လီဗာပူး အသင်းကတော့ လာမယ့် တနင်္ဂနွေညမှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ အထင်ကြီးစရာ ပုံစံကောင်းတွေနဲ့ နိုင်ပွဲတွေ ဆက်တိုက်ရနေတဲ့ လီဗာပူးအသင်းက ဗုဒ္ဓဟူးနေ့ညမှာ ရီးယဲလ်မက်ဒရစ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ အပတ်က ဆောက်သမ်တန်ကို ၃ -၂ ဂိုးနဲ့ အနိုင်ရလဒ် ဖော်ဆောင်ထားပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ချန်ပီယံအသင်း ကို ၈ မှတ် ဖြတ်ထားပါတယ်။
Photo : bsc-int.co.jp
မန်စီးတီး အသင်းကတော့ စနေနေ့မှာ စပါးကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဖီယင်နုအသင်းကို ၃ – ၃ ဂိုးနဲ့ သရေ ကျခဲ့ပါတယ်။ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေ တဲ့ မန်စီးတီးအသင်းဟာ ဂွါဒီယိုလာရဲ့ နည်းပြ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ (၆) ပွဲဆက်နိုင် ပွဲပျောက်ဆုံးနေခဲ့ပြီး အန်ဖီးလ်မှာပါ ထပ်ရှုံးခဲ့မယ်ဆိုရင် ၅ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်ဟာ ဝေဝါးရတော့မှာပါ။
Photo : The Independent
ခံစစ်ပိုင်းရော တိုက်စစ်မှာပါ အားနည်းချက်တွေ ရှိနေတဲ့ ချန်ပီယံဆုရှင်တွေကတော့ လက်ရှိအကောင်းဆုံး ပုံစံတွေနဲ့ ခြေစွမ်းပြနေတဲ့ လီဗာပူး အသင်းကို အဝေးကွင်းမှာ သွားရောက် ကစားရမယ့် ဒီပွဲဟာ သေချာပေါက် အကြိတ်အနယ်ရှိနေမှာ ဖြစ်ပြီး လီဗာပူးရဲ့ နိုင်ပွဲတွေကို ရပ်တန့်နိုင်မလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အားကစားဝါသနာရှင် ကွီးပရိသတ်တွေရော ပြိုင်ဆိုင်မှု ပြင်းထန် မယ့် လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုကနေ ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာ နိုင်မလဲဆိုတာ ကွန်းမန့်မှာ သုံးသပ်ပေးခဲ့ပါဦး။
Featured Photo : Football FanCast