လေ့ကျင့်ခန်းလုပ်ခြင်း က ကွီးတို့ကို ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့အသက်ရှည်ဖို့ အတွက် ဆေးကောင်းတစ်လက်ဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် လူတစ်ယောက်ဟာ နေ့စဉ် အလယ်အလတ်ရှိတဲ့ လေ့ကျင့်ခန်း အနည်းဆုံး နာရီဝက်ခန့်ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက အခြားသော ကောင်းကျိုးများ စွာကိုလည်း ရရှိပါသေးတယ်။ ဘယ်လိုကောင်းကျိုးတွေလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဆက်ပြီး ဖတ်ရှုလိုက်ပါဦးနော်။
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ကျရောဂါကို ကာကွယ်ပေးပါတယ်

Photo : Run Society
လေ့ကျင့်ခန်း ပုံမှန်လုပ်သူတစ်ဦးဟာ မလုပ်သူများထက်ပိုပြီး စိတ်ဖိစီးမှုလျော့နည်းတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကွီးတို့ကို တတ်ကြွပျော်ရွှင်စေရုံသာမက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို လျှော့ချပြီးသားလည်း ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်နေသာ ခန္ဓာကိုယ်တစ်ခုက KAT လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးကို ထုတ်လုပ်ပါတယ်။ ၎င်းသည် အန္တရာယ်ရှိသော မော်လီကျူးများကို ကြွက်သားများနှင့် ဦးနှောက်မှ အလွယ်တကူ ဖယ်ရှားပစ်နိုင်သော အက်ဆစ်များအဖြစ်သို့ ပြောင်းလဲပေးပါတယ်။ အခြေခံအားဖြင့် ၎င်းသည် ခန္ဓာကိုယ်မှထွက်ရှိတဲ့ ပျော်ရွှင်စေသော အရာဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာက ကောင်းကောင်းအိပ်ပျော်စေတယ်

Photo : Newsweek
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ရရှိလာမဲ့ ကောင်းကျိုးများ ထဲက တစ်ခုကတော့ အိပ်စက်ခြင်းကို ကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းက အဝလွန်ခြင်းမှ စိတ်ကျရောဂါအပြင်၊ ကင်ဆာရောဂါများအထိ ဖြစ်နိုင်ခြေကို တိုးမြင့်လာစေပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းက ခန္ဓာကိုယ်ကို အထောက်လျောက် အလုပ်လုပ်စေပြီး၊ စိတ်ဖိစီးမှုများ လျော့ချပေးတဲ့ အတွက် ကွီးတို့ကို ကောင်းစွာ အိပ်ပျော်နိုင်စေပါတယ်။ ကောင်းစွာအိပ်စက်နိုင်ခြင်းမရှိပါကတစ်နေ့လျှင် နာရီဝက်ခန့်ပြေးခြင်း လမ်းလျှောက်ခြင်း စသည်တို့ကို ပြုလုပ်ကြည့်ပါ။
အရေပြားကို အထောက်အကူပြုပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်

Photo : No7 Beauty
ကွီးတို့ရေ လေ့ကျင့်ခန်းလုပ်ခြင်းကနေ အရေပြားကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုစေပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဖရီးရယ်ဒီကယ်များဟုခေါ်သော ဒြပ်ပေါင်းများကြောင့် ပျက်စီးသွားသော ဆဲလ်များကို လုံးလုံးမပြုပြင်နိုင်သောအခါ Oxidative Stress ဆိုတာ ဖြစ်ပေါ်လာပါတယ်။ ၎င်းက ဆဲလ်များ၏ဖွဲ့စည်းပုံကို ပျက်စီးစေပြီး ကွီးတို့ရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ထိုဆဲလ်များကို ကာကွယ်ပေးသည့် သဘာဝ Antioxidants ထုတ်လုပ်မှုကို တိုးမြင့်စေနိုင်ပါတယ်။ အလားတူပင်၊ လေ့ကျင့်ခန်းသည် သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးပြီး အရေပြားဆဲလ်များ လိုက်လျောညီထွေဖြစ်အောင် လှုံ့ဆော်ပေးခြင်းဖြင့် အရေပြားကို ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါတယ်။
လိင်မှုဘဝကို တိုးတတ်ကောင်းမွန်စေပါတယ်

Photo : The Asian Parents
ကွီးတို့ရေ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ လိင်မှုဘဝကို ပိုမို တိုးတတ်ကောင်းမွန်စေတယ်ဆိုတာ သိပါသလား။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးကို အားကောင်းစေတယ်၊ သွေးလည်ပတ်မှုကောင်းစေတယ်၊ တင်းမာတဲ့ကြွက်သားတွေနဲ့ ပျော့ပျောင်းမှုကို မြှင့်တင်ပေးနိုင်တယ်၊ အဲဒီအချက်တွေ အားလုံးက ကွီးတို့ရဲ့လိင်ဘ၀ကို တိုးတက်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၆၀ ခန့် လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားများတွင် လိင်အင်္ဂါလုပ်ဆောင်မှုကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကဲ ကွီးတို့ရေ အိပ်ရာပေါ်မှာ ပိုမိုစွမ်းဆောင်နိုင်ဖို့ လေ့ကျင့်ခန်း လုပ်ဖို့ မမေ့ပါနဲ့နော်။
လေ့ကျင့်ခန်း လုပ်ခြင်းကနေ ခန္ဓာကိုယ် ကြံ့ခိုင်ရေးအပြင် စိတ်ပိုင်းဆိုင်ရာနဲ့ လူသားတို့အတွက် များစွာသော ကောင်းကျိုးများ ကိုရစေပါတယ်။ ဒါကြောင့် ကွီးတို့လည်း မည်သည့်လေ့ကျင့်ခန်းကို မဆို တစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Source : Healthline, Men’s Heralth
Featured Photo : Very Well Fit
