အခြားသူရဲ့ ကုမ္ပဏီမှာ ဝန်ထမ်း လုပ်ခြင်းထက် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်ခြင်းက အကျိုးကျေးဇူးပိုများပါတယ်။ ဒါ့အပြင် ဝန်ထမ်း မလုပ်ဘဲ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်တဲ့အခါ ချမ်းသာကြွယ်ဝနိုင်ခြေပိုများပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း ချမ်းသာချင်ရင် ဝန်ထမ်း မလုပ်ဘဲ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါ။

သင်သည်သာ သင့်ရဲ့ သူဌေး ဖြစ်ပါတယ်

ဝန်ထမ်း စီးပွားရေး

ဘယ်သူ့ဆီမှာမှ ခစားနေစရာမလိုပါဘူး။ သင်ကိုယ်တိုင်ကသာ သူဌေးဖြစ်တာကြောင့် သင့်ကို ဖိအားပေးမယ့် အထက်လူကြီးတွေဆိုတာလည်း မရှိပါဘူး။ ဘယ်သူကမှလည်း သင့်ကို ဒါလုပ် ဟိုဟာလုပ် ဆိုပြီး အမိန့်ပေးနေမှာ မဟုတ်ပါဘူး။ သင့် စိတ်ကြိုက် အလုပ်လုပ်နိုင်ပါတယ်။ သင့်အနေနဲ့ သင့်ဆီကို အလုပ်လာအပ်မယ့် ကာစတန်မာတွေ စိတ်တိုင်းကျ အလုပ်လုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ အချို့ကာစမာတွေက ကြေး(ချီး) များတာကြောင့် သူတို့ စိတ်တိုင်းမကျတဲ့အခါ သင့်ကို ဟိုဟာပြင်ခိုင်း၊ ဒါပြင်ခိုင်းနဲ့ စိတ်ပျက်စရာကောင်းအောင် ချောင်ပိတ်မိအောင် လုပ်ဆောင်နေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ကတော့ ကိုယ့်စည်းကမ်းအတိုင်း သူတို့အကြိုက် လိုက်လုပ်ကာ ဖားနိုင်သလို မဖားချင်ဘူး လူမှန် လူဖြောင့်အတိုင်းပဲ နေချင်တယ်ဆိုရင်လည်း သင့် သဘောအတိုင်းပါပဲ။

ဒါပေမယ့် တစ်ခု မှတ်ထားရမှာကတော့ သင်သည်သာ သူဌေးဖြစ်တဲ့အတွက်ကြောင့် သင့် တစ်ယောက်တည်းမှာပဲ တာဝန်ရှိပါတယ်။ ကိုယ့်အလုပ်အပေါ် တာဝန်ကျေကျနှင့် တာဝန်ခံတတ်တဲ့စိတ်တော့ ရှိဖို့လိုအပ်ပါတယ်။

သင့်ရဲ့အချိန်ကိုသာ သင် ပိုင်ခြင်း

ဝန်ထမ်း စီးပွားရေး

သင့်ရဲ့လုပ်ငန်းကို သင် ပိုင်သလို သင့်ရဲ့အချိန်ကိုလည်း သင် ပိုင်ပါတယ်။ သင်သာ သူများကို အလုပ်ထုတ်တာတို့ အလုပ်ဖြုတ်တာတို့ လုပ်ချင်လုပ်နိုင်ပေမယ့် သင့်ကိုတော့ အလုပ်ဖြုတ်မယ့်သူ မရှိပါဘူး။ သင် နားချင်တဲ့အချိန် နားပြီး သင် အလုပ်လုပ်ချင်တဲ့အချိန် အလုပ်လုပ်လို့ ရပါတယ်။ ဒီအချက်ကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ယခု လက်ရှိလုပ်ကိုင်နေရတဲ့ ဝန်ထမ်း ဘဝကို စိတ်ကြိုက်နေပြီဆိုရင်တော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုကို အခုပဲ စတင်နိုင်ပါတယ်။ သင့်လုပ်ငန်းကို သင် ပိုင်တဲ့အတွက်ကြောင့် လွတ်လပ်မှု အပြည့်အဝရပြီး သင် အလုပ်လုပ်ချင်တဲ့ အချိန်မှာ အလုပ်လုပ်ပြီး နားချင်တဲ့အချိန်မှာ အနားယူနိုင်ပါတယ်။ ဘယ်သူ့ကမှ သင့်ကို အပြစ်လာပြောမှာမဟုတ်ပါဘူး။

ဝင်ငွေများများ ပိုရခြင်း

ဝန်ထမ်း စီးပွားရေး

Photo: Thesgem

သင်သည် ဝန်ထမ်းဘဝနဲ့ အလုပ်လုပ်ကိုင်ရတဲ့အခါ လတိုင်း လတိုင်းမှာ တူညီတဲ့ ငွေအမောင့်ဖြင့်သာ လစာရနေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ အလုပ်လုပ်သလောက် ပိုက်ဆံများများ ပိုဝင်ချင်တယ်၊ ဝင်ငွေများများ ပိုရချင်တယ် ကိုယ့်ရဲ့လူနေမှုအဆင့်အတန်းကို ပိုမြင့်ချင်တယ်ဆိုရင်တော့ ဝန်ထမ်း ဘဝထက် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်ဖို့ အကြံပေးချင်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တယ်ဆိုရာမှာလည်း သင့်ရဲ့ရင်းနှီးမြှုပ်နှံလိုက်တဲ့ ပိုက်ဆံနှင့် အမြတ်တွေသည် များများ ကျန်ခဲ့ဖို့လိုအပ်ပါတယ်။ တစ်လ တစ်လ ပေးဆောင်ရမယ့် ဘေလ်ဖိုး၊ အခွန်အခတွေ စတဲ့ ပိုက်ဆံတွေအားလုံးကို ခြုံငုံမိပြီး သင် ကျန်ခဲ့မယ့် ပိုက်ဆံကလည်း အမြတ်များများရဖို့လိုအပ်ပါတယ်။

လုပ်ငန်းတစ်ခု ထူထောင်ခြင်းသည် ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပြီး အချိန်တွေလည်း အများကြီး ယူရပါတယ်။ ဒါ့ကြောင့် ကိုယ့်ဆီမှာ လုံလောက်တဲ့ ပိုက်ဆံမရှိသေးဘူးဆိုရင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်မှာ ခြစ်ခြစ်ကုတ်ကုတ်ဖြင့် စုဆောင်းထားသင့်ပါတယ်။

ဝန်ထမ်း တွေထက်စာရင် ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသူများသည် ပိုပြီး ပျော်ရွှင်ရပြီး ကျန်းမာရေးနှင့် ပိုညီညွှတ်ခြင်း

ဝန်ထမ်း စီးပွားရေး

ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူများနှင့် ၉ နာရီကနေ ၅ နာရီအထိ အလုပ်လုပ်နေကြသူများအကြား ပျော်ရွှင်မှု ပမာဏကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ကိုယ်ပိုင်စီးပွားရေး ပြုလုပ်နေသူများက ပိုမိုပျော်ရွှင်ရပြီး ကျန်းမာရေး ပိုကောင်းတာကို လော့လာချက်များအရ သိရှိရပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ပိုင်အလုပ်လုပ်သူများသည် အလုပ်နှင့် ကိုယ်ပိုင်ဘဝသည် မျှခြေရှိပြီး စိတ်ဖိစီးမှုလည်း ကင်းဝေးကာ ပိုမိုကျန်းမာကာ ပျော်ရွှင်နေရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုက်ဆံများများဝင်ပြီး ပိုမိုကျန်းမာ ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်သင့်ပါတယ်။

စိတ်အား ပိုမိုထက်သန်ခြင်း

man motivated

ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်ကိုယ်ကျ ကွပ်ကဲတဲ့အခါ အောင်မြင်ခြင်းနဲ့လည်း ရင်ဆိုင်ရမှာဖြစ်သလို ရံဖန်ရံခါမှာလည်း အရှုံးနဲ့ ရင်ဆိုင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ သင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ တစ်စုံတစ်ခုကိုတော့ သင်ယူနိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရတဲ့အတွက်ကြောင့် ပိုမိုစိတ်အား ထက်သန်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ချက်ပိုရှိပါတယ်။

မိမိနေချင်တဲ့ Lifestyle အတိုင်း နေထိုင်နိုင်ခြင်း

man luxury lifestyle

ဒီအချက်ကြောင့်ပဲ စွန့်ဦးတီထွင်သူများက သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးကို တည်ထောင်ကြတာဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် လူနေမှုဘဝကို တည်ဆောက်နိုင်ပြီး ကိုယ့်ရဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း ကိုယ်တိုင် ကိုယ်ကျ ရေးဆွဲနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ရုံးအဆောက်အဦး တစ်ခုတည်းမှာပဲ လုပ်စရာမလိုဘဲ ကိုယ် ကြိုက်နှစ်သက်တဲ့ ဘယ်နေရာမှာမဆို အလုပ်လုပ်နိုင်ပါတယ်။ စိတ်ကျဉ်းကြပ်စရာကောင်းတဲ့ ရုံးအဝတ်တွေကို စိတ်အညစ်ခံပြီး ဝတ်စရာမလိုဘဲ ကိုယ် ကြိုက်နှစ်သက်တဲ့ အဝတ်အစားဖြင့် စိတ်လွတ်လက်လွတ် အလုပ်လုပ်နိုင်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းပြချက်များကို ဖတ်ပြီးတဲ့နောက်မှာ ကွီးတို့ရော ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ဖို့ စိတ်ကူးများ ပေါ်ပေါက်လာနေပြီလား။

Source: Entrepreneurshipinabox

Featured Image: Neilpatel