ကိုယ်ပိုင်လုပ်ငန်း စတင်ဖို့ဆိုတာ အမြဲတမ်းခက်ခဲတဲ့ အခြေအနေ တစ်ခုပါပဲ။ ဝန်ထမ်းအလုပ်နဲ့ ယှဉ်ရင် အစစအရာရာမှာ ခက်ခဲမှု ၊ စိန်ခေါ်မှုတွေ ပိုများလာပြီး လုပ်ငန်းတိုးတက်အောင်မြင်ဖို့ ၊ ရေရှည်ရပ်တည်နိုင်ဖို့ ၊ စီးပွားရေးလောကမှာ နာမည်ကောင်းတစ်ခု တည်ဆောက်နိုင်ဖို့အပြင် ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ ၊ အသေးအမွှား ကိစ္စတွေ အားလုံးကအစ တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Startup တစ်ခု စတင်ဖို့‌ကြံနေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ လုပ်ငန်းတစ်ခု အချိန်ကြာကြာ တည်တန့်ခိုင်မာပြီး ရေရှည်ရပ်တည် နိုင်ဖို့ သိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခိုင်မာတဲ့ အစီအစဉ်တစ်ခုနဲ့ စတင်ပါ

Photo : iStock

လုပ်ငန်းတစ်ခု ရေရှည်ရပ်တည် နိုင်တယ်ဆိုတာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကောင်းတစ်ခု ရှိလို့ပါ။ စီးပွားရေး လုပ်ငန်းတိုင်းအတွက် Business Plan က အရေးကြီးပါတယ်။ ပထမဦးဆုံး အကြိမ်အနေနဲ့ စတင်မယ့် လုပ်ငန်းအတွက် Business Plan ရေးဆွဲရာမှာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဒီအဆင့်ကိုကျော်သွားလို့တော့ မရပါဘူး။ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ ရေတို/ ရေရှည် ရည်မှန်းချက်အားလုံး ထည့်စဉ်းစားသင့်ပြီး သင်လုပ်ဆောင်ရမယ့် လုပ်ငန်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ အားလုံးကို ထည့်သွင်းရေးသားကာ စနစ်တကျအစီအစဉ်ချဖို့ လိုပါတယ်။ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် ၊ ခိုင်မာတဲ့ အစီအစဉ်တစ်ခုနဲ့ လုပ်ငန်းကို စတင်ခြင်းက အောင်မြင်တဲ့ Startup လုပ်ငန်းတစ်ခု ဖြစ်လာစေမယ့် အခြေခံ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

(၂) ဈေးကွက် သဘောတရားကို နားလည်ပါ

Photo : iStock

သင့်ရဲ့ ကုန်ပစ္စည်းကို ဈေးကွက်မှာ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုရင် ဈေးကွက် သဘောတရားကို ကောင်းကောင်း နားလည်ပြီး နှောကြေနေဖို့ လိုပါတယ်။ ကိုယ်ရဲ့ ထုတ်ကုန်ပစ္စည်းက ဘယ်ဈေးကွက်မှာ ထိုးဖောက်ဖို့ ပစ်မှတ်ထားလဲ။ ဈေးကွက်အခြေအနေနဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်း ကရော ကိုက်ညီမှု ရှိရဲ့လား။ စားသုံးသူတွေရဲ့ လိုချက်က ဘာဖြစ်မလဲ ၊ ကိုယ်ဘက်က အကောင်းဆုံးဝန်ဆောင်မှု ဘယ်လိုပေးနိုင်မလဲဆိုတာ ချိန်ညှိပြီး ဈေးကွက်အခြေအနေကို နားလည်အောင် အရင်ဆုံးလေ့လာထားသင့်ပါတယ်။

(၃) ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲပါ

Photo : iStock

စီးပွားရေးလုပ်ငန်းတစ်ခုဟာ သမားရိုးကျလမ်းကြောင်းအတိုင်း သွားနေရင် အောင်မြင်ဖို့ ကြန့်ကြာနိုင်သလို အချိန်ကြာလာတာနဲ့ အမျှ ဈေးကွက်ထဲကနေ ပျောက်ကွယ်သွားနိုင်ပါတယ်။ လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်ဖို့ဆိုရင် လက်ရှိ စားသုံးသူတွေရဲ့ လိုအပ်ချက်နဲ့ ပြောင်းလဲမှုတွေကို အမြဲမျက်ခြေမပျက် စောင့်ကြည့်နေဖို့ လိုပါတယ်။ ထို့အတူ သင့်ရဲ့ ပြိုင်ဖက်လုပ်ငန်းတွေကိုလည်း အမြဲလေ့လာစောင့်ကြည့်နေသင့်သလို ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲမှုတွေပေါ်လိုက်ပြီး ဈေးကွက်ထိုးဖောက်တဲ့ နည်းဗျူဟာအသစ်တွေ သုံးရမှာ ဖြစ်ပါတယ်။

(၄) တော်တဲ့ထက်တဲ့ လူတွေနဲ့ လုပ်ငန်းကို ဝန်းရံပါ

 လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်

Photo : iStock

လုပ်ငန်းတစ်ခု ကောင်းကောင်းလည်ပတ်နိုင်ဖို့က ခက်ခဲတာကြောင့် ကိုယ့်လုပ်ငန်း ပတ်ဝန်းကျင်မှာ တော်တဲ့ထက်တဲ့ မှန်ကန်တဲ့လူတွေရှိဖို့ သေချာပေါက် လိုပါတယ်။ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ၊ ဝန်ထမ်းကောင်းတွေက လုပ်ငန်းတစ်ခုရဲ့ တိုးတက်မှုအဆင့်တိုင်းအတွက် အရေးပါပါတယ်။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ဒီထက်မက တိုးတက်အောင်မြင်အောင် လုပ်ဆောင်ချင်တယ်ဆိုရင် မှန်ကန်တဲ့ အသင်းအဖွဲ့တစ်ခု ရှိထားဖို့လိုမှာပါ။ အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်သူတွေ ၊ ဈေးကွက်သဘောတရားကို ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းကို ဝန်းရံပါ။ လိုအပ်ပါက ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီကနေလည်း အကူညီနဲ့ အကြံဉာဏ်တွေ ရယူသင့်ပါတယ်။

Featured Photo : Money Marketing