လိင်မှုကိစ္စ တကယ်တော့ ကွီးတို့ ထင်ထားတာထက် ပိုနက်နဲပါတယ်။ ပါတနာနဲ့ အတူမနေခင်မှာ သတိထား လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေ အများကြီးကို ရှိနေပါတယ်။ ဒါတွေသိထားမှသာလျှင် ကွီးရော ကွီးတို့ပါတနာပါ နှစ်ဦးလုံး ကြည်နူးသာယာတဲ့ အထိအတွေ့ကို ကောင်းမွန်စွာ ခံစားနိုင်မှာ ဖြစ်သလို အမှတ်တရ ဖြစ်ရတဲ့ အချိန်အခါ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူလေးနဲ့ ရေနံမတူးခင် ညီလေး ကို လုံးဝမလုပ်သင့်တဲ့ အချက်တွေကို ကွီးတို့သတိထား ရှောင်ကြဉ်နိုင်ဖို့ မျှဝေပေးပါမယ်။

(၁) ညီလေးကို အလွန်အကျွံ ကစားခြင်း ရှောင်ပါ

Banana

Photo : ABC

ရေနံမတူးခင် တစ်နည်းအားဖြင့် အတူမနေခင် Foreplay အဆင့်ဟာ Sex ကိစ္စမှာ အရေးကြီးဆုံး အချက်တစ်ခုပါ။ သို့သော်လည်း ကိုယ်တိုင်ဖြစ်စေ ၊ ပါတနာရဲ့အကူအညီနဲ့ဖြစ်စေ အတူမနေခင်မှာ ညီလေးကို အလွန်အကျွံ နှိုးဆွ မကစားမိစေဖို့ကိုတော့ သတိပြုရှောင်ရှား သင့်ပါတယ်။ ညီလေး ကို အလွန်အကျွံ နှိုးဆွ ကစားမိမယ်ဆိုရင် အတူနေချိန်တဲ့အခါ ထောင်မတ်မှုပိုင်းမှာ အားလျော့သွားတက်ပြီး စိတ်ဆန္ဒအပြည့်အဝရဖို့ ခက်ခဲနိုင်ပါတယ်။

(၂) ချောဆီမလိမ်းပါနဲ့

Banana

Photo : Female Health Collective

ပါတနာနဲ့ အတူမနေခင်မှာ ညီလေး ကို ကြိုတင် ချောဆီလိမ်းမိနေတယ်ဆိုရင် အခုပဲ ရပ်တန့်လိုက်ပါ။ အကြောင်းကတော့ ကျွန်တော်တို့ အမျိုးသားတွေရဲ့ လိင်တံဟာ ပြင်ပချောဆီ မလိုအပ်ပါဘူး။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကထွက်တဲ့ သဘာဝချောဆီက အတူနေချိန်မှာ ပိုမိုသက်တောင့်သက်သာနဲ့ ချောမွေ့မှုရှိစေဖို့ လုပ်ဆောင်ပေးပါလိမ့်မယ်။ ကွန်ဒုံးအသုံးပြုတဲ့အခါမှာလည်း ကွန်ဒုံးမှာပါတဲ့ ချောဆီက အတူနေဖို့အတွက် လုံလောက်မှုရှိပါတယ်။ ချောဆီမလိမ်းခိုင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အချို့ ရေအခြေခံ ချောဆီမဟုတ်တာ ဒါမှမဟုတ် ချောဆီနဲ့ ဓာတ်မတည့်မှုရှိသူတွေမှာဆိုရင် လိင်အင်္ဂါတဝိုက် အဖုအပိန့်တွေထွက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်းတွေ ဖြစ်တက်လို့ ဖြစ်ပါတယ်။

(၃) ထပ်ခါထပ်ခါ တစ်ကိုယ်ရည်အာသာမဖြေပါနဲ့

Banana

Photo : Dumb Little Man

ရေနံမတူးခင် ကြိုတင်ပြီး တစ်ကိုယ်ရည် အာသာဖြေတာဟာ လိင်မှုဆိုင်ရာစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေတယ်လို့ သိထားကြမယ် ထင်ပါတယ်။ မှန်ပါတယ် ဒါပေမယ့်လည်းအလွန်အကျွံ မလုပ်မိစေဖို့တော့ ရှောင်ကြဉ်ရပါလိမ့်မယ်။ အတူမနေခင် ထပ်ခါထပ်ခါ အလွန်အကျွံ တစ်ကိုယ်ရည်အာသာဖြေလိုက်မယ်ဆိုရင် ခံစားမှုအာရုံကြောတွေကို ထိခိုက်စေနိုင်ပြီး အထွတ်အထိပ် ခံစားမှုမရတာ ၊ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတာတွေ ဖြစ်တက်ပါတယ်။

(၄) မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဆေးကြောသန့်စင်မှု မပြုပါနဲ့

Penis Clean

Photo : Diagnostar

လိင်အင်္ဂါ အနံ့အသက်တွေကင်းဖို့ ၊ သန့်ရှင်းမှုရှိဖို့ အတူမနေခင်မှာ ဆေးကြောသန့်စင်တာမျိုး လုပ်ကြပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေပါနေတဲ့ သန့်စင်ဆေးတွေကို အသုံးမပြုမိဖို့တော့ သတိထားရမှာပါ။ ဥပမာအားဖြင့် ရနံ့ပါတဲ့ဆပ်ပြာ အပြင်းစားတွေ ၊ ခေါင်းလျှော်ရည်လို တစ်ကိုယ်ရည်သုံး ပစ္စည်းတွေနဲ့ ညီလေး ကို ဆေးကြောသန့်စင်တာမျိုး ရှောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအရာတွေနဲ့ ဆေးကြောသန့်စင်မိမယ်ဆိုရင် လိင်အင်္ဂါမှာ အနီကွက်တွေ ၊ အဖုအပိန့်နဲ့ ယားယံခြင်းတွေအပါအဝင် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေအများကြီး ကြုံရနိုင်ပါတယ်။

(၅) ညီလေးကို ဆွဲမဆန့်ပါနဲ့

Banana

Photo : Netdoctor

ရေနံမတူးခင် ညီလေး ရဲ့အရွယ်အစားကို ပိုကြီးစေဖို့ ဆွဲဆန့်တာ ၊ ဖိတာ ၊ ညှစ်တာတွေ လုံးဝလုံးဝ မလုပ်မိစေဖို့ အကြံပေးချင်ပါတယ်။ ဒီလိုလုပ်တာဟာ တကယ်‌တော့ ကွီးတို့ရဲ့ ညီလေး အရွယ်အစားကို အမှန်တကယ် ကြီးလာစေမှာ မဟုတ်ပဲ ပြင်းထန်တဲ့ ဖိအားနဲ့ တင်းကြပ်မှုဒဏ်တွေကြောင့် လိင်တံမှာ ထိခိုက်ဒဏ်ရာနဲ့ အနာတရ ဖြစ်သွားနိုင်ပါတယ်။ ‌တကယ်တော့ အရွယ်အစားဟာ သိပ်ပြီး အရေးမကြီးပဲ စွမ်းဆောင်ရည်ကသာ အဓိကကျတယ်ဆိုတာကို အမြဲသတိရဖို့ မှာချင်ပါတယ်။

Featured Photo : Medium