ဖက်ရှင်ဟာ လူတစ်ယောက်ရဲ့ ပုံပန်းအသွင်အပြင်ကို များစွာ ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။ ကိုယ့်ခန္ဓာကိုယ် အမျိုးအစားအလိုက် မှန်ကန်တဲ့ ဖက်ရှင်ကို သေချာလေး ရွေးချယ် ဝတ်စားတက်မယ်ဆိုရင် ပိုပြီး ကြည့်ကောင်းစမတ်ကျတဲ့ သူတစ်ယောက် သေချာပေါက် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရပ်ပုပု လူကောင်းသေးသေး ကွီးတို့ အတွက် သိထားရမယ့် Styling Tips တွေကို မျှဝေပေးချင်ပါတယ်။
(၁) ခပ်ပွပွ အဝတ်အစားတွေ လက်ရှောင်ပါ
Photo : Styled By Sally
ပွပွချောင်ချောင် အဝတ်အစားတွေက ဝတ်ရတာ ပေါ့ပါးလွတ်လပ်မှု ရှိတယ်ဆိုပေမယ့် လူကောင်သေးတဲ့ ကွီးတို့အတွက်တော့ အိပ်မက်ဆိုးပါပဲ။ Loose-Fitting အဝတ်အစားတွေဝတ်ရင် အရပ်ပိုတို သွားစေသယောင် ဖြစ်စေပြီး ခန္ဓာကိုယ်ကို ပိုပြီး ညှက်သွားတဲ့ ပုံပေါက်စေပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဘော်ဒီ အချိုးအစားနဲ့ Fitting ကျကျ ၊ ဆိုဒ်မှန်တဲ့ အဝတ်အစားတွေကိုပဲ သေချာရွေးဝတ် သင့်ပါတယ်။
(၂) ခါးပတ် မဝတ်ပါနဲ့
Photo : GQ
အရပ်ပုတဲ့ ကွီးတို့ အနေနဲ့ ဘောင်းဘီတွေ ဝတ်တဲ့အခါ တက်နိုင်သမျှ ခါးပတ် မဝတ်ဖို့ အကြံပေးချင်ပါတယ်။ ခါးပတ်တွေက ခါးလည်ပိုင်းမှာ အလျားလိုက် ကန့်လန်ဖြတ် မျဉ်းတစ်ခုပုံစံ ဖြစ်စေတဲ့အတွက် အရပ်ပုပိုပြီး ဝတဲ့ပုံ ပေါက်စေမှာ ဖြစ်ပါတယ်။
(၃) သင့်လျော်တဲ့ Accessories တွေ ဝတ်ပါ
Photo : Prime Ambassador
ကိုယ့်ခန္ဓာကိုယ် အချိုးအစား အလိုက် သင့်လျော်ပြီး လိုက်ဖက်မှုရှိတဲ့ ဖက်ရှင် Accessories တွေကို ရွေးချယ်ဝတ်သင့်ပါတယ်။ ဥပမာအားဖြင့် ကိုယ်က လူကောင်းသေးတဲ့အတွက် လက်ကောက်ဝတ်က ခပ်သေးသေးပဲ ရှိတယ်ဆိုရင် ဆိုဒ်ကြီးတဲ့ လက်ပတ်နာရီအစား ပိုသေးတဲ့ နာရီတစ်လုံးကို ရွေးချယ်ဝတ်ဆင် သင့်ပါတယ်။
(၄) ခါးအမြင့် ဘောင်းဘီတွေ ရွေးပါ
Photo : FashionBeans
ခါးအနိမ့်ဘောင်းဘီတွေက ကွီးတို့ကို ပိုပြီး အရပ်ပုစေတဲ့ပုံ ပေါက်စေပါတယ်။ ဒါကြောင့် Medium သို့မဟုတ် High Waisted Pants တွေ ရွေးဝတ်ပါ။ ခါးအမြင့် ဘောင်းဘီတွေကတော့ ခြေထောက်တွေကို ပိုရှည်တဲ့ပုံ ပေါက်စေတဲ့အတွက် အရပ်ပိုမြင့်သွားစေတဲ့ Look မျိုး ထင်ရစေပါတယ်။
(၅) ထောင်လိုက်အစင်း အင်္ကျီတွေ ဝတ်ကြည့်ပါ
Photo : GQ
ထောင်လိုက်အစင်း အင်္ကျီတွေကို တော်တော်များများ လက်ရှောင်ဖို့ ပြောကြပါတယ်။ တကယ်တော့ လူကောင်သေးပြီး အရပ်ပုတဲ့ ကွီးတို့ အတွက်ကတော့ ရွေးချယ်ရမယ့် ဖက်ရှင် တစ်ခုပါပဲ။ ထောင်လိုက်အစင်း အင်္ကျီတွေဟာ ခန္ဓာကိုယ်ကို သွယ်ပြီး ပိုရှည်တဲ့ အသွင်အပြင်ကို ပေးပါတယ်။ တစ်ခု သတိထားရမှာက အစင်းစိပ်စိပ် ထူထူ ဒီဇိုင်းထက် အစင်းခပ် ကျဲကျဲ ၊ ကြည့်လိုက်တာနဲ့ ရှင်းနေမယ့် အင်္ကျီပုံစံတွေကို ရွေးဝတ်ဖို့ လိုပါတယ်။
Source : Tailor Store
Featured Photo : Style Girlfriend