လိင်မှုသုခ ကို ခံစားနိုင်စွမ်းမြင့်တဲ့ နေရာတွေကို ကာမခလုတ်တွေလို့ ခေါ်ကြပါတယ်။ ခလုတ်ဖြုတ်တတ် သူတို့အဖို့ လိင်မှုကိစ္စမှာ ပျော်ပျော်ကြီး ရှေ့ဆက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေအတွက် ကိုယ့်ချစ်သူ ကာမသုခ ခလုတ်တွေ ရှိတဲ့ နေရာတွေထဲက တချို့အကြောင်း ဖော်ပြပေးချင်ပါတယ်။

(၁) လည်ကုပ်

Nape

Photo: Pexels

လည်ကုပ်ဟာ အမျိုးသား ၊ အမျိုးသမီး နှစ်ဦးစလုံးအတွက် အာရုံခံစားမှုမြင့်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်အဖို့ သူ့ချစ်သူက လည်ပင်းတစ်ဝိုက်ကို လာနမ်းလိုက်ရင် ပြောမပြတတ်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၂) နားရွက်ဖျား

Couple

Photo : Pexels

နားရွက်ဖျားမှာ အာရုံကြော ရာပေါင်းများစွာ စုဝေးနေပါတယ်။ဒါကြောင့်ပဲ နားရွက်ဖျားကို ဖွဖွလေးကိုက်ပြီး လျှာနဲ့ ပွတ်သပ်လိုက်ရင် အကြောပေါင်း တစ်ထောင် စိမ့်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။

(၃) လက်ဖဝါးနဲ့ လက်ချောင်းထိပ်များ

Fingers

Photo: Pexels

Porn ကားတွေထဲက ဆွဲဆောင်မှုပြင်းတဲ့ မင်းသမီးတွေဟာ သူ့ပါတနာရဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်းစုပ်တာ မြင်ဖူးကြမှာပါ။ တကယ်တော့ အဲ့ဒါဟာ ဖြည်းဖြည်းချင်းနဲ့ သူ့ကောင်လေးကို လိင်မှုကိစ္စမှာ စိတ်ပါလာအောင် ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ ဒီအချက်ကို ကွီးတို့လည်း ကိုယ့်ကောင်မလေးနဲ့ လက်တွေ့စမ်းသပ်ကြည့် နိုင်ပါတယ်။

(၄) ဗိုက်အောက်ပိုင်း

Couple Love

Photo : Pexels

ချက်တစ်ဝိုက် ဗိုက်အောက်ပိုင်းကလည်း လိင်မှုသုခ နှိုးဆွနိုင်တဲ့ နေရာပါပဲ။ ကျား/မအင်္ဂါစပ်ရဲ့ အပေါ်ဘက်မှာ မွှေးမွှေးပေးတာ ၊ လျှာလေးနဲ့ တို့တာနဲ့တင် သင့်ပါတနာ ထွန့်ထွန့်လူး သွားနိုင်ပါတယ်။

(၅) မြီးညှောင့်ရိုး

Bed

Photo : Pexels

တင်ပါးအပေါ်ဘက် အရိုးဆစ်နေရာမှာ ရှိတဲ့ မြီးညှောင့်ရိုးနေရာကလည်း အာရုံခံစားမှုကို တံခါးဖွင့်ပေးနိုင်တဲ့ နေရာပါ။ ဒီနေရာကို Massage Gel ဒါမှမဟုတ် Essential Oil လေးနဲ့ လိမ်းပြီး နှိပ်ပေးရင် ဇိမ်ရှိမှုနဲ့အတူ လိင်မှုဆန္ဒ တွေ တဖွားဖွား ပေါ်ပေါက်လာတတ်ပါတယ်။

Featured Photo : Verywell Mind