အမျိုးသားတိုင်းကတော့ ကိုယ်ချစ်ရတဲ့ ချစ်သူကောင်မလေးကို စိတ်ချမ်းသာအောင် ထားချင်ကြသူတွေ ချည်းပါပဲ။ ချစ်သူလေးကို အမြဲတမ်း စိတ်ပျော်ရွှင် ချမ်းမြေ့အောင် ထားနိုင်ဖို့ ၊ ကိုယ့်ရဲ့အချစ်တွေ သူမ သိမြင်အောင် ဖော်ပြနိုင်ဖို့ဆိုတာ တကယ်တော့ အရမ်းကြီး ခက်ခဲနက်နဲ မနေပါဘူး။ ရိုးရှင်းမှုလေးတွေ ကနေပဲ ကွီးတို့ရဲ့ ရှော်တီလေး အချစ်တွေ ပိုလာအောင် ကြိုးစားလို့ ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ချစ်သူလေးကို စိတ်ချမ်းသာအောင် ထားချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် ကောင်မလေး ဟတ်ထိစေမယ့် ချုပ်နည်းလေးတွေကို ပြောပြပေးပါမယ်။

(၁) နားထောင်ပေးတက်တဲ့ နားတစ်စုံ ရှိပါစေ

Couple

Photo : Simplify Create Inspire

ပြောချင်တာကတော့ သူမအပေါ် အလေးအနက်ထားတယ် ၊ သူမရဲ့စကားလေးတွေကို ဂရုတစိုက် နားထောင် မှတ်သားထားပေးတက်တယ်ဆိုရင် ဒါက ကွီးတို့အတွက် အမှတ်ရစေမယ့် အချက်တစ်ခုပါပဲ။ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းနားထောင်ပေးတက်တဲ့ အကျင့်ဟာ အငြင်းပွားမှုတွေ ၊ နားလည်မှုလွဲတဲ့ ပြဿနာတွေကို လျော့ကျစေမှာဖြစ်ပြီး အချစ်တွေ ပိုလို့ တိုးစေမှာပါ။

(၂) ကိုယ့်ဘက်က တွေ့ဖို့စပြော တက်ပါစေ

Couple

Photo : Pexels

ချစ်ရတဲ့သူနဲ့ အချိန်တိုင်း အတူတူရှိချင်တာ ၊ ချစ်သူလေးရဲ့ မျက်နှာလေးကို ထိုင်ကြည့်ရင်း အချိန်ကုန်ဆုံးချင်တာ လူတိုင်းပါပဲ။ ဒါပေမယ့် ကိုယ့်စီဘဝထဲက အလုပ်တာဝန်တွေ ၊ မိသားစုတာဝန်တွေနဲ့ မအားမလပ်တဲ့ အချိန်တွေလည်း ရှိကြတာမို့ အချိန်တိုင်း တွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အားလပ်ရက်တွေ ၊ နှစ်ဦးသား အားလပ်ချိန်တွေမှာ ကွီးတို့ဘက်ကစပြီး ရှော်တီလေး ကို လွမ်းကြောင်း ၊ တွေ့ချင်ကြောင်း စကားလေးတွေကို ပြောဖို့ လိုပါတယ်။ ကိုယ့်ချစ်သူက တွေ့ဖို့တောင်းဆိုတာ ၊ ချိန်းဆိုတာကို မပျော်တဲ့ မိန်းကလေးက မရှိသလောက်ပါပဲ။

(၃) ရံဖန်ရံခါ စပရိုက်လေးတွေ လုပ်ပေးတက်ပါစေ

Couple

Photo : 1-800-Flowers.com

အမြဲတမ်းကြီး မဟုတ်ရင်တောင့် ရံဖန်ရံခါ သူမကို အံ့ဩသွားစေမယ့် စပရိုက်လေးတွေ လုပ်ပေးတက်ဖို့လည်း လိုအပ်ပါတယ်။ တန်ဖိုးကြီး လက်ဆောင်တွေ ပေးမှ မဟုတ်ပါဘူး။ ပန်းတပွင့် ၊ ဘာဘယ်တီးတစ်ခွက် ကနေ ရှော်တီလေး ကြိုက်တက်တဲ့ ပစ္စည်းလေးတွေ အထိ နောက် ဆုံး သူမရဲ့ ရုံးဆင်းချိန်မှာ သူမ,မသိအောင် သွားစောင့်ကြိုတာမျိုး စတဲ့ အချက်လေးတွေ လုပ်ပေးပါ။ ဒီအချက်လေးတွေက ကွီးတို့ရဲ့ ရှော်တီလေးကို လုံးဝ ဟတ်ထိစေမယ့် ချုပ်နည်းတစ်ကွက် ဖြစ်ပါတယ်။

(၄) သူမကို လှကြောင်း ချီးကျူးတက်ပါစေ

Couple

Photo : Paris photographer – PhilArty Photography

ချီးကျူးပြောဆိုမှုလေးတွေကို လူတိုင်းနှစ်သက် သဘောကျ ကြပါတယ်။ ကိုယ့်ချစ်သူ ရှော်တီလေး ကို လှတယ်ပြောဖို့ကလည်း ကွီးတို့အတွက် သိပ်မခက်လောက်မယ့် ကိစ္စတစ်ခုလို့ ထင်ပါတယ်။ ဥပမာအားဖြင့် သူမနဲ့တွေ့တဲ့အချိန်မှာ ဒီနေ့ဝတ်ထားတာ သူမနဲ့လှကြောင်း ဒါမှမဟုတ် သူမဆိုးထားတဲ့ လက်သည်းနီအရောင်လေးက သူမနဲ့ လိုက်ဖက်ကြောင်း စသည့်ဖြင့် ဘာမှမဟုတ်ဘူး ထင်ရပေမယ့် အသေးစိတ်ကျတဲ့ အချက်လေးတွေကို ချီးကျူးပြောဆိုပေးတာက သူမအပေါ် အသေးစိတ်ကအစ အလေးနက်ထားပြီး အမြတ်တနိုး ချစ်တယ်ဆိုတာကို ခံစားရစေမှာပဲ ဖြစ်ပါတယ်။

ဒီအချက်လေးတွေ သိထားရင် ကွီးတို့ရဲ့ ရှော်တီလေး ကို ကောင်းကောင်းကြီး ဟတ်ထိအောင် ချုပ်လို့ ရပါပြီ။ ကွီးတို့ရော ဘယ်လိုချုပ်နည်းတွေနဲ့ ချစ်သူကောင်မလေးကို ချုပ်လေ့လဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Source : Beauty Hub

Featured Photo : Freepik