မွေးကတည်းကနေ အခုအချိန်အထိ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အရိုးထုတ်နေရလို့ ဘူနေပါသလား။ လူပျိုကြီး ဘဝကနေ ကွင်းလုံး ကျွတ် ဖို့ ကျင့်ကြံနေတယ်ဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းများက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ဖို့အတွက် မှော်ဆန်တဲ့ နည်းလမ်းတွေ မလိုအပ်ပါဘူး။ အခုဖော်ပြမယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေပဲ လိုအပ်တာပါ။ အဓိကကတော့ ကွီးတို့ဘက်ကလည်း ကြိုးစားအားထုတ်ဖို့ လိုသေးတယ်ဆိုတာလည်း မမေ့ပါနဲ့။

(၁) ဆိုရှယ်မီဒီယာပေါ်မှာ လိုက်ရှာပါ

ဆိုရှယ်မီဒီယာ

လူပျိုကြီး ဘဝကနေ ကွင်းလုံး ကျွတ် လွတ်ဖို့ဆိုရင် ကွီးတို့မှာ ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးတစ်ယောက်တော့ ရှိရမှာပါပဲ။ ကိုယ် ခရက်ရှ်နေတဲ့ ကောင်မလေး မရှိဘဲနဲ့တော့ ကောင်မလေး ရဖို့ စိတ်မကူးပါနဲ့။

ကိုယ် စိတ်ဝင်စားတဲ့ ကောင်မလေးကို ဘယ်လိုရှာဖွေမလဲ။

ရှာဖွေလို့ရတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ အခုခေတ်က ဆိုရှယ်မီဒီယာခေတ်ဆိုတော့ ဆိုရှယ်မီဒီယာပေါ်ကနေ ရည်းစားရသွားကြတဲ့ အတွဲတွေ အများကြီးပါပဲ။ ကွီးတို့လည်း ဒီနည်းလမ်းကို အသုံးချနိုင်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်ကနေ သူငယ်ချင်းဟောင်းများကို လိုက်ရှာပြီး အဆက်အသွယ်ပြုလုပ်တာမျိုး (သို့) သူငယ်ချင်းအသစ်များ ရှာဖွေတာမျိုးကို ပြုလုပ်ပါ။ အင်စတာဂရမ် (သို့) ဖေ့ဘွတ်ခ်ပေါ်မှာ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကို တွေ့တဲ့အခါ (သို့) စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်မလေးတွေကို တွေ့တဲ့အခါ စကားလိုက်ပြောတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ တွေ့သမျှ မိန်းကလေးတွေကို လိုက်ရှိတ်နေတဲ့ ကြူကြူစိန် ဘဲတစ်ဗွေ မဖြစ်အောင်တော့ ဂရုပြုရပါမယ်။ ကောင်မလေးတွေက သူတို့တစ်ယောက်တည်းကိုပဲ စိတ်ဝင်စားတာလား၊ ဒါမှမဟုတ် ရှိသမျှ မိန်းကလေးတွေ အကုန်လုံးကို လိုက်ကြူနေတာလားဆိုတာကို သူတို့ ခံစားသိကြပါတယ်။ တွေ့သမျှ မိန်းကလေးတွေကို လိုက်စကားပြောပြီး ကြူနေတာမျိုးဆိုရင်တော့ ကွီးတို့ ဒီတစ်သက် လူပျိုသိုးကြီး ဘဝနဲ့ပဲ အရိုးထုတ်သွားရပါလိမ့်မယ်။

(၂) ဘော်ဒါတွေကို အကူအညီတောင်းပါ

လူပျိုကြီး ကျွတ်

ဘော်ဒါတွေဆိုတာ အကူအညီလိုအပ်လာရင် တစ်ယောက်ကို တစ်ယောက် ကူညီပေးကြတဲ့သူတွေပါ။ ကွီးတို့ သူငယ်ချင်းတွေထဲမှာ ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း မိန်းကလေးတွေရှိပါသလား။ ဒါဆိုရင်တော့ ထိုချစ်ဖို့ကောင်းတဲ့သူ (သို့) စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးဖို့ အကူအညီတောင်းလိုက်ပါ။ ကွီးတို့က စင်ဂယ်ဖြစ်ကြောင်း၊ ချစ်သူ မိန်းကလေးတစ်ယောက် အမြန်အလိုရှိကြောင်း မိတ်ဆက်ခိုင်းလိုက်ပါ။

(၃) လူချင်း ချိန်းတွေ့ပါ

လူပျိုကြီး ကျွတ်

ကွီးတို့က အပြင်မှာ တွေ့တဲ့ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း စိတ်ဝင်စားသွားတယ် ဆိုပါစို့။ ကွီးတို့ ဘာဆက်လုပ်ကြမလဲ။ ထိုကောင်မလေးကို ဘယ်လိုမျိုး ချဥ်းကပ်မလဲ။

ကွီးတို့က ထိုကောင်မလေးကို ချက်ချင်းကြီး စကားသွားပြောတာထက် အရင်ဦးဆုံး သူ့မှာ ပိုင်ရှင်ရှိလား မရှိလားဆိုတာကို အရင်ဦးဆုံး စုံစမ်းသင့်ပါတယ်။ ပြီးမှ သူ(မ)ထံ ကော်ဖီသောက်ရင်း ချိန်းတွေ့တာမျိုး (သို့) အရင်ဦးဆုံး ကိုယ့်ဘက်က သူ့ကို စိတ်ဝင်စားကြောင်း ဖော်ပြပြီး ချဥ်းကပ်တာမျိုးကို ပြုလုပ်သင့်ပါတယ်။

ကိုယ့်ဘက်ကလည်း သူ့ကို စိတ်ဝင်စားတယ်၊ ထိုကောင်မလေးကလည်း ကွီးတို့ကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကွီးတို့ ကောင်မလေးရဖို့ အလားအလာရှိပါတယ်။

ကွီးတို့ရော ကောင်မလေးရဖို့ ဘယ်လိုနည်းလမ်းမျိုးနဲ့ ချဥ်းကပ်လေ့ရှိပါသလဲ။

Source: Wikihow

Featured Image: Freepik