ကွန်ဒုံးတွေ စပေါ်ခဲ့တဲ့ အချိန်ကိုတော့ ဘီစီအီး ၁၀၀၀ ခန့်ဝန်းကျင်ကလို့ စစ်တမ်းတွေအရ သိရပါတယ်။ ရှေးဟောင်းသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ အတိအကျ အတည်ပြုလို့တော့ မရပေမယ့် ရှေးခေတ်အီဂျစ်တွေရဲ့ နံရံဆေးရေး ပန်းချီတွေမှာ ကွန်ဒုံးလို့ ယူဆရတဲ့ ပုံသဏ္ဌာန်ချင်းဆင်တူတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။ အစောပိုင်း ကွန်ဒုံးတွေရဲ့ ဒီဇိုင်းပုံစံတွေဟာ ဒီဘက်ခေတ်နဲ့ မတူပဲ ဆီစိမ်ထားတဲ့ ပိုးစက္ကူတွေ ၊ လီနင်ပိတ်သားတွေ ၊ သားရေသားတွေနဲ့ တိရစ္ဆာန်အူလို ပါးလွှာပြီး အခေါင်းပေါက်ပါတဲ့ ပစ္စည်းတွေကို ကွန်ဒုံးအနေနဲ့ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရှေးအီဂျစ်တွေ ကွန်ဒုံး  အသုံးပြုခဲ့ကြတယ်လို့ ယူဆလို့ရပြီး ကွန်ဒုံးနဲ့ ပတ်သတ်ပြီး နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေလည်း အများကြီး ရှိနေပါသေးတယ်။

Condoms

Photo : TheNewsGuru

Fact (၁) ပထမဦးဆုံး ခေတ်သစ်ကွန်ဒုံးတွေကို ရော်ဘာနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Goodyear လို့ခေါ်တဲ့ တာယာကုမ္ပဏီတစ်ခုကနေ စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

 

Fact (၂) ကွန်ဒုံး ဝယ်ယူသူ ၇၀ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်ကြပြီး ပျမ်းမျှ ကွန်ဒုံးအသုံးပြုသူမှာ အသက် ၁၁=၈ နှစ်ကနေ ၂၄ နှစ်ကြား ဖြစ်ကြပါသတဲ့။

 

Fact (၃) ဒီဘက်ခေတ် လိင်ယဉ်ကျေးမှု ထွန်းကားတဲ့ အမေရိကန်လို နိုင်ငံမှာ ကွန်ဒုံးသုံးစွဲမှုပမဏက များမယ်ဆိုတာ အားလုံးခန့်မှန်းမိလောက်မယ် ထင်ပါတယ်။ ကိန်းဂဏန်း အတိအကျနဲ့ ပြောရမယ်ဆိုရင်တော့ အမေရိကန်မှာ တစ်နှစ်ကို ကွန်ဒုံးအရေအတွက်ပေါင်း ၆၁၈ သန်းကျော် ရောင်းချရလေ့ရှိပြီး ဒါဟာ တစ်ရက်ကို ကွန်ဒုံး ၁.၇ သန်း အသုံးပြုနေတာနဲ့ ညီမျှပါတယ်။

Condoms
Photo : World Health Organization (WHO)

Fact (၄) ဖေဖော်ဝါရီလကို အမေရိကန်ပြည်ထောင်စုမှာ National Condom Month အဖြစ် သတ်မှတ်ထားပါတယ်။ အဲ့ဒီလမှာ လိင်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပလေ့ ရှိပါတယ်။

 

Fact (၅) ဒုတိယ ကမ္ဘာစစ်အတွင်းမှာ စစ်သားတွေကို ပင်လယ်ထဲကနေ ကမ်းပေါ်အထိရောက်အောင် ရေကူးချိန်မှာ ဆားငန်ရေကြောင့် ရိုင်ဖယ်သေနတ်တွေ ပျက်စီးမှုကိုကာကွယ်နိုင်ဖို့ ကွန်ဒုံးကို Cover အနေနဲ့ အသုံးပြုစေခဲ့ပါတယ်။

 

Fact (၆) အရင်ခေတ်ကစပြီး တဖြည်းဖြည်း နောက်ပိုင်းနှစ်တွေ ကြာလာတာနဲ့အမျှ ကွန်ဒုံးတွေ ပြုလုပ်ဖို့အတွက် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးကို စမ်းသပ်အသုံးပြု လာခဲ့ကြပါတယ်။ ဒီထဲမှာ ပိတ်သားတွေ ၊ ဆိတ်နဲ့ သိုးသငယ် အူတွေ ၊ ငါးအရေခွံတွေ ၊ ပိုးသားတွေနဲ့ ပါးလွှာတဲ့ သားရေသားတွေ စတဲ့ ကုန်ကြမ်း ပစ္စည်းတွေ အများကြီးကို သုံးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ကွန်ဒုံးအများစုကိုတော့ Latex သားရေနဲ့သာ ပြုလုပ်ကြပြီး Latex
နဲ့ ဓာတ်မတည့်သူတွေအတွက် Polyutherane နဲ့ ဖန်တီးကြပါတယ်။

Source : Mensxp

Featured Photo : SBS