightlife yangon

Photo: Atlas-myanmar

ဒီဘားကတော့ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်နဲ့ ရရှိနိုင်တဲ့ ဖျော်ရည်အစားအစာများကလည်း အမိုက်စားပဲဖြစ်ပါတယ်။ ရန်ကုန်မြစ်၊ နေဝင်ချိန်နှင့် ရန်ကုန် တစ်မြို့လုံးရဲ့အလှအပကို ခံစားချင်တယ်ဆိုရင်တော့ ဒီ Bar သို့ သွားသင့်ပါတယ်။

Harry’s Bar

harry's bar

Photo: Foursquare

နောက်ထပ် အမိုက်စားဘားတစ်ခုနဲ့ မိုက်ဆက်ပေးချင်တာကတော့ Harry’s Bar ပဲဖြစ်ပါတယ်။ မြို့နယ်အလိုက် ဆိုင်ခွဲအသီးသီးရှိတဲ့အနက် ဒီဆိုင်ကတော့ Junction Square ထဲမှာ တည်ရှိပါတယ်။ ဆိုင်ပိတ်ချိန်ကတော့ ည ၁၀ မှဖြစ်ပါတယ်။

ကော့တေး၊ ဝီစကီနဲ့ အခြားသော ဖျော်ရည်အမျိုးမျိုးကလည်း အမိုက်စားဖြစ်ပြီး သူ့ရဲ့ Signature တစ်ခုဖြစ်တဲ့ ကြက်တောင်ပံကတော့ စားပြီးရင်လည်း ထပ်စားချင်တဲ့အထိ လူကိုစွဲလမ်းစေပါတယ်။

အခုဖော်ပြသွားတာကတော့ ရန်ကုန် မြို့တွင်း ထိုင်လို့ အကောင်းဆုံး Bar တွေပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Featured Image: Uncover Asia