ကွီးတို့ရဲ့ စကီလေးနဲ့ ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ ချစ်တင်းနှော ချင်ပါသလား။ သက်လုံကောင်းပြီး စွမ်းဆောင်ရည် အပြည့်နဲ့ စွမ်းဆောင်နိုင်ဖို့ဆိုရင်တော့ အခုဖော်ပြမယ့် အကျင့်ဆိုးတွေကို ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။ ဒီအကျင့်ဆိုးတွေကို လုပ် နေသရွေ့တော့ ကွီးတို့သည် ဖဲမွေ့ရာထက်မှာ အချိန် ကြာကြာ ချစ်တင်းနှော နိုင်မှာ မဟုတ်ပါဘူး။

အသင့်စား အစားအစာများကို အလွန်အကျွံ​ စားသုံးခြင်း

junk food

ကွီးတို့က ကွီးတို့ ခန္ဓာကိုယ်ကို ဘယ်လို အစားအစာများကို ခွန်အားများ ဖြည့်တင်းသလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အသင့်စား အစားအစာများနဲ့သာ စားသုံးပြီး အသင့်စား အစားအစာများနဲ့သာ ဖြည့်တင်းနေမယ် ဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်ထဲမှာ ကာဘိုဟိုက်ဒြိုက်ဓာတ်များ၊ သကြားများ၊ အဆီ အဆိမ့်များနဲ့ ပြည့်နှက်နေမှာပဲ ဖြစ်ပါတယ်။ ထိုအစားအစာများကို စားသုံးမယ့်အစား ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနဲ့ အပင်မှ ရတဲ့ ပရိုတင်းများ ဥပမာ တို့ဟူး၊ ပဲအမျိုးမျိုး အစရှိသည်တို့ကို စားသုံးဖို့ လိုအပ်ပါတယ်။

အငန် အလွန်အကျွံ စားသုံးခြင်း

လုပ် အချိန် ချစ်တင်းနှော

ကွီးတို့ နေ့စဥ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားကိုရော အလွန်အကျွံ ထည့်သွင်း စားသောက်လေ့ ရှိပါသလား။ ဒါဆိုရင်တော့ ကွီးတို့သည် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုး ရောဂါကို ခံစားရနိုင်ခြေ များပါတယ်။ ဒါ့ကြောင့် ကွီးတို့ နေ့စဥ် စားသုံးတဲ့ အစားအစာများထဲတွင် အငန် ဓာတ်ကို လျော့ပြီး စားသုံးဖို့ လိုအပ်ပါတယ်။ အငန်ဓာတ် အစား အခြားသော ဟင်းခပ် ပါဝင်ပစ္စည်းများ အစားထိုးကာ စားသုံးသင့်ပါတယ်။​

စိတ်ဖိစီးမှု များနေခြင်း

လုပ် အချိန် ချစ်တင်းနှော

ကွီးတို့ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှု များနေပြီး ပိတ်လှောင်နေတယ်လို့ ခံစားရတဲ့အခါမှာ ကွီးတို့ ညီလေးကလည်း ဟိုစိတ် ဒီစိတ်တွေ ရှိနေမှာ မဟုတ်ဘဲနဲ့ ဘာဆို ဘာမှ မလုပ်ချင် ဖြစ်နေမှာပါ။ ဒီလို မဖြစ်ဖို့ဆိုရင် ကွီးတို့ ခံစားနေရတဲ့ စိတ်ဖိစီးစရာများကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်မှသာလျှင် ကွီးတို့ ညီလေးက ကွီးတို့ကို ကျေးဇူးတင်နေမှာပါ။

တစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ ပြုလုပ်နေခြင်း

လုပ် အချိန် ချစ်တင်းနှော

ကွီးတို့က ကွီးတို့ စကီလေးနဲ့ ချစ်တင်းနှောတဲ့အခါ သိုင်းကွက်တစ်မျိုးတည်းကိုပဲ ထုတ်သုံးပြီး ချစ်တင်းနှောတာမျိုးလား။ ဒါဆိုရင်တော့ ထိုအချက်ကို မြန်မြန် ရှောင်ကြဥ်သင့်ပါပြီ။ ကွီးတို့အနေနဲ့ သိုင်းကွက် တစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲ အသုံးပြုမယ့်အစား မတူညီတဲ့ သိုင်းကွက်အမျိုးမျိုးကို ထုတ်သုံးပေးမယ် ဆိုရင်တော့ ကွီးတို့ နှစ်ဦးသားစလုံးအတွက် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာများ ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး ပျော်ရွှင်ဖွယ်ရာ အတိပြီးနေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့လည်း ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ ချစ်တင်းနှောနိုင်မှာ မယုံမရှိပါနဲ့။

အခုဖော်ပြသွားတဲ့ အကျင့်ဆိုး များကို မ ပြု လုပ် မိဖို့ လိုအပ်ပြီး မတော်လို့ လုပ်မိတယ်ဆိုရင်တော့ အချိန် ကြာကြာ ချစ်တင်းနှော တဲ့နေရာမှာ အနှောင့်အယှက်တစ်ခုလို ဖြစ်နေမှာပါ။

ကွီးတို့ရော ဒီအချက်များကို ပြုလုပ်နေမိပြီလား။

Source: Edition.cnn.com

Featured Image: Myupchar.com