လိင်မှုကိစ္စမှာ ဆောင်ရန်ရှောင်ရန် အခြေခံ အချက်လေးတွေ ရှိပါတယ်။ သိပ်အရေးမကြီးဘူးလို့ ထင်ရပေမယ့် ကွီးတို့ သိထားရင်တော့ အမှားမရှိပါဘူး။ အချို့ကိစ္စတွေက ကွီးတို့ ထပ်ထပ်လုပ်မိနေရင် ပါတနာနဲ့ ကွီးတို့ကြားမှာ အပေးအယူ မမျှတဲ့ စိတ်ပျက်ဖွယ်ရာ အခြေအနေတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ လေဒီတို့ ကိုယ်စား ကွီးတို့ လိုက်နာရမယ့် အိပ်ရာပေါ်က စည်းမျဉ်းတွေ ကို ပြောပြပေးလိုက်ပါတယ်။
(၁) လက်သည်းတွေ ညှပ်ထားပါ
Photo : Vijesti
လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ်မှု မပြုမီ ကွီးတို့ရဲ့ လက်တွေကို သန့်စင်ထားကြောင်း သေချာဖို့ လိုပါတယ်။ အရေးကြီးဆုံး အချက်ကတော့ လက်သည်းတွေ ရှည်နေရင် ညှပ်ထား/ တိထားဖို့ပါ။ လက်သည်းရှည်တွေက စိတ်အနှောင့်အယှက် များစွာဖြစ်စေသလို မတော်တဆ ပွန်းပဲ့ဒဏ်ရာတွေ ရတက်ပြီး မလိုလားအပ်တဲ့ ပိုးဝင်တာ ၊ ရောဂါပိုး ကူးစက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။
(၂) အကာအကွယ် အမြဲသုံးပါ
Photo : Metro
ကွန်ဒုံးမပါပဲ အကာအကွယ်မဲ့ ပလိန်းကြီး ဆက်ဆံရတာဟာ ခံစားမှုပိုကောင်းတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု ဖြစ်ဖို့ကတော့ ပထမဦးစားပေးဆိုတာ မမေ့သင့်ပါဘူး။ မလိုလားအပ်တဲ့ ရောဂါပိုးကူးစက်မှုတွေ ၊ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးနိုင်ဖို့ ကွန်ဒုံးလို အကာအကွယ်တွေကတော့ မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပါတယ်။
(၃) နိုးလို့ ပြောရင် လိုက်နာပါ
Photo : Medium
ကွီးတို့ ပါတနာက ” နိုး” လို့ ပြောတဲ့အခါ လေးစားမှု ရှိရှိ လိုက်နာဖို့ လိုပါတယ်။ လိင်မှုကိစ္စမှာ အပေးအယူမျှမျှနဲ့ ပျော်ရွှင်ချင်တယ်ဆိုရင် တစ်ယောက်ရဲ့ဆန္ဒကို တစ်ယောက်က လေးစားတက်ဖို့ လိုပါတယ်။ မလုပ်ချင်တဲ့ အရာကို အတင်းအကျပ် လုပ်ခိုင်းတာမျိုး မဖြစ်ပါစေနဲ့။
(၄) ဆန်းသစ်မှုလေးတွေ လုပ်ပါ
Photo : A Mother Place
လိင်မှုကိစ္စဟာ အမြဲတမ်း စာအုပ်ကြီးအတိုင်း သွားလို့ အဆင်မပြေပါဘူး။ တစ်ခါတစ်ရံမှာ သူ့အကြိုက် ၊ ကိုယ့်အကြိုက်ပေါ်မူတည်ပြီး မတူညီတဲ့ ဆန်းသစ်မှုလေးတွေ ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ အပြောင်းအလဲတွေကို Try ကြည့်ဖို့ လိုပါတယ်။ ဒီလို ငြီးငွေ့စရာ ပုံစံခွက်ထဲက ထွက်မှလည်း ကွီးတို့ရဲ့ လိင်မှုဘဝဟာ အမြဲတမ်း လတ်ဆတ်နေမှာ ဖြစ်ပြီး ပျော်ရွှင်ရင်ခုန်ဖွယ် ခံစားချက်ကို ရရှိမှာ ဖြစ်ပါတယ်။
Source : MensXP
Featured Photo : Cosmopolitan Indonesia