လူငယ်ဆိုတဲ့ အသက်အရွှယ်အပိုင်းအခြားတစ်ခုက ဘဝရဲ့အရေးပါဆုံးအချိန်တွေထဲက တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုရင် လူငယ်ဘဝဟာ အနာဂတ်ရည်မှန်းချက်တွေ စိတ်ကူးအိမ်မက်တွေများစွာနဲ့ မိမိဘဝကို ပုံဖော်လို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ စာဖတ်သူဟာ လူငယ်တစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးမှာ ကောင်းမွန်တဲ့အနာဂတ်ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ လူငယ်တစ်ယောက်အနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။
(၁) လေ့လာမှုတွေကိုစဉ်ဆက်မပြတ်လုပ်ဆောင်ပါ

Source : Carrier Management
ဘဝဆိုတာ လေ့လာသင်ယူစရာတွေနဲ့ ပြည့်နေသလို လေ့လာသင်ယူခြင်းတွေကလည်း ဘဝအတွက်လှေကားထစ်တွေပဲဖြစ်ပါတယ်။ ငယ်ရွှယ်စဉ်မှာ လေ့လာခြင်းတွေ သင်ယူခြင်းတွေကို အမြဲတစေလုပ်ဆောင်နေမယ်ဆိုရင် တချိန်မှာ ကောင်းမွန်တဲ့အနာဂတ်တွေဆီကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်အားလပ်ချိန်တွေမှာ ဘာသာစကားလေ့လာသင်ယူတာ အလုပ်နဲ့သက်ဆိုင်တဲ့ သင်တန်းတွေတက်တာ စသည်ဖြင့် လုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။
(၂) ငွေစုတဲ့အကျင့်လုပ်ပါ

Source : Noobie
ငွေစုတက်တဲ့အလေ့အထက လူတိုင်းလုပ်ဆောင်သင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ ငွေစုခြင်းကို ငယ်ရွှယ်စဉ်ကတည်းက အလေ့အကျင့်တစ်ခုအနေနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် ငွေကြေးတန်ဖိုးကိုကောင်းစွာနားလည်ပြီး နောင်တချိန်မှာငွေကြေးနဲ့ပတ်သတ်ပြီး အပူအပင်ကင်းကင်းနေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အခုချိန်ကတည်းက ကိုယ့်ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို စတင်ပြီး ငွေစုဆောင်းသွားပါ။
(၃) ဘောင်ခတ်မထားပါနဲ့

Source : The Brag
ကိုယ့်ကိုယ့်ကိုဘောင်ခတ်ထားခြင်းက ကြောက်ရွံစိတ်တွေ မဝံ့ရဲခြင်းတွေနဲ့ ဘယ်အရာမှဖြစ်ဖြစ်မြောက်မြောက် နိုင်လုပ်စွမ်းမရှိတဲ့ လူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုဘောင်ထဲမှာနေပြီး ဟိုနေရာဆိုမသွားရဲ ဒီနေရာဆိုမသွားရဲ မပြောရဲမဆိုရဲ မလုပ်ရဲမကိုင်ရဲတာတွေကို စွန့်လွတ်လိုက်ပါ။ ဘဝဆိုတာ စွန့်စားခြင်းတွေအပြည့်နဲ့ စိန်ခေါ်မှုအပြည့်နဲ့ဆိုတာ အမြဲသတိရနေသင့်ပါတယ်။
(၄) ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

Source : VentureFizz
ကိုယ့်ကိုယ့်ကိုချစ်တက်ဖို့ ဂရုစိုက်တက်ဖို့ကလည်း လူတိုင်းအတွက် အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှတခြားသူတွေကလည်း ကိုယ့်ကိုတန်ဖိုးထားပါမှာ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုချစ်ပါ။ ကိုယ်ကိုယ့်ပျော်ရွှင်စေမယ့်အရာတွေကို လုပ်ဆောင်ပါ။ ကိုယ်ဘဝအတွက်မကောင်းတဲ့ လူတွေကိုဖက်တွယ်မထားပဲ လက်လွှတ်သင့်တယ်ထင်ရင် လက်လွှတ်လိုက်ပါ။
