ဝိုင် သောက်ရတာ နှစ်သက်တဲ့ ကွီးတို့သည် လှပသော စပျစ်ဝိုင်စိုက်ခင်းတွေ ကိုယ်တိုင်သွားရောက်လည်ပတ်ရတာကိုလည်း နှစ်သက်ကြမှာပါ။ စပျစ်စိုက်ခင်းတွေဆီ သွားရောက်လည်ပတ်ရင်း ဝိုင်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်နိုင်ပါသေးတယ်။

ဝိုင် ချစ်သူများအတွက် ကမ္ဘာပေါ်တွင် လှပသော စပျစ်စိုက်ခင်းတွေသည် အများအပြားရှိပါတယ်။ ခရီးသွားဖြစ်တဲ့အခါ ထိုနေရာများဆီသို့ သွားရောက်လည်ပတ်ကာ ခရီးထွက်နိုင်ဖို့ရန်အတွက် အခုပဲ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

အီတလီနိုင်ငံရှိ Tuscany

အီတလီနိုင်ငံရှိ Tuscany

Photo: Decanter.com

အီတလီနိုင်ငံရှိ Tuscany ဒေသသည် Wine Tour ပြုလုပ်လို့အကောင်းဆုံး နေရာဒေသတစ်ခုဖြစ်ပါတယ်။ လှပသော တောင်တန်းကြီးများကို နောက်ခံကာ စိုက်ပျိုးထားတဲ့ စပျစ်စိုက်ခင်းများသည် ဓာတ်ပုံရိုက်လို့အကောင်းဆုံး နေရာတွေပဲဖြစ်ပါတော့တယ်။

Sonoma

sonoma

Photo: Sonoma Magazine

ဒီမြို့လေးကတော့ ကယ်လီဖိုးနီးယားနိုင်ငံရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးသည်လည်း Sonoma တောင်တန်းများနှင့် စပျစ်ဝိုင်စိုက်ခင်းများကြောင့် နာမည်ကြီးပါတယ်။ ကွီးတို့အနေနဲ့ ကယ်လီဖိုးနီးယားနိုင်ငံသို့ သွားလည်ဖြစ်တဲ့အခါ Sonoma ရဲ့စပျစ်စိုက်ခင်းတွေဘက်လည်း ခရီးဆက်သင့်ပါတယ်။

Bordeaux

ဝိုင် လှပသော

Photo: Wine – LoveToKnow

Bordeaux ကနေ ထုတ်လုပ်တဲ့ ဝိုင်တွေကတော့ များသောအားဖြင့် ဝိုင်နီတွေများပါတယ်။ ပြင်သစ်နိုင်ငံရှိ မြို့တစ်မြို့ဖြစ်ပြီး ဝိုင် အကြောင်း တစေ့တစောင်း သိချင်တယ်ဆိုရင် သွားသင့်တဲ့ လှပသော နေရာတစ်ခုပဲဖြစ်ပါတယ်။

Napa Valley

ဝိုင် လှပသော

Photo: Tasting Table

ဒီနေရာသည်လည်း ကယ်လီဖိုးနီးယားနိုင်ငံတွင်း တည်ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး သူ့ရဲ့စပျစ်စိုက်ခင်းများကြောင့်လည်း လာရောက်လည်ပတ်သူတွေ အများအပြားရှိပါတယ်။ ထိုမြို့ငယ်လေးထဲမှာ အမိုက်စား စားသောက်ဆိုင်များ၊ ဟိုတယ်များလည်း တည်ရှိတာကြောင့် တည်းခိုဖို့နဲ့ စားသောက်ဖို့ကလည်း အဆင်ပြေပါတယ်။ ဒီနေရာကို သွားရောက်ဖြစ်မယ်ဆိုရင်တော့ စပါကလင်ဝိုင်ကောင်းကောင်းတွေကို မြည်းစမ်းကြည့်နိုင်ပါလိမ့်မယ်။

Loire Valley

ဝိုင် လှပသော

Photo: Viator

ပြင်သစ်နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး အကောင်းစား ဝိုင်တွေကို ပြုလုပ်လျက်ရှိတဲ့ လှပသော နေရာတစ်ခုဖြစ်ပါတယ်။ ရာသီဥတုကလည်း သာယာတဲ့အတွက်ကြောင့် ခရီးထွက်လို့လည်းကောင်းပြီး စပျစ်စိုက်ခင်းများရဲ့ လှပတဲ့တောတောင်သဘာဝအလှကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်ပါသေးတယ်။

ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာလည်း လှပသော စပျစ်စိုက်ခင်းအချို့ တည်ရှိပါတယ်။ ကွီးတို့အနေနဲ့ နိုင်ငံတွင်းထဲမှာ လည်ပတ်ရတာ ငြီးငွေ့နေတဲ့အခါ အခုဖော်ပြသွားတဲ့နေရာများဆီသို့ သွားရောက်လည်ပတ်နိုင်ပါသေးတယ်။

Source: Travel

Featured Image: Texastravel365