ပထမဦးဆုံး ဒစ်ဂျယ်တယ် အိတ်ဆောင်နာရီလေးသည် ၁၉ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် လက်ပတ်နာရီတွေကတော့ ၁၉၂၀ ပြည့်နှစ် ရောက်မှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ခေတ်စားနေတဲ့ ဒစ်ဂျစ်တယ်နာရီများသည် ဒီဘက်ခေတ်ကို ရောက်လာတော့ လူကြိုက် များတဲ့ စမတ် နာရီ တွေနဲ့ မယှဥ်နိုင်တော့ပြန်ပါဘူး။

စမတ်နာရီတွေကျတော့ ၂၀၁၃ ခုနှစ်မှသာ ဈေးကွက်ထဲ ဝင်ရောက်လာတာဖြစ်ပြီး ဝင်ဝင်ချင်းမှာပဲ လူအများရဲ့ အာရုံကို ဖမ်းစားသွားခဲ့တာပါ။ ဒစ်ဂျစ်တယ် နာရီများထက် လူကြိုက် များတဲ့ စမတ် နာရီ တွေဆိုတာကလည်း ရွေးချယ်စရာ အမျိုးအစား မနည်းမနောပါပဲ။ ဘရန်း တစ်ခုတည်းမှာတင် မော်ဒယ် အမျိုးအစားပေါင်း ဆယ်ချီရှိပါတယ်။ ဘရန်းအမျိုးစုံဆိုရင်တော့ ပြောမနေပါနဲ့တော့။

ဒီလိုမျိုး အမျိုးအစား စုံလင်တဲ့ စမတ်နာရီတွေထဲကမှ လူကြိုက်အများဆုံး အရောင်းရဆုံး စမတ်နာရီများကတော့ အခုဖော်ပြပေးမယ့် အမျိုးအစားများပဲ ဖြစ်ပါတယ်။

(၁) Apple Watch Series 9

Apple Watch Series 9

ဒီအမျိုးအစားလေးကတော့ အားလုံး ကြိုက်နှစ်သက်ကြတဲ့ ပန်းသီး ဘရန်းထဲက စမတ်နာရီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Operating System ကတော့ WatchOS ဖြစ်ပြီး Processor ကိုတော့ Apple S9 Sip ကို အသုံးပြုထားပါတယ်။ ရေအနက် ၅၀ မီတာအထိ ရေစိုခံပါတယ်။ ဘက္ထရီသက်တမ်းကတော့ တစ်ခါ အားသွင်းပြီးရင် ၁၈ နာရီခန့် အသုံးခံပါတယ်။ ဈေးနှုန်းကတော့ ၄၀၀ ဒေါ်လာနှင့် ၄၅၉ ဒေါ်လာ ဝန်းကျင်ကြားရှိပါတယ်။

(၂) Apple Watch SE

လူကြိုက် စမတ် နာရီ

Apple Watch မော်ဒယ်များထဲမှာမှ ဈေးနှုန်း သက်သက်သာသာလေး ရှိတာမျိုးကို ဝယ်ယူချင်တယ်ဆိုရင်တော့ Apple Watch SE ကို ရွေးချယ်နိုင်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၄၉ နှင့် ၂၈၀ ကြား ပေးဝယ်ရမှာ ဖြစ်ပါတယ်။​ Processor ကတော့ Apple S8 SiP ကို အသုံးပြုထားတာဖြစ်ပြီး ရေအနက် ၅၀ မီတာအထိ ရေစိုခံပါတယ်။ ဘက္ထရီသက်တမ်းကလည်း စောစောက မော်ဒယ်အမျိုးအစားနဲ့ အတူတူပါပဲ။

(၃) Google Pixel Watch 2 LTE

လူကြိုက် စမတ် နာရီ

နောက်ထပ် ရေပန်းစားပြီး လူကြိုက် များတဲ့ စမတ် နာရီ ကတော့ Google Pixel Watch 2 LTE ပဲဖြစ်ပါတယ်။ ဒီမော်ဒယ်လေးကဆိုရင် ဖုန်းပဲ ခေါ်မလား ၊ မက်ဆေ့ ပို့မလား ၊ အသံနဲ့ မက်ဆေ့ ပို့မလား ၊ အင်တာနက် သုံးမလား ၊ Google Assistant ခေါ်မလား ဖန်ရှင်မျိုးစုံ အသုံးပြုနိုင်တာကြောင့်လည်း လူကြိုက်များနေရခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ပေးချေရမှာ ဖြစ်ပါတယ်။

(၄) Samsung Galaxy Watch 6

လူကြိုက် စမတ် နာရီ

Samsung ပရိသတ်တွေကတော့ Samsung Galaxy Watch 6 ကို ရွေးချယ်သင့်ပါတယ်။ သူ့မှာလည်း ဖန်ရှင်မျိုးစုံ ပါဝင်ပါတယ်။ ကျန်းမာရေးအတွက်ပဲ အသုံးပြုမလား ၊ လမ်းပျောက်နေတဲ့အခါ မြေပုံ လိုအပ်သလား ၊ အင်တာနက် အသုံးပြုမလား စသည်ဖြင့် ဘက်စုံ အသုံးပြုနိုင်ပါတယ်။ ဒီမော်ဒယ် တစ်ခုတည်းကိုမှ ရွေးချယ်စရာ အမျိုးအစား (၄) မျိုး ထပ်ရှိနေပြန်ပါတယ်။

၄၀ မီလီမီတာကိုမှ ဘလူးတုစ်နဲ့ ဝိုင်ဖိုင်ပဲ ပါတာဆိုရင် ဒေါ်လာ ၂၇၀ ၊ ၄၄ မီလီမီတာအတွက်ဆိုရင်တော့ ဒေါ်လာ ၃၄၂ ဒေါ်လာ ပေးချေရမှာပါ။ ၄၀ မီလီမီတာ အရွယ်အစားကို ဘလူးတုစ် (သို့) ဝိုင်ဖိုင်နှင့် 4G LTE ပါ ပါတယ်ဆိုရင် ၃၁၅ ဒေါ်လာ ၊ ထိုဖန်ရှင်အတွက်ကိုမှ ၄၄ မီလီမီတာ အရွယ်အစားဆိုရင်တော့ ၃၄၂ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

ကွီးတို့ လက်ကောက်ဝတ်ပေါ်မှာရော ဘယ်စမတ်နာရီ အမျိုးအစားက နေရာယူထားပါသလဲ

Source: Cbsnews

Featured Image: Citymagazine.si