စာရေးသူတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Sex Toys လို့ခေါ်တဲ့ လူကြီးကစားစရာ ကာမစိတ်ဖြေအရုပ်တွေနဲ့ ပတ်သတ်ပြီး အတွေးအခေါ် အယူအဆအမြင်တွေ ပြောင်းလဲပစ်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ Sex Toys တွေကို လိင်မှုဆိုင်ရာ သာယာမှုအတွက် အသုံးပြုကြတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ကြပေမယ့် တကယ်တမ်းမှာတော့ ဒီထက်မကပိုတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရှိနေပါတယ်။ ဒီဆောင်းပါးမှာ Sex Toys တွေကို အသုံးပြုတာဟာ သာယာမှုအတွက် သပ်သပ်မဟုတ်ပဲ ကွီးတို့ ထင်ထားတာထက်ပိုတဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဘာပိုးညာပိုး ရောဂါပိုးတွေ မကြောက်ရဘူး

Sex Toys

Photo : The Sun
လူကြီးကစားစရာ အရုပ်တွေကနေ HIV ၊ HPV အပါအဝင် အခြား လိင်မှတဆင့် ကူးစက်တက်တဲ့ STDs ရောဂါတွေ ကူးစက်နိုင်တဲ့ အခွင့်အရေးဟာ သုညရာခိုင်နှုန်းပါပဲ။ ဆိုလိုတာကတော့ ကွီးတို့ တစ်ကိုယ်ရည်စာ ကိုယ်ပိုင်သီးသန့် Sex Toys တွေ အသုံးပြုမယ်ဆိုရင် STDs ရောဂါတွေရဲ့ ကူးစက်မှု အန္တရာယ်ကို ကြောက်စရာ မလိုပါဘူး။ ဒါပေမယ့် ဘက်တီးရီးယား ပိုးမွှားအန္တရာယ်ကိုတော့ သတိပြုဖို့ လိုတာကြောင့်  Sex Toys တွေကို အသုံးမပြုခင် အသုံးပြုပြီးတိုင်းမှာ သေချာလေး သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။

(၂) စိတ်ဖိစီးမှုနဲ့ ဖိအားတွေ သက်သာစေမယ်

Sex Toys

Photo : V HOTELS GROUP

လိင်ဆက်ဆံတာ ဖြစ်ဖြစ် ၊ Sex Toys တွေနဲ့ တစ်ကိုယ်တော် အာသာဖြေတာပဲ ဖြစ်ဖြစ် ဒီ လှုပ်ရှားမှု ၂ ခုမှာ တူညီတဲ့ ကောင်းကျိုးတစ်ချက်ကတော့ Endorphins လို့ခေါ်တဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထုတ်ပေးတာပါ။ ခန္ဓာကိုယ်မှာ Endorphins ဟော်မုန်းတွေ များများပို ထွက်လာတာနဲ့ အမျှ ကွီးတို့ရဲ့ စိတ်ခံစားချက်တွေဟာ ပိုမိုတည်ငြိမ်အေးဆေးပြီး နေ့စဉ်ဘဝထဲက ရင်ဆိုင်နေရတဲ့ ဖိအားတွေ ၊ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်စရာ အခြေအနေတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ သိသိသာသာ လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။

(၃) လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးတယ်

Sex Toys
Photo : Newsweek

လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှု Libido ကို နှိုးဆွမြှင့်တင်ချင်တယ်ဆိုရင် လူကြီးကစားစရာ Sex Toys တွေကို ဘေးထွက်ဆိုးကျိုးမရှိ ၊ အန္တရာယ်ကင်းကင်း အသုံးပြုလို့ ရပါတယ်။ Sex Toys တွေဟာ တစ်ကိုယ်ရည် အာသာဖြေချိန်မှာ မတူညီတဲ့ ခံစားမှုအသစ်တွေကို ရှာဖွေနိုင်သလို ကွီးတို့ ပါတနာနဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ချိန်မှာလည်း အသစ်သစ်သော စိတ်လှုပ်ရှားတွေကို ရှာဖွေနိုင်ဖို့ ကူညီပေးပါတယ်။ Sex Toys တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားမှုအသစ်တွေကို ရှာဖွေခြင်းဖြင့် ကွီးတို့ရဲ့ Libido ကို သဘာဝနည်းအတိုင်း မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

Source : Healthshots 

Featured Photo : CNBC