ကော့တေးဖျော်စပ်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရမ် နှင့် သရက်သီး တို့ အသုံးပြုကာ ဖော်စပ်ထားတဲ့ ကော့တေး ဖျော်ရည် ဖျော်စပ်နည်းကို ဝေမျှပေးချင်ပါတယ်။
သရက်သီး မပေါတဲ့ ရာသီဆိုတော့ သရက်သီးမှည့်တွေကို ဘယ်မှာ သွားရှာရမလဲဆိုပြီးတော့ ခေါင်းခြောက်မနေပါနဲ့။ သရက်သီး မပေါတဲ့ရာသီမှာတော့ သရက်သီး ဖျော်ရည်ကို အစားထိုး အသုံးပြုနိုင်ပါသေးတယ်။ တကယ်တော့ ကော့တေးဖျော်ရည်သည် ကိုယ် ဖျော်တတ်ရင် ဖျော်တတ်သလောက် စွဲမက်ဖွယ်အရသာကို ရရှိမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီး တစ်ခြမ်း (အတုံးခပ်သေးသေး တုံးထားပါ)
- Orgeat Syrup စားပွဲတင်ဇွန်း တစ်ဝက်
- ရမ် စားပွဲတင်ဇွန်း ၃ ဇွန်း (ရမ်ကတော့ သက်တမ်းရင့်လေ ပိုကောင်းလေပါပဲ)
- လိမ္မော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

- နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း တစ်ဝက်
- အလှဆင်ဖို့ရန်အတွက် သရက်သီးတုံး အနည်းငယ်
- Mint အရွက်အနည်းငယ် (အလှဆင်ဖို့ရန်အတွက်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အရင်ဦးဆုံး ပါဝင်ပစ္စည်းများကို ရယ်ဒီဖြစ်အောင် ပြင်ထားပါ။

၂။ အတုံးသေးသေးလှီးထားသော သရက်သီးများကို ဖန်ခွက်အရှည်ထဲ ထည့်ပြီးနောက် အနှစ်များဖြစ်သွားအောင် ချေလိုက်ပါ။

၃။ ထို့နောက် ထိုပုလင်းထဲသို့ ရမ်ထည့်ပါ။ Orgeat Syrup ၊ လိမ္မော်ရည်၊ သံပုရာရည်၊ နာနတ်သီးဖျော်ရည်တို့ထည့်ပါ။

၄။ Cocktail Shaker ထဲသို့ ရေခဲတုံးများထည့်ပါ။ ထို့နောက် ဖန်ခွက်ထဲသို့ ဖျော်ရည်များအားလုံး လောင်းထည့်ကာ Shaker ရဲ့ အဖုံးပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ စက္ကန့် ၃၀ ခန့် လှုပ်ခါပေးဖို့လိုပါတယ်။
စောစောက လှုပ်ခါထားတဲ့အရှိန်ကြောင့် ရေခဲတုံးများသည်လည်း ကြေမွသွားပါလိမ့်မယ်။

၅။ ထို့နောက် Shaker ထဲက ဖျော်ရည်များနှင့် ရေခဲတုံးအရောအနှောကို ဖန်ခွက်အရှည်ထဲထည့်ပါ။ တစ်ဖန် ဖန်ခွက်အရှည်ထဲကနေ ဖန်ခွက်အသေးထဲ အရည်စစ်ကာ ထပ်လောင်းထည့်ရပါမယ်။
၆။ ထို့နောက် ဖန်ခွက်ကို သရက်သီး၊ Mint အရွက်များဖြင့် လှလှပပ အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အကြိုက် ရမ် နှင့် သရက်သီး တို့အသုံးပြုကာ ဖော်စပ်ထားတဲ့ အလန်းစား ကော့တေး ဖျော်ရည်တစ်ခွက်ရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Thespruceeats
Featured Image: Cocktails.lovetoknow
