လည်းပင်း တက်တူးတွေဟာ တစ်ချိန်က Gangster တွေနဲ့ ဆက်နွှယ်တဲ့ တက်တူး ဒီဇိုင်းတွေအဖြစ် လူသိများခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ ခေတ်ပေါ်  တက်တူး ဒီဇိုင်းတစ်ခု အနေနဲ့ အမျိုးသားတွေရော အမျိုးသမီးတွေကြားမှာ တစ်ကြော့ပြန် ရေးပန်းစားလာနေပါတယ်။ လည်ပင်း  တက်တူး တွေဟာ ရဲရင့်ပြီး ယောက်ျားပီသတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ကိုယ်စားပြုတဲ့ တက်တူးတွေ ဖြစ်တဲ့အပြင် အထာကျကျနဲ့ မိုက်တဲ့ တက်တူး ဒီဇိုင်းတွေ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက လည်ပင်း တက်တူးတွေက အင်္ကျီ ၊ အဝတ်အစား အောက်မှာ အလွယ်တကူ ဖုံးထားလို့မရတဲ့အတွက် တက်တူးလက်မခံတဲ့ အလုပ်ခွင်တွေမှာ လုပ်ကိုင်နေသူတွေ အနေနဲ့တော့ သေချာစဉ်းစားဖို့ လိုမှာပါ။ ကဲဒါဆို လူငယ်ဆန်ပြီး အထာကျချင်တဲ့ ကွီးတို့အတွက် လည်ပင်း ပေါ်မှာ ရေးထိုးနိုင်မယ့် အမိုက်စား တက်တူး ဒီဇိုင်းတွေကို မျှဝေပေး ချင်ပါတယ်။

(၁) အတောင်ပံ တက်တူးဒီဇိုင်း

လည်ပင်း တက်တူး

Photo : The Trend Spotter

ယောကျာ်းလေး တော်တော်များများ လည်ပင်းပေါ်မှာ တက်တူးထိုးတဲ့အခါ အဓိကအားဖြင့် လည်ပင်း အနောက်ဘက် ဂုတ်‌နေရာကို ရွေးကြတာ များပါတယ်။ ဒီနေရာက ကိုယ့်ရဲ့ တက်တူး ကိုပေါ်လွင်မှု ပိုရှိစေပြီး ထင်ရှားစေပါတယ်။ ဂုတ်နေရာမှာ တက်တူး ရေးထိုးမယ် ဆိုရင်တော့ အတောင်ပံပုံ တက်တူး ဒီဇိုင်းတွေက အကောင်းဆုံး ဖြစ်ပါတယ်။

(၂) လည်ပင်းအပြည့် တက်တူးဒီဇိုင်း

လည်ပင်း တက်တူး

Photo : The Trend Spotter

ယောကျ်ားလေးတွေအတွက် လည်ပင်းအပြည့် တက်တူးတွေကလည်း တော်တော်လေး အထာကျပါတယ်။ လူတွေကြားမှာ ထင်ရှားပေါ်လွင်မှုရှိစေတဲ့အပြင် လူတိုင်း ထိုးလေ့မရှိတဲ့ တက်တူး စတိုင်တစ်ခု ဖြစ်တာကြောင့် သာမန်ထက်ကို ထူးခြားကွဲပြားနေစေမှာ ဖြစ်ပါတယ်။ လည်ပင်းအပြည့် တက်တူး ရေးထိုးမယ်ဆိုရင်တော့ Geometric Patterns တွေ ၊ ရှုပ်ထွေးပြီး အနုစိတ်လှတဲ့ တက်တူး ဒီဇိုင်းတွေနဲ့ မင်အနက် တက်တူးဒီဇိုင်းတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

(၃) စာတန်း တက်တူးဒီဇိုင်း

လည်ပင်း တက်တူး

Photo : The Trend Spotter

တက်တူးဆို ခပ်သေးသေးနဲ့ စတိုင်ကျချင်တဲ့ ကွီးတို့အတွက်ကတော့ စာတန်း တက်တူးဒီဇိုင်းတွေ ထိုးနိုင်ပါတယ်။ စာတန်း တက်တူး တွေက ရေးထိုးချိန် အများကြီးမပေးရဘဲ နာကျင်မှုလည်း အနည်းဆုံးဖြစ်တဲ့အတွက် အခုမှစပြီး တက်တူးထိုးမယ့် သူတွေအနေနဲ့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ လည်ပင်း အရေပြားပေါ်မှာ ရိုးရိုးရှင်းရှင်းနဲ့ စတိုင်မိုက်ချင်တယ် ဆိုရင်တော့ စာတန်း တက်တူး ဒီဇိုင်းတွေ ထိုးနိုင်ပါတယ်။

(၄) သရဖူ တက်တူးဒီဇိုင်း

လည်ပင်း တက်တူး

Photo : The Trend Spotter

လူတိုင်းကတော့ ကိုယ့်ဘဝမှာ ကိုယ်သာ ဘုရင် ဖြစ်ချင်ကြသူတွေ ချည်းပါပဲ။ Crown တက်တူးဆိုတာဟာ အမျိုးသား တစ်ယောက်အနေနဲ့ ကိုယ့် ကံကြမ္မာကို ကိုယ်ဖန်တီးပြီး အောင်မြင်မှုအတွက် အဆင်သင့် ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းတာ ဖြစ်ပါတယ်။ စုံတွဲတွေအနေနဲ့လည်း ဘုရင်နဲ့ မိဖုရား Crown ပုံတက်တူး ဆင်တူ ထိုးနိုင်ပြီး လည်ပင်းပေါ်မှာ အထာကျကျနဲ့ မိမိုက်နေစေမယ့် တက်တူး ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၅) နတ်ဆိုးနဲ့ ကောင်းကင်တမန် တက်တူးဒီဇိုင်း

လည်ပင်း တက်တူး

Photo : The Trend Spotter

လည်ပင်းပေါ်မှာ ရေးထိုးလို့ လုံးဝမိုက်တဲ့ တက်တူး ဒီဇိုင်းတစ်ခုကတော့ နတ်ဆိုးနဲ့ ကောင်းကင်တမန် တက်တူး ပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အတွင်း စိတ်မှာရှိတဲ့ အကောင်း အဆိုးကို ကိုယ်စားပြုပြီး လူ့သဘော သဘာဝနှစ်ခုကို ထင်ဟပ်ပြနေတဲ့ တက်တူး ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ လူငယ်ဆန်ပြီး ထူးခြားကွဲပြားတဲ့ တက်တူးဒီဇိုင်းတွေကို ကြိုက်သူတွေအတွက် နတ်ဆိုးနဲ့ ကောင်းကင်တမန် တက်တူး ဒီဇိုင်းတွေက သေချာ ပေါက် ထိုးသင့်တဲ့ တက်တူး ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၆) နှင်းဆီပုံ တက်တူးဒီဇိုင်း

လည်ပင်း တက်တူး
Photo : The Trend Spotter

လည်ပင်းပေါ်မှာ ရေးထိုးလေ့ရှိတဲ့ တက်တူးဒီဇိုင်းတွေထဲမှာ နှင်းဆီးပန်းပုံ တက်တူးဒီဇိုင်း ကလည်း အရမ်းကို ရေပန်းစား လူကြိုက်များပါတယ်။ နှင်းဆီးပန်းပုံ တက်တူးတွေက ဘဝရဲ့ လှပတရားနဲ့ နာကျင်မှုကို ကိုယ်စားပြုတဲ့ အပြင် ချစ်ခြင်းမေတ္တာနဲ့ သေဆုံးခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေ သက်ရောက်တဲ့ တက်တူးဒီဇိုင်း တစ်ခုပါ။ လည်ပင်းပေါ်မှာ အရွယ်အစား ခပ်သေးသေးနဲ့ နှင်းဆီ တစ်ပွင့်တည်းပုံ တက်တူး ဒီဇိုင်းမျိုး ရေးထိုးနိုင်သလို ပွင့်ဖက်ကြီးကြီးနဲ့ လည်ပင်းအပြည့်နီးပါး နှင်းဆီပန်းပုံ ထိုးမယ် ဆိုရင်လည်း တကယ်ကို လိုက်ဖက်မှု ရှိပါတယ်။ နှင်းဆီပုံတက်တူးတွေက ကဗျာဆန်ပြီး အနုပညာ ဝါသနာပါသူတွေ ရွေးချယ်သင့်တဲ့ အမိုက်စား တက်တူး ဒီဇီုင်းတစ်ခု ဖြစ်ပါတယ်။

Featured Photo : Unsplash