စမတ်ဖုန်းတွေက ကျွန်တော်တို့ဘဝရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး လူတိုင်းနီးပါး အသုံးပြုကြပါတယ်။ စမတ်ဖုန်းတွေထဲမှာ ကျွန်တော်တို့ရဲ့ အချက်အလက်တွေ၊ အရေးကြီးတဲ့ အဆက်အသွယ်တွေကို မှတ်ထားလေ့ရှိတတ်တဲ့အတွက် ဖုန်းပျောက်မှာ၊ ထိခိုက်ပျက်စီးသွားမှာက ယနေ့ခေတ်မှာ စိုးရိမ်စရာတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် အခုလိုမိုးရာသီမှာ ဖုန်းတွေရေစိုတာ၊ မတော်တဆရေထဲ ပြုတ်ကျတာကြောင့် ပျက်စီးနိုင်ခြေများပါတယ်။ အခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာမှုနဲ့အညီ၊ ရေစိုခံဖုန်းတွေကိုလည်း ထုတ်လုပ်လာကြပါပြီ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ရေစိုခံနိုင်တဲ့ Android ဖုန်းတွေထဲက အချို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

Samsung Galaxy A54 5G

ရေစိုခံနိုင်တဲ့ Android

Photo : Telecom Talk

Android ဆို Samsung မှ Samsung ဆိုတဲ့ ကွီးတို့အတွက် ရေစိုခံနိုင်တဲ့ ဖုန်းလေးရှာနေရင်တော့ Samsung Galaxy A54 5G ရှိပါတယ်။ သူ့ရဲ့ Water Resistant ကတော့ IP67 Rating ရှိပါတယ်။ ဒါ့အပြင်သူ့မှာ အရည်အသွေးမြင့် ဓာတ်ပုံများ ရိုက်ကူးရန် ပရီမီယံ ကင်မရာများပါရှိပြီး FHD+ Infinity-O မျက်နှာပြင်က ကြည်လင်ပြတ်သားသော ရုပ်ထွက်များကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အကြမ်းလည်း ခံပါတယ်။

Google Pixel 7 Pro

ရေစိုခံနိုင်တဲ့ Android

Photo : Esquire

နောက်ထပ်ဖော်ပြပေးချင်တာကတော့ Google Pixel 7 Pro ပဲ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ တောက်ပတဲ့ မျက်နှာပြင်နဲ့ အံ့သြဖွယ် Tensor အင်္ဂါရပ်များပါရှိပါတယ်။ ဒါ့အပြင် ၎င်းမှာ ပိုမိုအားကောင်းသော Chipset ကို တပ်ဆင်ထားပါတယ်။ ၎င်းရဲ့ Water Resistant ကတော့ IP68 Rating ရှိပါတယ်။

Google Pixel 7 5G

ရေစိုခံနိုင်တဲ့ Android

Photo : Expert Reviews

မြန်ဆန်သော စွမ်းဆောင်ရည်နဲ့ အမိုက်စားတည်ဆောက်မှုကြောင့် ဒီ Google Pixel 7  က ကွီးတို့လူငယ်တွေ အကြိုက်တွေ့စေမှာပါ။ ၎င်းက ကြိုးမဲ့အားသွင်းခြင်းကို ထောက်ပံ့ပေးနိုင်ပြီး ကြည်လင်ပြတ်သားသော ရုပ်ထွက်များကို ပေးစွမ်းနိုင်သော 418 PPI OLED မျက်နှာပြင်ပါရှိပါတယ်။ ၎င်းရဲ့ Water Resistant ကတော့ IP68 Rating ရှိပါတယ်။

OnePlus 10 Pro

Photo : NextPit

ပေါ့ပါးတဲ့ ကိုယ်ထည်နဲ့ ဘက်ထရီကြာရှည်ခံပြီး ရေစိုခံနိုင်တဲ့ Android ဖုန်းကို ရှာနေတာဆိုရင်တော့ OnePlus 10 Pro ရှိပါတယ်။ ၎င်းမှာ ပါဝင်တဲ့ Qualcomm Snapdragon 8 Gen 1 Processor က ပေါ့ပါးမြန်ဆန်ပြီး သွက်လက်သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းရဲ့ Water Resistant ကတော့ IP54 Rating ဖြစ်ပါတယ်။

POCO X5 Pro

Photo : POCO Global

ဒီ POCO X5 Pro မှာ ပါးလွှာသော ဘေးဘောင်များနဲ့ ၆.၆၇ လက်မ AMOLED မျက်နှာပြင်ပါရှိကာ သွက်လက်ပြီး ချောမွေ့ပါတယ်။ ဒါ့အပြင် ၎င်းရဲ့ ပရီမီယံအဆင့် ကင်မရာများက ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများနဲ့  4K ဗီဒီယိုရိုက်ကူးမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ ၎င်းရဲ့ Water Resistant ကတော့ IP53 Rating ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ရေစိုခံနိုင်တဲ့ အကောင်းဆုံး  Android ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒီကာလမှာ ဖုန်းဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ထည့်သွင်းစဉ်းစားနိုင်ဖို့ ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။

Source : Cash Karo

Featured Photo : i Blades