ရာသီဥတု အကူးအပြောင်းမှာ လူတော်တော်များများသည် ဖျားနာ တတ်ကြပါတယ်။ အပူချိန် အပြောင်းအလဲကြောင့် ခန္ဓာကိုယ်က ပြောင်းလဲသွားတဲ့အပူချိန်ပေါ် လိုက်ပြီး ပြောင်းလဲသွားရကာ ဘက်တီးရီးယားများကလည်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပါတော့တယ်။

ထိုအချိန်မှာ သင့်ရဲ့ခန္ဓာကိုယ်က ကိုယ်ခံအား ကောင်းမနေဘူးဆိုရင်တော့ အအေးမိ ဖျားနာခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီလို ရာသီဥတု အပြောင်းအလဲမှာ သင့်ရဲ့ခန္ဓာကိုယ်က အားမပျော့သွားအောင်၊ ကိုယ်ခံအား မြင့်မားနေအောင် ဖျားနာ ခြင်းကင်းဝေးအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲ။

အခုဖော်ပြပေးမယ့် အချက်တွေကတော့ ကွီးတို့ရဲ့ ရင်းနှီးပြီးသား ကျန်းမာရေးနည်းလမ်းတွေပဲဖြစ်ပါတယ်။ သိသာသိပြီး မကျင့်သုံးဖြစ်ကြတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားက ထင်သလောက် မမြင့်မားတာပဲဖြစ်ပါတယ်။ ဒီအချက်များကို ဂရုတစိုက်ကျင့်သုံးရင်း ရာသီဥတု အကူးအပြောင်းမှာ ဖျားနာခြင်း မရှိရလေအောင် လုပ်ဆောင်နိုင်ပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့လေကို များများရှုရှိုက်ပေးပါ

ရာသီဥတု ဖျားနာ

ရာသီဥတုက နည်းနည်းလေး အေးလာတာနဲ့ပဲ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်စရာမလိုတော့ဘူးလို့ မထင်လိုက်ပါနဲ့။ သင့်ရဲ့အဆုတ်ကို ပိုမိုအားကောင်းလာအောင် အသက်ရှူလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်ဖိစီးမှုများကိုလည်း ပြေလျော့စေကာ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။

အသက်ရှူလေ့ကျင့်ခန်း စလုပ်တဲ့အခါ နှာခေါင်းကတော့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။ ထို့နောက် ပါးစပ်ကနေ အသက်ရှူထုတ်လိုက်ပါ။ အကြိမ် ၃၀ ခန့် ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

နောက်ဆုံးအကြိမ်ရေမြောက်မှာ အသက်ရှူသွင်းပြီးနောက် အသက်အောင့်နိုင်သလောက် အောင့်ထားပြီးမှ အသက်ပြင်းပြင်းရှူထုတ်ရမှာဖြစ်ပါတယ်။

တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

ရာသီဥတု ဖျားနာ

တစ်နေ့တာလုံးမှာ ရေဓာတ်ပြည့်ဝနေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများသည် လုံလောက်တဲ့ ရေဓာတ်ကို ရရှိမှ အလုပ်ကောင်းကောင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်က လုံလောက်တဲ့ရေဓာတ်ကို မရရှိပါက နှစ်ရက်ကျော်၊ သုံးရက်ခန့်ကြာလာတဲ့အခါ သင့်ခန္ဓာကိုယ်က နေမကောင်းချင်သလိုလို ဖြစ်လာပါလိမ့်မယ်။ ဒါသည် ရေဓာတ်ခမ်းခြောက်ခြေင်းကြောင့် ခန္ဓာကိုယ်က တစ်နည်းတစ်ဖုံး အချက်ပြနေတာပဲဖြစ်ပါတယ်။

အမျိုးသားများအတွက် တစ်ရက်တာ လိုအပ်တဲ့ ရေပမာဏကတော့ ၂ လီတာခန့်ဖြစ်ပါတယ်။ ရေသောက်ရမှာ မေ့နေမှာစိုးရင် ရေသန့်ဘူးကြီး ၂ လီတာဘူးကို ကိုယ့်မျက်စိရှေ့မှာ ထားထားလိုက်ပါ။ သတိရတဲ့အချိန်တိုင်း သောက်ပေးမယ်ဆိုရင်တော့ ရေသောက်ဖို့ မေ့နေတော့မှာမဟုတ်တာကြောင့် သင့်ခန္ဓာကိုယ်ကလည်း နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း မမေ့ပါနဲ့

ရာသီဥတု ဖျားနာ

ဒီအချက်ကတော့ အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် အထူးကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်လုပ်နိုင်အောင် ကာကွယ်ပေးပါတယ်။ လေးလံထိုင်းမှိုင်းခြင်းမှ ကာကွယ်ပေးပြီး တစ်နေကုန် တက်ကြွလန်းဆန်းနေအောင် ကူညီပေးပါတယ်။

သင့်အနေနဲ့ တစ်နာရီ၊ တစ်နာရီခွဲခန့် လေ့ကျင့်ခန်း မပြုလုပ်နိုင်ဘူးဆိုရင်တောင်မှ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ ဒါမှ ကျန်းမာလှပပြီး အဆီပိုတွေ ကင်းဝေးတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ရာသီပေါ် အစားအစာများ များများစားသုံးပါ

 

ရာသီဥတု ဖျားနာ

ရာသီပေါ် အစားအစာများ များများစားသုံးပေးခြင်းသည်လည်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရာသီဥတု အကူးအပြောင်းမှာ ဖျားနာ ခြင်းကင်းဝေးအောင် ကူညီပေးပါတယ်။ ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝတဲ့အစားအစာများ၊ အာဟာရပြည့်ဝတဲ့အစားအစာများကို များများစားသုံးပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီဓာတ်ကို များများစားသုံးပေးပါ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမယ့် အကောင်းဆုံး မိတ်ဆွေတစ်ယောက်ဖြစ်လို့ပဲဖြစ်ပါတယ်။

လုံလောက်တဲ့ အနားယူမှုများ ရရှိပါစေ

tips for men to be healthy

ဘယ်လောက်ပဲ အလုပ်များနေပါစေ လုံလောက်တဲ့ အနားယူမှုတော့ရှိရမှာဖြစ်ပါတယ်။ အလုပ်ချည်းပဲ ကြိုးစားဖိလုပ်နေပြီး အနားယူမှု နည်းပါးပါကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် အလုပ်လုပ်တဲ့အချိန်နဲ့ အနားယူချိန်ကို သေသေချာချာခွဲခြားထားပြီး နားချိန်မှာ အလုပ်အကြောင်း မစဉ်းစားမိအောင် ကြိုးစားပါ။ လုံလောက်တဲ့ အနားယူမှု ရှိမှသာလျှင် စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး အမြဲတမ်းတက်ကြွနေမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်တစ်ခု ပျိုးထောင်ပါ

tips for men to be healthy

အိပ်ရာဝင်တဲ့အခါ ပုံသေအချိန်တစ်ခု သတ်မှတ်ထားပြီး အိပ်ရာဝင်ခြင်း၊ မနက်ခင်း နိုးထတဲ့အခါ ပုံမှန်အချိန်တစ်ခု သတ်မှတ်ထားပြီး နိုးထမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်က သူ့သတ်မှတ်ချိန်ရောက်တဲ့အခါ သူ့အလိုလိုအလုပ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ညဘက်မှာ အိပ်စက်ဖို့ အတင်းကြိုးစားနေစရာလည်း မလိုတော့သလို မနက်ခင်း မနိုးမှာလည်း စိတ်ပူစရာမလိုပါဘူး။ သူ့အချိန်ရောက်တဲ့အခါ ခန္ဓာကိုယ်က အလိုလိုသိနေမှာဖြစ်ပါတယ်။ ဒီအလေ့အကျင့်သည်လည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး သင့်ရဲ့ အိပ်စက်မှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးမှာဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှုကိုလည်း မမေ့လျော့ပါနဲ့

tips for men to be healthy

ရာသီဥတုက အေးနေလို့ဆိုပြီး တစ်ပတ်လောက်နေမှ ရေချိုးတာမျိုး၊ ခန္ဓာကိုယ် အနံ့အသက်ပြင်းလာမှ ရေထချိုးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှသာလျှင် ခန္ဓာကိုယ်မှ ဘက်တီးရီးယားများ ကပ်ငြိခိုအောင်းမနေမှာဖြစ်ပါတယ်။ ရာသီဥတုက ချမ်းအေးလွန်းတယ်ဆိုရင် ရေနွေးလေးဖြင့် စပ်ချိုးနိုင်တယ်မဟုတ်လား။ သင့်ရေချိုးခန်းမှာ ရေပူရေအေးစက် တပ်ထားတယ်ဆိုရင်တော့ အလုပ်ရှုပ်သက်သာတာပေါ့။

ဒီအချက်များကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်က ရာသီဥတု ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ မမှုတော့ဘဲ ဖျားနာ ခြင်းမှ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

Source: Democratandchronicle

Featured Image: Mmhealth