စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ် လည်ပတ်မှု စနစ်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိပါတယ်။ စိတ်ကျနေရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဆိုးရွာစွာ ထိခိုက်စေနိုင်သလို ကွီးတို့ရဲ့ လိင်မှုဘဝ ကျန်းမာရေးအပေါ်မှာလည်း ဆိုးကျိုးများစွာ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ စိတ်ကျရောဂါ ကြောင့် မိမိကိုယ်ကိုယ် တန်ဖိုးထားမှုဆိုင်ရာ အခက်အခဲတွေ ၊ ပါတနာနဲ့ ချစ်ခင်ရင်းနှီးမှု ဆက်ဆံရေး ပြဿနာတွေ ၊ လိင်မှုရေးရာ ကိစ္စတွေအပေါ် စိတ်ဝင်စားမှု လျော့ကျတဲ့ အခြေအနေအပြင် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ပန်းသေပန်းညိုး ပြဿနာ ကြုံရနိုင်တယ်

depression

Photo : Southeast Medical Group

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ လိင်အင်္ဂါ ကမောက်ကမဖြစ်မှု ပန်းသေပန်းညိုး ပြဿနာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဓာတ်ကျခြင်းကြောင့် အမျိုးသားတွေမှာ လိင်တံ ကျန်းမာသန်စွမ်းမှု လျော့ကျတဲ့ ပြဿနာ အဖြစ်များသလို စိတ်ကျရောဂါကု ဆေးဝါးတွေဟာလည်း လိင်အင်္ဂါ ကမောက်ကမ ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။

(၂) လိင်စိတ် နိုးကြားတက်ကြွမှု ကျဆင်းလာမယ်

depression

Photo : The Independent

လိင်စိတ်ဆိုတာ ဦးနှောက်ကနေ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတုတုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက ကျဆင်းပြီး ဓာတုဓာတ်ပြုမှုအပေါ် အနှောင့်အယှက် အဟန့်အတား ဖြစ်စေတာကြောင့် လိင်စိတ်နိုးကြားတက်ကြွမှု လျော့ကျလာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရချိန်မှာ ဦးနှောက်က ဖိစီးမှုတွေ များလာပြီး လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု လျော့နည်းတာ ၊ လိင်စိတ်နိုးကြားမှု ကျဆင်းတာတွေ ဖြစ်စေတာ ဖြစ်ပါတယ်။

(၃) အထွတ်အထိပ် ခံစားမှုရဖို့ ခက်လာမယ်

depression

Photo : InYou Wellness

စိတ်ကျရောဂါ ခံစားနေရချိန်မှာ လိင်ကိစ္စ လုပ်ဆောင်မယ် ဆိုရင်တောင် ခံစားမှု ပြည့်ပြည့်ဝဝ မရနိုင်ပါဘူး။ The Journal of Sexual Medicine က ထုတ်ဝေတဲ့ လေ့လာမှုစစ်တမ်း တစ်ခုအရ စိတ်ကျရောဂါ ခံစားနေရတဲ့ သူတွေဟာ လိင်မှုဆိုင်ရာ ရင်းနှီးမှု တွန်းအား ကျဆင်းတာကြောင့် ပါတနာနဲ့ အတူနေချိန်မှာ ခံစားမှု ကောင်းကောင်း မရနိုင်ပဲ အထွတ်အထိပ် အော်ဂဇင်ကို ရောက်ရှိဖို့ ခက်ခဲတယ်လို့ ဆိုထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက ပါတနာနဲ့ ရင်းနှီးမှု ၊ လိင်စိတ်နိုးကြားမှုတွေကို ကမောက်ကမ ဖြစ်စေနိုင်တဲ့အတွက် ဆက်ဆံချိန်မှာ ခံစားမှု ကောင်းကောင်း ရရှိနိုင်ဖို့ ခက်ခဲစေတာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Health & Her