ဝိတ်အမြန်ကျချင်တဲ့ ကွီးတို့အတွက် လွယ်ကူရိုးရှင်းပြီး လိုက်လုပ်လို့ရတဲ့ နည်းလမ်းကောင်းတစ်ခုရှိပါယ်။ ထိုနည်းလမ်းကောင်းကတော့ ရေ သောက်ပြီး ဝိတ်ကျ အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုး ရေ သောက် ပြီး ဘယ်လိုမျိုး ဝိတ်ကျ အောင် ပြုလုပ်မလဲဆိုတာ သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

အစား မစားခင်မှာ ရေ တစ်ခွက် သောက်ပါ

water

အစား မစားခင်မှာ ရေ တစ်ခွက် အဝ သောက်ပစ်လိုက်ပါ။ ဒီလို သောက်ပစ်လိုက်ခြင်းက အစား အလွန် အကျွံ စားမိခြင်းမှ ကာကွယ်ပေးပြီး ပို မစားမိအောင် ကူညီပေးနိုင်ပါတယ်။ အစား စားနေချိန်မှာလည်း မြန်မြန် မြန်မြန် မစားဘဲနဲ့ နည်းနည်းချင်းစီ ကျေညက်အောင် ဝါးစားပြီး ကုန်အောင် စားသင့်ပါတယ်။ အချိုရည်များ သောက်သုံးခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ တစ်နေ့တာလုံးမှာ ရေပဲ အဝ သောက်ပါ။ ရေ သောက်ရမှာ ငြီးငွေ့တယ်၊ အချိုဓာတ်ကို တောင့်တတယ်ဆိုရင်တော့ သစ်သီးလေးကို သဘာဝအတိုင်း သကြားတို့၊ နို့ဆီတို့ မထည့်ဘဲ​ဖျော်သောက်လိုက်လို့ ရပါတယ်။

ဆား လျော့စားပြီး ရေ များများ သောက်ပါ

Rock salt in glass jar

အငန်ဓာတ် အလွန် အကျွံ စားသုံးခြင်းသည် ကွီးတို့ ခန္ဓာကိုယ်အတွက်လည်း မကောင်းပါဘူး။ အသက် အရွယ် ကြီးလာတဲ့အခါ သွေးတိုးရောဂါလည်း ခံစားရရှိနိုင်တာကြောင့် ဆား လျော့ စားတာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် အသင့်စား အစားအစာများကိုလည်း မစားသင့်ပါတယ်။ အသင့်စား အစားအစာများထဲတွင် ဆား အလွန်အကျွံ ပါဝင်ပြီး အလေးချိန် လျော့ချဖို့အတွက် ခက်ခဲစေနိုင်ပါတယ်။

ရေဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သစ်သီးဝလံများ စားသုံးပါ

ရေ ဝိတ်ကျ

ရေဓာတ် ကြွယ်ဝတဲ့ သစ်သီးများကတော့…

  • သခွားသီး
  • ခရမ်းချဥ်သီး
  • ပန်းဂေါ်ဖီ
  • စတော်ဘယ်ရီ
  • ဖရဲသီး
  • ဟင်းနုနွယ် အစရှိတဲ့ ဟင်းသီးဟင်းရွက်များပဲ ဖြစ်ပါတယ်။

ထို ဟင်းသီးဟင်းရွက်များကို များများ စားသုံးပြီး သူတို့ထဲမှာ ပါဝင်တဲ့ ရေ ဓာတ်ကို အရယူကာ ဝိတ်ကျ အောင် ဖန်တီးနိုင်ပါတယ်။

Water Detox သောက်သုံးပါ

ရေ ဝိတ်ကျ

Water Detox ဆိုတာကတော့ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာ ကျစ်လျစ်သွားအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ကွီးတို့ရဲ့ ခံနိုင်ရည်ပေါ် မူတည်ပြီးတော့ Water Detox ကို ၂၄ နာရီကနေ ၇၂ နာရီအတွင်း အချိန် အပိုင်းအခြားကို ဆုံးဖြတ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ၃ ရက်ကြာအောင် Water Detox မလုပ်သင့်ပါဘူး။ လုပ်ချင်တယ်ဆိုရင်တော့ ဆရာဝန်ရဲ့ အကြံပေးချက်များကို ရယူသင့်ပါတယ်။​

Water Detox ပြုလုပ်ဖို့အတွက် လိုက်ဖက်တဲ့ အတွဲအစပ်များကတော့ …

  • စတော်ဘယ်ရီသီး၊ သံပုယိုသီး၊ ပင်စိမ်းရွက်
  • ဖရဲသီး၊ ပူစီနံရွက်၊ သံပုရာသီး
  • လိမ္မော်သီး၊ စပျစ်သီး၊ Rosemary
  • သခွားသီး၊ ပင်စိမ်း၊ သံပုယိုသီး

အစရှိတဲ့ အတွဲအဖက်များနဲ့ တွဲစပ်သင့်ပါတယ်။

ကွီးတို့လည်း ရေ များများ သောက်ပြီး ဝိတ်ကျ အောင် ကြိုးစားနိုင်ပါ။

Source : Wikihow

Featured Photo : Veniceogar