အိပ်ရာထဲမှာ ကွီးတို့ ခံစားမှု ပိုကောင်းစေဖို့ ဘာတွေ လုပ်ရမလဲ စဉ်းစားရကြပ်နေလား ? ခံစားမှုကောင်းကောင်းနဲ့ အထွတ်အထိပ် ရောက်စေဖို့အတွက် ကွီးတို့ မသိသေးတဲ့ လျို့ဝှက်ချက် အချို့ကို ဒီဆောင်းပါးကနေတဆင့် ပြောပြပေးမှာပါ။ ဒီအချက်တွေ သိထားရင် ကွီးတို့ ချစ်တင်းနှောတိုင်းမှာ ရှယ်ကောင်းတဲ့ ဖီလင် ကို ခံစားနိုင်မှာ အသေအချာပါပဲ။

(၁) ကျားဟော်မုန်း တိုးအောင် လုပ်ပါ

Increase your testosterone levels

Photo : Natural Force

Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်း ပမဏ တိုးအောင် စားသောက်နေထိုင်မှု ပုံစံကို ပြောင်းပါ။ ကျားဟော်မုန်း အဆင့်ဟာ ကွီးတို့ရဲ့ လိင်မှု စွမ်းဆောင်ရည်တိုးတက်လာခြင်းနဲ့ လိင်စိတ် အထွတ်အထိပ် ခံစားမှုအပေါ် တိုက်ရိုက်သက်ဆိုင်မှု ရှိပါတယ်။ ယောကျာ်းတစ်ယောက်မှာ ရှိသင့်တဲ့ ကျားဟော်မုန်း ပမာဏကို ထိန်းသိမ်းထားခြင်းဟာ လိင်တံထောင်မတ်မှု ၊ လိင်မှုစွမ်းဆောင်ရည်တွေကို ပိုကောင်းစေပြီး အတူနေချိန်တိုင်းမှာ ဖီလင် အပြည့်နဲ့ စိတ် ကျေနပ်မှု ပြည့်ပြည့်ဝဝ ရနိုင်ပါလိမ့်မယ်။

(၂) ဝှေးစေ့ကို ပွတ်သပ်ချော့မြူ ပေးပါ

 Testicular pleasure

Photo : Euronews

ဒီနည်းကို ကြိုက်တဲ့သူတွေ ရှိသလို မကြိုက်တဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ ဝှေးစေ့တွေကို ပွတ်သပ်ချော့မြူပေးတာဟာ ကွီးတို့ရဲ့အော်ဂဇင် ခံစားမှုကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်ပါတယ်။ အထူးသဖြင့် အထွတ်အထိပ် မရောက်မီအချိန်အတွင်းမှာ ဝှေးစေ့တွေကို ပွတ်သပ်နှိုးဆွပေးရမှာပါ။ ဝှေးစေ့တွေကို ညင်သာစွာ ပွတ်သပ်နှိုးဆွပေးတာဟာ လိင်စိတ်ခံစားမှု ဖီလင် ကို အလွန်ကောင်းစေပြီး ကာမဆန္ဒ ကျေနပ်ပျော်ရွှင်မှုကို တိုးမြင့်စေပါလိမ့်မယ်။

(၃) Edging နည်းလမ်းသုံးပါ

Edging

Photo : Disha – DISHA Computer Institute

Edging နည်းလမ်းဆိုတာကတော့ သိတဲ့သူတွေလည်း သိကြပါလိမ့်မယ်။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒ အထွတ်အထိပ် ရောက်ချိန်မှာ သုတ်ထွက်မသွားအောင် အာရုံပြောင်းတဲ့ နည်းလမ်းနဲ့ ထိန်းထားပြီး ကာမခံစားမှုကို အချိန်ကြာကြာ ဆွဲဆန့် ခံစားတာမျိုးပါ။ Edging လုပ်တာက ကွီးတို့ရဲ့ လိင်စိတ်ဆန္ဒပြည့်ဝမှုကို ပိုမိုပြင်းထန်စေပြီး ကျေနပ်စရာ လိင်မှုခံစားချက်ကို ကောင်းကောင်းကြီး ခံစားရနိုင်ပါတယ်။

(၄) ရင်သားခလုတ်ကို ဖွဖွလှုပ်ပါ

Nipple Play

Photo : Rhazes Global

လေ့လာမှု များစွာမှာ အတည်ပြု ထားပြီးသားပါ။ အမျိုးသမီးတွေပဲ Nipple ခံစားမှုကို ရနိုင်တာ မဟုတ်ပါဘူး။ ကွီးတို့ အမျိုးသားတွေမှာလည်း Nipple လို့ခေါ်တဲ့ ရင်သား (နို့သီးခေါင်း) ကို လှုံ့ဆော်နှိုးဆွပေးခြင်းကလည်း ထူးခြားကောင်းမွန်တဲ့ လိင်စိတ်ခံစားမှု အတွေ့အကြုံကို ခံစားရရှိနိုင်ပါတယ်။ ချစ်တင်းနှောတဲ့အခါ ကွီးတို့ ပါတနာကို ဖြစ်စေ ၊ ကိုယ်တိုင်ဖြစ်စေ ကွီးတို့ရဲ့ Nipple ခလုတ်ကို ဖွဖွလှုံ့ဆော် နှိုးဆွပြီး ကောင်းမွန်တဲ့ အထွတ်အထိပ် ခံစားချက်ကို ရယူခံစားလိုက်ပါ။

Source : MensXP

Featured Photo : Ballkani.info