ဒီလို ပိတ်ရက်လေးမှာ အေးအေးဆေးဆေး တစ်ကိုယ်တော် ကြိုက်နှစ်သက်တာလေးတွေ ပြုလုပ်ရင်း ကုန်ဆုံးချင်ပါသလား။ ဒါဆိုရင် ဂိမ်းဆော့ခြင်းက အပန်းလည်းပြေစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့ နည်းလမ်းကောင်းတစ်ခု ပါပဲ။ အခုဆိုရင် မိုဘိုင်းလ်ဖုန်းတွေနဲ့ ကစားလို့ရတဲ့ ဂိမ်း တွေကလည်း တော်တော်လေး အဆင့်မြင့်လာပါပြီ။ ဒီနေ့မှာတော့ အေးအေးဆေးဆေး တစ်ယောက်တည်း ဂိမ်းကစားချင်တဲ့ ကွီးတို့အတွက် ရှယ်ကစ်နိုင်တဲ့ အလန်းစားဂိမ်းတွေ ကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
Traffic Rider
Source : Touch Gameplay
ကွီးတို့အတွက် ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ ဂိမ်းလေးကတော့ Traffic Rider ဆိုတဲ့ မိုဘိုင်းလ်ဂိမ်းလေးပါ။ ဒီဂိမ်းမှာ ကိုယ်ကြိုက်နှစ်သက်ရာ ဆိုင်ကယ်ကို ရွေးချယ်ပြီး အချိန်မကုန်မီ ပြိုင်ပွဲကို အပြီးသတ်ရန်နှင့် အခြားကားများနဲ့ မတိုက်မိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် ၂၉ စီးမှ ကွီးတို့စိတ်ကြိုက်ရွေးချယ်နိုင်ပြီး အသံပိုင်းဆိုင်ရာမှာလည်း တကယ့်ဆိုင်ကယ် အသံများဖြစ်တာကြောင့် ဂိမ်းကိုပိုပြီး အသက်ဝင်စေတာကြောင့် အကြိုက်တွေ့စေမှာ သေချာပါတယ်။
Fire Emblem Heroes
Source : Nintendo
တစ်ကိုယ်တော် အေးအေးဆေး ကစ်ဖို့ အင်တာနက်မလိုတဲ့ ဂိမ်းရှာနေတယ်ဆိုရင်တော့ ဒီဂိမ်းလေးက အမိုက်စားပါပဲ။ ဒီဂိမ်းက နည်းဗျူဟာမြောက် RPG ဂိမ်းတစ်ခု ဖြစ်ပြီး မတူညီသောအဆင့်များတွင် ရန်သူများကို တိုက်ခိုက်နိုင်ရန် ဇာတ်ကောင်များကို စုဆောင်းနိုင်ပါတယ်။ ဒီဂိမ်းကို Online မုဒ်နဲ့လည်း ကစားလို့ရသလို၊ Offline မုဒ်နဲ့လည်း ကစားနိုင်ပါတယ်။
Stranger Things: Puzzle Tales
Source : Netflix
Stranger Things စီးရီးရဲ့ ပရိသတ်တွေ ရှိပါသလား။ ဒါဆိုရင်တော့ ဒီဂိမ်းက ဆော့ကို ဆော့ကြည့်ရမဲ့ ဂိမ်းပါ။ ညီအစ်ကိုတို့က Stranger Things ရဲ့ထွက်ရှိခဲ့ပြီးတဲ့ စီးရီးအကုန်လုံးကို ကြည့်ပြီးပြီ နောက်ထွက်လာမယ့် Season ကို စောင့်ရင်း အပျင်းပြေ ဒီဂိမ်းလေးကို ကစားကြည့်နိုင်ပါတယ်။
The Room
Source : TouchGameplay
ကွီးတို့က စဉ်းစားတွေးခေါ်ရတဲ့ ဂိမ်းကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ The Room လေးရှိပါတယ်။ ဒီဂိမ်းက အမိုက်စား အကောင်းဆုံး ပဟေဠိ မိုဘိုင်းလ်ဂိမ်း များထဲမှ တစ်ခုဆိုလည်း မမှားပါဘူး။ ဂိမ်းရဲ့ ဇာတ်လမ်းက ရိုးရှင်းသော်လည်း ဆွဲဆောင်မှုရှိပြီး လူသားများရဲ့ စူးစမ်းလိုသော သဘောသဘာဝကို ပုံဖော်ထားပါတယ်။ ကစားသမားများက အခန်းတွင်းရှိ ထူးဆန်းသော ပဟေဠိသေတ္တာများကို ဆက်တိုက်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပဟေဠိများကို ပိုမို ဖြေရှင်းနိုင်လာသည်နှင့်အမျှ ကစားသမားများကို ဂိမ်းဇာတ်လမ်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲခေါ်လာမှာဖြစ်ပါတယ်။
Modern Kombat 5
Source : Modern Kombat
ဒီဂိမ်းလေးကတော့ ဂိမ်းကစားသူများက ခေတ်မှီလက်နက်များအပြင် အခြားသော စိန်ခေါ်မှုအဆင့်များစွာပါဝင် ကစားနိုင်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းစေမှာပါ။ ဒီဂိမ်းကတော့ ကွီး တစ်ယောက်တည်း ကစားလို့ရသလို သူငယ်ချင်းတွေနဲ့လည်း ကစားလို့ရပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ရှယ်ကစ်နိုင်တဲ့ အလန်းစားဂိမ်းတွေ နဲ့ စိတ်ဖိစီးမှုတွေကို ဝဲပစ်လိုက်ရအောင်ဗျာ။ ကွီးတို့ ကစားနေကျ အမိုက်စား မိုဘိုင်းလ်ဂိမ်းတွေ ရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Featured Photo : Vista Create