ကွီးတို့ရေ ကိုယ်အသုံးပြုနေတဲ့ လက်ပ်တော့ ကို ရေရှည်အသုံးပြုနိုင်အောင်နဲ့ ၎င်းရဲ့စွမ်းဆောင်ရည်၊ သက်တမ်း စတာတွေ လျင်လျင်မြန်မြန် လျော့ကျမသွားအောင်က ကိုယ့်ရဲ့ကိုင်တွယ်ပုံနဲ့ ထိန်းသိမ်းမှုပေါ်မှာ အများကြီးမူတည်ပါတယ်။ ဂရုတစိုက်နဲ့ ကိုင်တွယ်ထိန်းသိမ်းရင် ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် လက်ပ်တော့ တစ်လုံးရဲ့ သက်တမ်း ကို ထိန်းသိမ်းနိုင်မယ့် အခြေခံအချက်လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မျက်နှာပြင်

လက်ပ်တော့ သက်တမ်း

Photo : laptop Mag

ကွီးတို့ လက်ပ်တော့ရဲ့ မျက်နှာပြင်ကို သန့်ရှင်းနေအောင် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ ဖုန်မှုန့်နှင့် အစွန်းအထင်းများကို ပျော့ပျောင်းသော အဝတ်ဖြင့် ညင်သာစွာ သုတ်ပေးခြင်းဖြင့် အခြေခံ သန့်ရှင်းရေးကို ပြုလုပ်ပါ။ ဒါမှမဟုတ် ကွန်ပျူတာ မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်တဲ့ သန့်စင်ဆေး အချို့ကိုအသုံးပြုနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်နေစဉ် ဖြစ်စေ၊ ပုံမှန်အသုံးပြုနေချိန်မှာ ဖြစ်စေ လက်ပ်တော့ထဲသို့ မည်သည့်အရည်များ မဝင်အောင် သတိပြုပါ။ တောက်ပသော အလင်းရောင်များက လက်ပ်တော့ မျက်နှာပြင်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် နေရာင်ခြည်ပြင်းသော နေရာများမှာ လက်ပ်တော့ တိုက်ရိုက်ထားခြင်းကို ရှောင်ပါ။

ကီးဘုတ်

လက်ပ်တော့ သက်တမ်း

Photo : Apartment Therapy

လက်ပ်တော့ ကီးဘုတ်ရဲ့ ခလုတ်ကြားတွေမှာ ဖုန်မှုန့်နဲ့ အညစ်အကြေးများ လွယ်လွယ်ကူကူ စုပုံတတ်ပါတယ်။ ကီးဘုတ်ပေါ်ရှိ အညစ်အကြေးများက တစ်ခါတစ်ရံမှာ လက်တော့ပ်ရှိ ပြင်းထန်သော ဆားကစ်ပြတ်တောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် နူးညံ့သောအ၀တ်စ သို့မဟုတ် ဘရပ်ရှ်ကို အသုံးပြုပြီး ကီးဘုတ်ကိုလည်း ပုံမှန် သန့်ရှင်းရေးလုပ်ပါ။ တကယ်လို့ကီးဘုတ်မှာ အပျက်အစီးတွေ ဖြစ်တာမျိုးဆိုရင် ကျွမ်းကျင်မှုမရှိဘဲကိုယ်တိုင်ဖြုတ်တာမျိုး မလုပ်ပါနဲ့။ ပြုပြင်ရန်အတွက် ကျွမ်းကျင်သော Services ထံကို အပ်နှံပါ။

ဘက်ထရီ

Photo : Smarter IT

လက်ပ်တော့တစ်လုံးမှာ ပုံမှန်အားဖြင့်  ပါဝါမုဒ်လေးခုကို ပါဝင်ပါတယ်။  Battery Saver ၊ Better Battery ၊ Better Performance နဲ့ Best Performance တို့ပဲ ဖြစ်ပါတယ်။ ကွီးတို့က ဘက်ထရီကို ချွေတာချင်တယ်ဆိုရင် Battery Saver Mode ကိုဖွင့်ဖို့ လိုပါတယ်။ Battery Saver Mode ကိုဖွင့်ဖို့အတွက် Taskbar ရှိ ဘက်ထရီအိုင်ကွန်ကို နှိပ်ပြီး ဘက်ထရီချွေတာသည့်မုဒ်ကိုဖွင့်ရန် ဘယ်ဘက်အကျဆုံး အနေအထားသို့ ဆွဲယူပါ။ ဒါ့အပြင် အသုံးမပြုသောအက်ပ်များကို ပိတ်ခြင်း၊ ပြင်ပစက်ပစ္စည်းများကို ချိတ်ဆက်မှုဖြတ်ခြင်း၊ မျက်နှာပြင်တောက်ပမှုကို လျှော့ချခြင်းစသည်တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းကို ကြာရှည်စွာခံရန်အတွက် Battery Protection ကိုအသုံးပြုနိုင်ပါတယ်။ PC Manager မှာ မတူညီတဲ့ အားသွင်းမုဒ်တွေ ပါဝင်ပါတယ်။ ဘက်ထရီကာကွယ်ရေးကို ဖွင့်ပြီးနောက် မတူညီသောအခြေအနေများအလိုက် မုဒ်ကို ချိန်ညှိနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ဘက်ထရီသက်တမ်းကို ကြာရှည်စေရန်နဲ့ အားသွင်းသည့်ကြာချိန်နှင့် အချိန်များကို ထိရောက်စွာ လျှော့ချနိုင်ပါတယ်။

Hard Disk စွမ်းဆောင်ရည်

Photo : Story Blocks

အလုပ်လုပ်နေစဉ်အတွင်း သို့မဟုတ် လက်ပ်တော့ဖွင့်ထားစဉ်အတွင်းမှာ လှုပ်ခါခြင်း၊ ပြင်းပြင်းထန်ထန်ရွေ့လျားမှုကို ပြုလုပ်ခြင်းက လက်ပ်တော့ရဲ့ Hard Disk ကိုထိခိုက်စေပါတယ်။ လက်ပ်တော့ကို အလွန်အမင်း မကြာခဏ ရွှေ့ခြင်းကို ရှောင်ကြဉ်ပြီး အပြင်သို့ ယူဆောင်သွားပါက လက်ပ်တော့ကို ပိတ်ထားတာ သေချာပါစေ။

အခုဖော်ပြပေးလိုက်တဲ့အချက်လေးတွေက ရိုးရှင်းပြီး လိုက်နာရတာ လွယ်ကူတဲ့ အခြေခံအချက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်ပ်တော့ ရေရှည်အသုံးခံပြီး သက်တမ်း ကြာရှည်အောင် ဒီအချက်လေးတွေကို လိုက်နာကြည့်ဖို့ မမေ့ပါနဲ့နော်။

Source : TK Download

Featured Photo : Unplash