ဘယ်အရာမဆို လက်တည့်စမ်း ချင်တဲ့ ညာဥ်ဆိုးတစ်ခုသည် လူတိုင်းမှာ ရှိပါတယ်။ ကွီးတို့ဆီမှာလည်း ထိုညာဥ်ဆိုးတစ်ခု ရှိမှာပါပဲ။ ဘယ်လောက်ပဲ လက်တည့်စမ်း ချင်တဲ့ စိတ်များနေပါစေ၊ (လုံးဝ) လက်တည့်မစမ်းသင့်တဲ့အရာထဲမှာ သူလည်း ပါပါတယ်။
ကွီးတို့အနေနဲ့ အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့လည်း (လုံးဝ) လက်တည့်မစမ်းသင့်သလို အခြားသော နည်းလမ်းများနဲ့လည်း လက်တည့်မစမ်းသင့်ပါဘူး။
ဆပ်ပြာနှင့် အခြား အမွှေးအကြိုင်များ အသုံးပြုခြင်း
ကိုယ့်ရဲ့ ဖွားဖက်တော်လေး မွှေးပါစေဆိုတဲ့ စိတ်နဲ့ ရှိသမျှ ရေမွှေးတွေ အကုန်လောင်းချနေရင်တော့ ကွီးတို့ ဖွားဖက်တော်လည်း ခံနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ရေချိုးတဲ့အခါမှာလည်း ပုံမှန် တိုက်ချွတ်ဆေးကြောပေးရင် လုံလောက်ပါပြီ။ ဆပ်ပြာတွေ အလွန်အကျွံ အသုံးပြုကာ ဆေးကြောခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။
အရက်မူးနေချိန်မှာ ကြမ်းကြမ်းတမ်းတမ်း ချစ်တင်းနှောခြင်း
အရက်မူးနေချိန်မှာ ပုံမှန် အသိစိတ်ရှိမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုဆိုပြီး နှစ်ဦးသားစလုံး အထိန်းအကွပ်မဲ့စွာ ချစ်တင်းနှောခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ကွီးတို့ရဲ့ ညီလေးအတွက် အန္တရာယ်များပါတယ်။ ဥပမာဆိုရသော် ကွီးတို့ ပါတနာနဲ့ မြင်းစီးပေးတယ်ဆိုကြပါစေ၊ အားရဝမ်းသာနဲ့ အကြမ်းပတမ်း လုပ်လိုက်တဲ့အခါ အပေါက်ထဲ မဝင်ဘဲ ပါတနာနဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် ကွီးတို့ ညီလေးက နေရာလွှဲသွားတာမျိုး၊ ကျိုးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။
ချောဆီ အသုံးမပြုဘဲ လက်တည့်စမ်း ခြင်း
ကွီးတို့သည် ကိုယ့်ရဲ့ ပါတနာကို စိတ်ကြွလာအောင် မလှုံ့ဆော်ပေးဘဲ အတင်း ထိုးထည့်ဖို့ ကြိုးစားခြင်းသည်လည်း နှစ်ဦးစလုံးအတွက် မကောင်းပါဘူး။ ခန္ဓာကိုယ်ကနေ သဘာဝချောဆီ မထွက်ဘူးဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ ဈေးကွက်ထဲမှာ ထုတ်လုပ်ပေးထားတဲ့ ချောဆီများ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အတင်းအကြပ်ပြုလုပ်ပြီး အရေပြား ပေါက်ပြဲသွားတဲ့အခါ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားရရှိနိုင်လို့ပါပဲ။
အနောက်တံခါးကို အသုံးပြုတဲ့အခါ
ကွီးတို့သည် Anal Sex ပြုလုပ်တော့မယ်ဆိုရင် အကောင်းဆုံးကတော့ Latex ကွန်ဒုံး အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကွန်ဒုံးအသုံးပြုခြင်းသည် ဆီးလမ်းကြောင်းမှတဆင့် ပိုးဝင်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
အွန်လိုင်းပေါ်က တွေ့သမျှအရာတွေကို လျှောက်ဝယ်ခြင်း
အွန်လိုင်းပေါ်ကနေ ကြီးဆေး၊ ဘာဆေး၊ ညာဆေးဆိုပြီး ပေါက်ကရလျှောက်ဝယ်ကာ ကွီးတို့ရဲ့ ညီလေးကို အရွယ်အစား ကြီးမားလာအောင် ပြုလုပ်ခြင်းသည် ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆေးဝါးတွေ ဘာတွေ သောက်မယ်၊ ထိုးမယ်ဆိုရင် FDA ခွင့်ပြုချက်ရရှိထားတဲ့ ဆေးများ၊ တရားဝင်အသိအမှတ်ပြုထားတဲ့ သောက်ဆေးများ၊ ထိုးဆေးများကိုသာ အသုံးပြုသင့်ပါတယ်။
ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆေးများ သောက်ခြင်း
ရွှေပန်းညှိုးနေတဲ့သူတွေအတွက် ဆရာဝန်တွေက ဆေးဝါးများ သောက်သုံးဖို့ ညွှန်ကြားထားလေ့ရှိပါတယ်။ ကွီးတို့ ညီလေးက အကောင်းပကတိအတိုင်း ဖြစ်နေပါလျက်နဲ့ ပိုမိုထောင်မတ်ချင်ဇောနဲ့ ထိုဆေးများကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ သောက်သုံးခြင်းသည်လည်း ကွီးတို့ညီလေးကို ထိခိုက်စေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများအနေနဲ့ ထိုဆေးများသောက်လိုက်ခြင်းကြောင့် ကွီးတို့ရဲ့ ညီလေးက နာရီအတော်ကြာသည်အထိ အိပ်ရာထနေမှာဖြစ်ပြီး ကိုယ်က ပြီးမြောက်သွားပြီး Sperm ထွက်ပြီးသွားသည်တိုင်အောင် သူက ပြန်အိပ်ပျော်မှာ မဟုတ်တော့ပါဘူး။
တောင့်တင်းနေတဲ့ ခံစားချက်ကို ထိန်းထားဖို့ဆိုပြီး သွားရေပင်များ၊ ကြိုးများဖြင့် ချည်နှောင်ထားခြင်း
ကိုယ့်ရဲ့ ညီလေး နိုးကြားတောင့်တင်းနေတဲ့ ခံစားချက်ကို အချိန်အကြာကြီး ခံစားချင်လို့ဆိုပြီး သွားရေပင်များ၊ ကြိုးများဖြင့် စည်းနှောင်ထားခြင်းသည် ကွီးတို့ရဲ့ ညီလေးအတွက် အန္တရာယ်များပါတယ်။ သဘာဝအတိုင်း အိပ်ရာထနေခြင်းသည် သွေးများက အမျိုးသားအင်္ဂါဆီသို့ စီးဆင်းသွားခြင်းကြောင့်ဖြစ်ပြီး၊ သဘာဝနည်းလမ်းဖြင့် မဟုတ်ဘဲ သွားရေပင်ဖြင့် စည်းနှောင်ထားခြင်းသည် သွေးလှည့်ပတ်မှုကို တိခနဲ ဖြတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ ထိုကဲ့သို့ လက်တည့်စမ်း ခြင်းကြောင့် အရေးပေါ်ခန်းသို့ ရောက်သွားကြတဲ့ အမျိုးသားထုကြီးတွေလည်း မနည်းမနောပါပဲ။
ဆီးလမ်းကြောင်းအပေါက်ထဲသို့ တွေ့သမျှအရာ ထိုးသွင်းထားခြင်း
ဒါကလည်း နောက်ထပ် နည်းလမ်းနဲ့ လက်တည့်စမ်း ခြင်း တစ်မျိုးပါပဲ။ ဒီလိုမျိုး လက်တည့်စမ်းလိုက်တဲ့အခါ ဆီးလမ်းကြောင်းသို့ ပိုးဝင်ပြီး ကွီးတို့ရဲ့ ညီလေးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာကို သတိပြုသင့်ပါတယ်။ ဒီလိုမျိုး ဆီးလမ်းကြောင်းအပေါက်ထဲ တွေ့ကရာ ထိုးသွင်းခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းပြေးရတဲ့ ကွီးတို့လည်း ဒုနဲ့ ဒေးပါပဲ။
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ညီလေးကို ဘာ့ကြောင့် လက်တည့်မစမ်းသင့်သလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
တွေ့ကရာ နည်းလမ်းတွေ အသုံးပြုပြီး လက်တည့်စမ်း မယ်ဆိုရင်တော့ သူလည်း ခံနိုင်မှာ မဟုတ်ပါဘူး။
ကွီးတို့ရော အရင်က ဘယ်လိုမျိုး အထူးအဆန်းတွေ လျှောက်လုပ်ဖူးပါသလဲ။
Source: Buzzfeednews
Featured Image: Nypost