ချစ်တင်းနှော ချိန်မှာ ချစ်သူပါတနာကို သာယာပျော်ရွှင်တဲ့ ခံစားမှုပေးစွမ်းနိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကွီးတို့ သိထားရမှာက ထိုးသွင်းဆက်ဆံမှုကပဲ သာယာတဲ့ ခံစားချက်ကို ပေးနိုင်တာ မဟုတ်ပါဘူး။ ကွီးတို့ရဲ့ လက်ချောင်းလေးတွေကို အသုံးပြုပြီး ပါတနာရဲ့ ခန္ဓာကိုယ်အကြောင်းကို လေ့လာနိုင်သလို သူတို့ရဲ့ နှစ်သက်မှုတွေကိုလည်း ရှာဖွေနိုင်ပါလိမ့်မယ်။ ဒီတစ်ခေါက်တော့ လက်ချောင်းလေးတွေ ကိုအသုံးပြုပြီး သာယာမှု ဘယ်လိုပေးလို့ရလဲဆိုတာ တိုးတိုးတိတ်တိတ် မျှဝေပေးချင်ပါတယ်။
(၁) လက်ချောင်းလေးတွေကို သန့်စင်ထားပါ
Photo : Joylux
ဒါကတော့ ပထမဆုံး လိုက်နာရမယ့် အရေးကြီးဆုံး အချက်တစ်ခုပါပဲ။ ကွီးတို့ရဲ့ လက်ချောင်းလေးတွေဟာ ပါတနာရဲ့ ခန္ဓာကိုယ်ကို ထိတွေိ့ကိုင်တွယ်မှု မပြုမီ သန့်ရှင်းနေစေဖို့ အရေးကြီးပါတယ်။ လက်ချောင်းလေးတွေ ကို ကောင်းစွာသန့်စင်မထားဘူးဆိုရင် ဘက်တီးရီးယား ပိုးတွေကူးစက်စေနိုင်သလို လက်သည်းတွေ ရှည်နေပြန်ရင်လည်း မိန်းမကိုယ်ကို ပွန်းပဲ့ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းမစခင် အရင်ဆုံး လက်တွေကို သန့်စင်ထားပါ။ လက်သည်းရှည်နေရင် ညှပ်ထားပါ။
(၂) နှိပ်နယ်ပေးပါ
Photo : Women’s Health
လက်ချောင်းလေးတွေ အသုံးပြုပြီး ချစ်သူပါတနာကို နှိပ်နယ်ပေးတာဟာ သူမအတွက် စိတ်ခံစားမှု သက်တောင့်သက်သာ ပိုရှိစေသလို ခံစားမှုကိုလည်း မြှင့်တက်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ရနံ့ပါတဲ့ ဖယောင်းတိုင်လေး ထွန်းညှိထားပြီး သူမရဲ့ ပခုံးလေးတွေ ၊ လက်နဲ့ ပေါင်တံလေးတွေကို ဖြည်းဖြည်းချင်း ထိတွေ့ကိုင်တွယ်ပြီး နှိပ်နယ်ပေးပါ။ ချောဆီ ဒါမှမဟုတ် သံလွင်ဆီ အနည်းငယ် အသုံးပြုပြီး နှိပ်နယ်ပွတ်သပ်ပေးမယ်ဆိုရင် ပိုပြီး ခံစားမှုကောင်းစေမှာပါ။
(၃) သူမရဲ့ အကြိုက်ပေါ်မူတည်ပြီး လက်ချောင်းလေးတွေကို ကစားပေးပါ
Photo : The Independent
အမျိုးသမီးတိုင်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူနိုင်ကြပါဘူး။ ကိုယ့်ပါတနာက ဘာကြိုက်တယ် ၊ ဘယ်လို ကစားကွက်လေးတွေကို နှစ်သက်မှုပိုရှိစေတယ်ဆိုတာကို အရင်ဆုံး လေ့လာသင့်ပါတယ်။ သူမကြိုက်တာကို သိနိုင်စေဖို့ ကွီးတို့ရဲ့ရှေ့မှာ တစ်ကိုယ်ရည်အာသာဖြေခိုင်းနိုင်သလို ဒီလိုပြဖို့ သူမအနေနဲ့ အရမ်းရှက်နေတယ်ဆိုရင် ကွီးတို့ကိုယ်တိုင်ပဲ သူမအကြိုက်ကို စူးစမ်းလေ့လာပြီး လက်ချောင်းလေးတွေ ရဲ့ လှုပ်ရှားမှု ၊ အရှိန်အနိမ့်အမြင့် ၊ ဖိအားတွေကို ပြောင်းလဲပြီး ကစားပေးနိုင်ပါတယ်။
(၄) လက်နှစ်ဖက်လုံး အသုံးပြုပါ
Photo : Vinmec
ပါတနာကို လက်ချောင်းလေးတွေ နဲ့ သာယာမှုပေးတော့မယ်ဆိုရင် ကွီးတို့ရဲ့ လက်နှစ်ဖက်လုံးကို အသုံးပြုသင့်ပါတယ်။ လက်တစ်ဖက်က သူမရဲ့ ရင်သားတွေကို ထိတွေ့ကိုယ်တွယ်နေချိန် ကျန်လက်တစ်ဖက်ကလည်း တစ်ပြိုင်နက်တည်း သူမရဲ့ ပန်းဖူးလေးကို ကစားပေးနေဖို့ လိုပါတယ်။ လက်နှစ်ဖက်လုံးကို အသုံးပြုပြီး ချစ်သူပါတနာကို ပြုစုယုယတာဟာ သာယာမှု ပိုပေးနိုင်သလို သူမအတွက် ကောင်းမွန်တဲ့ ခံစားမှု အထိအတွေ့အရသာကိုလည်း ပိုမို ခံစားရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။
Source : Durex
Featured Photo : Copl