စကားပြောခြင်း အတက်ပညာဟာ လူ့ဘဝသက်တမ်း တစ်လျှောက်လုံးအတွက် အသုံးဝင်ပါတယ်။ လူတွေနဲ့ ကောင်းမွန်စွာ ဆက်ဆံပြောဆိုနိုင်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးဆုံး လိုအပ်ချက် Skill တစ်ခုဆိုလည်း မမှားပါဘူး။ အကယ်၍ ကွီးတို့က လူတွေနဲ့ စကားပြောဖို့ အဆင်မပြေ ဖြစ်နေတယ် ၊ စကားဝိုင်းတစ်ခုမှာ ကောင်းမွန်စွာ ဝင်ရောက်ဆွေးနွေးဖို့ ထင်ထားတာထက်ပိုပြီး ခက်ခဲနေတယ်ဆိုရင်တော့ အခုပြောပြမယ့် အကြံပြုချက်လေးတွေက ကွီးတို့ရဲ့ ပြဿနာတစိတ်တပိုင်းကို သက်သာပြေလည်သွားစေမယ်လို့ ယုံကြည်ပါတယ်။
(၁) ဂရုတစိုက် နားထောင်ပါ
Photo : Studer Education
လူတွေနဲ့ စကားပြောတဲ့အခါ အခြေခံအကျဆုံး လိုက်နာရမယ့် အချက်တစ်ခုကတော့ ဂရုတစိုက် သေချာနားထောင် ပေးတာပါပဲ။ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ကိုယ်နဲ့စကားလာပြောသူကို ဂရုတစိုက်နားထောင်ပေးတာဟာ ယဉ်ကျေးတဲ့ အပြုအမူတစ်ခုဖြစ်သလို တစ်ဖက်လူရဲ့ပြောစကားကို ကောင်းမွန်စွာတုန့်ပြန် ပြောဆိုနိုင်ဖို့အတွက်လည်း အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။
(၂) ဝေဖန်အပြစ်တင်တဲ့ စကားတွေ ရှောင်ပါ
Photo : The Male Hug
စကားစမြည် ပြောဆိုကြတဲ့အခါ တစ်ခါတစ်လေမှာ အယူအဆနဲ့ အမြင်ကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ်နဲ့အမြင်မတူတိုင်း တစ်ဖက်လူကို တည့်တည့်ကြီးသွားပြီး စွပ်စွဲတာ အပြစ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ ကွီးတို့ စကားဝိုင်းမှာ အဖြေရှာမရတော့ပဲ ပဋိပက္ခတွေ ပိုများလာပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းထပ်တူမကျနိုင်တဲ့အတွက် အမြင်ကွဲလွဲမှုတွေ သဘောထားကွဲလွဲမှုတွေရှိတက်ကြစမြဲပါ။ လူတိုင်း လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိတယ်ဆိုတာကို လက်ခံထားရင် အဆင်ပြေနိုင်မှာပါ။
(၃) တိုက်ရိုက် ရှင်းရှင်းလင်းလင်း ပြောဆိုပါ
Photo : The Male Hug
စကားပြောတဲ့အခါ ကိုယ်ပြောချင်တဲ့ စကား ၊ ရည်ညွှန်းချင်တဲ့ အချက်တွေကို တိုက်ရိုက် ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ အရေးကြီးပါတယ်။ သွယ်ဝိုက်ပြောဆိုတာဟာ တစ်ခါတစ်ရံမှာ အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေကျတော့လည်း နားလည်မှုလွဲတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပြောချင်တဲ့ အကြောင်းအရာတစ်ခုကို တစ်ဖက်လူ နားလည်လွယ်စေဖို့ လိုရင်းချုံ့ပြီး တိုက်ရိုက်ရှင်းရှင်းလင်းလင်း ပြောကြားတာက အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
(၄) စိတ်ခံစားမှုကို ထိန်းချုပ်ပါ
Photo : Genomind
လူတွေနဲ့ စကားပြောဆို ဆက်ဆံတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ အင်မတန် လိုအပ်ပါတယ်။ တစ်ခါတစ်လေ ထိလွယ်ရှလွယ် အခြေအနေမျိုးမှာ စိတ်ခံစားမှုအရ တုန့်ပြန်ပြောဆိုလိုက်တဲ့ စကားတွေဟာ အမှားတွေ ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်။ အကောင်းဆုံးကတော့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး စကားပြောဆိုတာဟာ အမှားနည်းစေသလို ပြဿနာလည်း နည်းစေပါတယ်။ ကွီးတို့အနေနဲ့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပြုမူနေထိုင်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။
(၅) ပဋိပက္ခဖြစ်နိုင်တဲ့ ခေါင်းစဉ်တွေ ရှောင်ပါ
Photo : AFSP
ပဋိပက္ခ ဖြစ်လွယ်တဲ့ စကားတွေ ၊ အထိအရှလွယ်တဲ့ ခေါင်းစဉ်တွေကို တော်ရုံမရင်းနှီးသေးတဲ့ လူတွေနဲ့ ဆွေးနွေးငြင်းခုန်ဖို့ မသင့်တော်ပါဘူး။ ဥပမာအားဖြင့် နိုင်ငံရေး ၊ ဘာသာရေးလို ခေါင်းစဉ်တွေပါ။ ဒီလို အကြောင်းအရာတွေဟာ ကိုယ်ရေးကိုယ်တာ အထင်အမြင်နဲ့ တခြားသူတစ်ယောက်ရဲ့အမြင်တွေဟာ ပုံစံအမျိုးမျိုး ကွဲပြားနိုင်တဲ့အတွက် ငြင်းခုန်စရာတွေနဲ့ ပဋိပက္ခတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုခေါင်းစဉ်တွေကို အတက်နိုင်ဆုံး ရှောင်ပြီး ပြောဆိုဖို့ အကြံပေးချင်ပါတယ်။
Featured Photo : Live Bold and Bloom