ရုပ်ရှင် ချစ်သူ ကွီး တို့သည် ကိုယ့်ရဲ့ အားလပ်ရက်လေးမှာ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ စုံထောက် ဇာတ်ကား မျိုးတွေ ကြည့်ရှုချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အကောင်းစားစုံထောက် ဇာတ်ကားများကို ကြည့်ရှု့လိုက်ပါ။

Enola Holmes

ဒီဇာတ်လမ်းကတော့ ကမ္ဘာကျော်စုံထောက်ကြီး Sherlock Holmes ရဲ့ ညီမ Enola Holmes အကြောင်းကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ Enola Holmes တစ်ယောက် သူ့ရဲ့ပျောက်ဆုံးနေတဲ့ အမေကို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။ သူ့အမေသည် မပျောက်ဆုံးခင်မှာ ထူးဆန်းတဲ့ လက်ဆောင်အချို့ ချန်ထားခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင် ကွီး စုံထောက် ဇာတ်ကား

ဒီဇာတ်ကားလေးကတော့ ၂၀၂၀ က ထွက်ရှိခဲ့တာဖြစ်ပြီး ရုပ်ရှင် ချစ်သူ ကွီး တို့အားလုံး အကြိုက်တွေ့စေမယ့် စုံထောက် ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။

Bad Boys For Life

ဟာသနှင့် အက်ရှင်တို့ကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Will Smith ကို Sniper သမားအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။

Knives Out

Marta လို့ခေါ်တဲ့ သူနာပြုမလေးသည် သူ့ရဲ့သူဌေး Harlan သေဆုံးမှုနဲ့ သံသယရှိနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာလည်း လှည့်ကွက်မျိုးစုံပါဝင်တာကြောင့် ရုပ်ရှင် ချစ်သူ ကွီး တို့ အနေနဲ့ တကယ့်ပဟေဠိဆန်တဲ့ စုံထောက် ဇာတ်ကာား မျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ။

Searching

ဒီဇာတ်ကားကတော့ မိတဆိုး သမီးလေးကို ပြုစုစောင့်ရှောက်နေရတဲ့ ဖခင်တစ်ယောက် သူ့သမီးလေး ပြန်ပေးဆွဲခံရတဲ့အခါ သူ့သမီးကို ဘေးကင်းကင်းနဲ့ ပြန်လည်ကယ်တင်နိုင်ဖို့ ဘယ်လိုကြိုးပမ်းမလဲဆိုတာကို တွေ့မြင်ရမှာပါ။

Murder On The Orient Express

ဒီဇာတ်ကားကတော့ ၂၀၁၇ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Orient Express ရထာားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို စူးစမ်းရှာဖွေ ဖော်ထုတ်ရမှာဖြစ်ပါတယ်။

Zodiac

ဒီဇာတ်ကားကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb ရဲ့ Rating 7.7 တောင် ရရှိထားတာဖြစ်ပါတယ်။

Se7en

ဒီဇာတ်ကားလေးကတော့ ၁၉၉၅ ခုနှစ်တုန်းက ထွက်ရှိထားတာဖြစ်ပြီး IMDb ရဲ့ Rating 8.6 တောင် ရရှိထားတာဖြစ်ပါတယ်။

Masquerade Hotel

Masquerade Hotel သည်လည်း Knives Out လိုမျိုးပဲ ကြည့်ရှုရတာ အင်မတန်စိတ်အပန်းပြေစေမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ IMDB ရဲ့ Rating အရ 6.3 တောင် ရရှိထားတာဖြစ်ပါတယ်။

Sherlock Holmes

MCU ထဲမှာ Iron Man အဖြစ် အောင်မြင်စွာ သရုပ်ဆောင်ပြသပြီးတဲ့နောက်မှာ Rober Downey Jr. သည် ကမ္ဘာကျော်စုံထောက်တစ်ယောက်ဖြစ်တဲ့ Sherlock Holmes အဖြစ် သရုပ်ဆောင်ဖို့ ချက်ချင်းအရွေးခံလိုက်ရပါတယ်။

Sherlock Holmes နဲ့ သူ့ရဲ့တွဲဖက် John Watson တို့သည် လန်ဒန်မြို့ကို အုပ်စိုးဖု့ိ ကြိုးစားနေတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဇာတ်ကားများကို ကွီးတို့အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Matob.web.id

Featured Image: Screenrant