တစ်ကိုယ်ရည် အာသာဖြေ လက်သိုင်းကျင့် တာကြီးကို စွဲလမ်းနေမိပြီဆိုရင်တော့ ကွီးတို့ ချက်ချင်း ရပ်တန့်ဖို့ လိုပါပြီ။ အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ် စွမ်းအင်ပမာဏကို ကျဆင်းစေသလို နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေ ပျက်ကွက်စေနိုင်ပြီး စိတ်ဖိစီးမှုများတာ ၊ အာရုံစိုက်ဖို့ ခက်ခဲတာ စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေများစွာကို ခံစားရစေနိုင်ပါတယ်။ ဒါဆို တစ်ကိုယ်ရည် အာသာဖြေခြင်းကို ဘယ်လိုလျော့ကြမလဲ ??? ကျွမ်းကျင်ပညာရှင်တွေ မျှဝေပေးထားတဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း အလေ့အထကို ရပ်တန့်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ဒီဆောင်းပါးလေးကနေ မျှဝေပေးပါမယ်။

(၁) ကိုယ်လက် လှုပ်ရှားမှု လုပ်ပါ

Workout

Photo : Verywell Fit

ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု လုပ်ဆောင်တာဟာ လိင်မှုဆိုင်ရာ အလေ့အလတွေအပေါ် စွဲလန်းမှု ပြဿနာအတွက် ကျန်းမာတဲ့ ထွက်ပေါက်တစ်ခု ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်တာဟာ ဦးနှောက်အတွင်းမှာရှိတဲ့ Dopamine ဟော်မုန်းပမဏကို တိုးမြင့်စေပြီး စိတ်ပိုင်းဆိုင်ရာ ပြေလျော့မှု ရစေသလို လိင်စိတ်ဆန္ဒ စွဲလမ်းတပ်မက်တွေကို လျှော့ချပေးနိုင်ပါတယ်။ ကွီးတို့က လက်သိုင်းကျင့် တဲ့ အလေ့အထကြီးကို စွဲစွဲလမ်းလမ်း လုပ်နေမိတယ် ဆိုရင်တော့ လေ့ကျင့်ခန်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၂) ဝါသနာ အသစ်အဆန်းတစ်ခုခု အစပျိုးကြည့်ပါ

Man Painting

Photo : Dispatch Argus

တစ်ကိုယ်ရည် အာသာဖြေ လက်သိုင်းကျင့် ခြင်းအလေ့အထကို အာရုံလွဲဖို့အတွက် အလေ့အကျင့်အသစ်တစ်ခုနဲ့ အစားထိုးနိုင်ပါတယ်။ ဥပမာ ကွီးတို့က စာဖတ်တာ ဝါသနာပါလား ဒါမှမဟုတ် ပန်းချီဆွဲတာ ၊ ဂီတတူရိယာ တီးခတ်ခြင်းကဲ့သို့ လုပ်ဆောင်မှုတွေကို ဝါသနာပါလား ဆန်းစစ်ကြည့်ပါ။ ကိုယ့်အတွက် စိတ်ဝင်တစားရှိပြီး တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တင်ပေးနိုင်တဲ့ ဝါသနာအသစ်တစ်ခုခုကို ထွက်ပေါက်အနေနဲ့ အသုံးပြုကာ လိင်မှုဆိုင်ရာ လှုပ်ရှားမှု အလေ့အထတွေအပေါ် အာရုံစိုက်မိနေတဲ့ အတွေးအမြင်နဲ့ စိတ်အာရုံတွေကို ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်။

(၃) လက်သိုင်းကျင့်ဖို့ ဦးတည်စေတဲ့ အမူအကျင့်တွေကို ချိုးဖျက်ပါ

Porn Addiction

Photo : Verywell Mind

တစ်ကိုယ်ရည် အာသာဖြေချင်စိတ်ကို လှုံ့ဆော်ပေးနေတဲ့ အစပျိုးမှု အလေ့အကျင့်တွေကို ချိုးဖျက်ဖို့ လိုပါတယ်။ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ လွှမ်းမိုးထားတဲ့ အရာတွေကို ရပ်တန့်တားဆီးဖို့ပါ။ ဥပမာအားဖြင့် ညစ်ညမ်းရုပ်ရှင်တွေ ကြည့်ဖြစ်နေလား ၊ ညစ်ညမ်းစာပေနဲ့ ညစ်ညမ်းဝက်ဘ်ဆိုဒ်တွေ ပုံမှန်သုံးဖြစ်နေလား စသည်ဖြင့်ပေါ့။ ဒီလို လက်သိုင်းကျင့် ဖို့ကို ဦးတည်နေစေတဲ့ အမူအကျင့်တွေကို ရပ်တန့်တားဆီးနိုင်မယ်ဆိုရင် စွဲလမ်းမှုပြဿနာရှိနေတဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း အလေ့အကျင့်ကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၄) စိတ်ကို အေးချမ်းတည်ငြိမ်အောင် လေ့ကျင့်ပါ

Meditation
Photo : Men’s Health

ကွီးတို့ရဲ့ စိတ်နဲ့ အတွေးတွေအပေါ် လွှမ်းမိုးထားတဲ့ ခံစားချက်တွေအကြောင်း သေချာသတိပြုမိနိုင်ဖို့ အရေးကြီးပါတယ်။  မိမိရဲ့ စိတ်ခံစားမှုတွေကို ကိုယ်တိုင်ကောင်းမွန်စွာ သိရှိပြီး စိတ်ကို ကောင်းစွာထိန်းချုပ် ကိုင်တွယ်နိုင်မယ်ဆိုရင် စွဲလမ်းမှုဆိုတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ တက်နိုင်သမျှ စိတ်ကို အေးချမ်းငြိမ်သက်အောင် ထိန်းချုပ်ထားတာဟာ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်သလို လက်သိုင်းကျင့် မိနေတဲ့ စွဲလမ်းမှုအလေ့အထကို ရပ်တန့်ဖို့အတွက် အထောက်အကူ ပြုနိုင်ပါတယ်။ ဒါကြောင့် စိတ်အေးချမ်းစေမယ့် တရားထိုင်ခြင်း ၊ ယောဂ လေ့ကျင့်ခြင်း စတဲ့ အလေ့အထတွေကို လုပ်ဆောင်နိုင်ပါတယ်။

Source : My Fit Brain

Featured Photo : VistaCreate